စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အမျိုးစောင့်ဥပဒေစာအုပ် ထွက်ပါပြီ”

                             




“အမျိုးစောင့်ဥပဒေစာအုပ် ထွက်ပါပြီ”
=========================
အရှင်ဝီရသူ(မစိုးရိမ်)ရေးသားတဲ့ အမျိုးစောင့်ဥပဒေစာအုပ်ထွက်ပါပြီ။
အမျိုးစောင့်ဥပဒေနှင့် ပတ်သက်တဲ့ ထောက်ခံအဆိုအမိန့်များကိုလည်း ပူးတွဲတင်ပြထားပါတယ်။
ပန်းဒကာ ကိုတင်မြင့်၊
ဒေါ်ခင်ဝိုင်းကြည်၊
ဒေါက်တာညိုညိုသင်း၊
ဒေါ်ယဉ်ယဉ်နု(မန္တလေး)တို့ရဲ့ အမြင်ကို အမြည်းအနေနဲ့ တင်ပြပေးလိုက်ပါတယ်။
မန်း မဘသရုံး=09. 259 846 969
ကိုမြင့်ဇော်(ရန်ကုန်)=09.421071774
ဆယ်သွယ်မှာယူနိုင်ပါတယ်။
==========================================================

ပန်းဒကာကိုတင်မြင့်
^^^^^^^^^^^^^^^^^^^^^
ခြံမရှိတဲ့အခင်းလိုဖြစ်နေတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရနေကြတာပေါ့။ ခြံရှိနေပြီဆိုရင်တော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရနိုင်တဲ့အတွက်ကြောင့် အကာအကွယ်ရှိတာ အလွန်တရာ ကောင်းပါတယ်။ ဘုရားရှင်သက်တော်ထင်ရှားရှိနေတာတောင်မှ အားမနာ လျှာမကျိုး၊ ပြောမရ ဆိုမရတဲ့ သူတွေကြောင့် ပါလိလေယျက တောထဲထွက်သွားရတာမျိုး ရှိခဲ့တာပါပဲ။ ကိလေသာအထူးအပါးအရ သဘောတူတာ မတူတာတွေကတော့ ရှိနေကြမှာပါပဲ။

ဒေါ်ခင်ဝိုင်းကြည်(NDF ပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မည်သည့်ဘာသာ သာသနာကိုမှ ထိပါးပုတ်ခတ်ခြင်းမရှိသော အမျိုးစောင့်ဥပဒေ ၂၀၁၅ ခုနှစ်အတွင်း ပီပြင်စွာ ပေါ်ထွက်လာစေရန်အတွက် အရိပ်နေ အခက်ချိုးလိုသူများ မည်မျှပင် ဆန့်ကျင်ကန့်ကွက်နေပါစေ အမျိုး ဘာသာ သာသနာအကျိုးကို ရှေးရှုပြီး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချထားပြီးသားပါ။

လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုသင်း(ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
တစ်လင်တစ်မယားစနစ်က အကောင်းဆုံးပါပဲ။ မိန်းမလေးယောက်လောက် တရားဝင်ယူခွင့်ပေးထားတဲ့ နိုင်ငံတွေက ဘုရင်တွေကတောင် စနစ်မြောင်းပြီး ဒီလို တစ်လင်တစ်မယားစနစ်ကျင့်သုံးလာကြပြီ။ ဒီဥပဒေကြောင့် ကွယ်ရာမှာခြေရှုပ်တဲ့ကိစ္စတွေ ပိုဖြစ်လာနိုင်တယ်ဆိုတာကတော့ လက်ခံနိုင်ဖို့ခက်တယ်။ ခြေရှုပ်တတ်တဲ့သူကတော့ ဥပဒေရှိရှိ မရှိရှိ ရှုပ်မှာပဲ။

 ဒေါ်ယဉ်ယဉ်နု(မန္တလေး)
^^^^^^^^^^^^^^^^^^^^^^^
ဘာသာခြားနှင့် လက်ထပ်သော ဗုဒ္ဓဘာသာဝင်မိန်းကလေးများအတွက် မိမိအခွင့်အရေးများမဆုံးရှုံးရတော့ပါ။ တစ်လင်တစ်မယားစနစ်ကြောင့် အမျိုးသမီးများ စိတ်ချမ်းသာကြရတော့မယ်။
==========================================================
နိဒါန်း
^^^^^^^^^^^
အမျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ပရိသတ်မှာ ယုံကြည်ချက်နှစ်မျိုးရှိပါတယ်။ စောင့်လေမျိုးနွယ် ဘုရားဟော တရားကို ယုံကြည်လို့ ထောက်ခံကြတာက ပထမအချက်ပါ။ သီတဂူဆရာတော်တို့၊ အင်းစိန်ရွာမဆရာတော်၊ ရွှေရတုတိပိဋကဆရာတော်တို့ အမှူးပြုသော သံဃာတော်များ ဦးဆောင်မှုကို ယုံကြည်လို့ ထောက်ခံတာက ဒုတိယအချက်ပါ။

