စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းများ စားပါက အသက်ပိုရှည်နိုင်


ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသနပြုချက်အရ သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းများစားသုံးသူတစ်ဦးအနေဖြင့် သေဆုံးနိုင်မှု အန္တရာယ် ၁၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်းသိရသည်။

ယင်းကဲ့သို့ သဘာဝ ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကို  စားသူများမှာ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်များ နည်းပါးသွားပြီး ဂျုံစေ့မှ ထွက်သော ဖွဲနုကဲ