ဒီစာအုပ်လေးကို ဖတ်လိုက်ရင် အမျိုးစောင့်ဥပဒေအကြောင်း ဂဃနဏ သိသွားမှာပါ။
အမျိုးစောင့်ဥပဒေအဓိပ္ပာယ်၊ အမျိုးစောင့်ဥပဒေလိုအပ်ရခြင်းအကြောင်း၊ အမျိုးစောင့်ဥပဒေရဲ့ အကျိုးကျေးဇူး တွေကို သာဓကထိုးပြီး တင်ပြထားပါတယ်။
ပထမပိုင်း၌ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းပြထားပြီး ဒုတိယပိုင်း၌ သတင်းစာပါ ဥပဒေမူကြမ်းလေးရပ်ကို ကူးယူတင်ပြထားပါတယ်။

တတိယပိုင်း၌ 7 Day Daily နေ့စဉ်သတင်းစာပါ နယ်ပယ်အသီးသီးရဲ့ သဘောထားအမြင်များကို ပြန်လည် ဆွေးနွေးတင်ပြထားပါတယ်။အမျိုးစောင့်ဥပဒေမူကြမ်းလေးခုကို သေချာကျနအောင် လေ့လာပြီးမှ ဝေဖန်သုံးသပ်ကြစေလိုပါတယ်။ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးတဲ့ နိုင်ငံရေးစနစ်ပါ။ အဖျက်သဘောနဲ့ ဆန့်ကျင်ကန့်ကွက် နေကြမယ့်အစား ပြည်သူ့ဆန္ဒက ဘယ်လိုရှိတယ်။ပြည်သူ့လိုအပ်ချက်က ဘယ်လောက်ကြီးတယ်။
ပြည်သူ့အခက်အခဲက ဘာတွေဖြစ်တယ်ဆိုတာကို အရင်သိအောင် လုပ်ကြဖို့ လိုပါတယ်။
အဖျက်သဘောနဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုမယ့်အစား လူ့အခွင့်အရေးနှင့် မညီတာရှိရင် ညီအောင် ညှိပေးခြင်းစတဲ့ အပြုသဘောဆောင်ကာ စိတ်ကောင်း စေတနာကောင်း အရင်းခံထားပြီး အကောင်းဆုံး အပြည့်စုံဆုံးဖြစ်အောင် အကြံပြုစေလိုပါတယ်။
အမျိုးစောင့်ဥပဒေဆိုတာ မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံး၊ ဗုဒ္ဓသာသနာတော်တစ်ရပ်လုံးအတွက် မရှိမဖြစ် လိုအပ်နေသော အမျိုးသားလုံခြုံရေး ဥပဒေတော်ကြီးတစ်ရပ်ဖြစ်နေလို့ပါပဲ။
ဝီရသူ(မစိုးရိမ်)
17.12.2014
PM 12:38
==========================================================
အမျိုးစောင့်ဥပဒေဆိုသည်မှာ
^^^^^^^^^^^^^^^^^^^^^^^^^^^^
အမျိုးစောင့်ဥပဒေဟူသည် လုံခြုံရေးဥပဒေပင်ဖြစ်သည်။ တစ်မျိုးသားလုံး လုံခြုံရေး၊ တစ်သာသနာလုံး လုံခြုံရေး၊ တစ်နိုင်ငံလုံးလုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်နေသော ဥပဒေကြီးတစ်ရပ်ဖြစ်သည်။
ရုတ်တရက်ကြည့်လျှင် ဗုဒ္ဓဘာသာလုံးခြုံရေး၊ ဗမာလူမျိုးလုံခြုံရေးတစ်ခုတည်းအတွက်သာ ဖြစ်သည်ဟု ထင်မှတ်စရာရှိသည်။ အမှန်အားဖြင့် ဘာသာမျိုးစုံ လူမျိုးပေါင်းစုံ လုံခြုံရေးပင်ဖြစ်သည်။
အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာလျှင် ဘာသာအားလုံး၊ လူမျိုးအားလုံး၊ အမျိုးစောင့်ဥပဒေ၏ အကာအကွယ်ရရှိကြမည်ဖြစ်သည်။ လူမျိုးကြီး၊ ဘာသာကြီးက၊ လူမျိုးငယ်၊ ဘာသာငယ်များကို အနိုင်ကျင့်၍ မရနိုင်သလို၊ လူမျိုးငယ်၊ ဘာသာငယ်တစ်ခုခုကလည်း၊ လူမျိုးကြီး ဘာသာကြီးကို ပြစ်မှားစော်ကား၍ မရနိုင်တော့ပေ။ ဘာသာလူမျိုး အားလုံး သူ့စည်းနှင့် သူ ကိုယ်စည်းနှင့်ကိုယ် ထိန်းသိမ်းစောင့်စည်း နေထိုင်နိုင်ရေးကို ရှေးရှုရေးဆွဲထားသော ဥပဒေဖြစ်သည်။

https://www.facebook.com/permalink.php?story_fbid=837664162959004&id=

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...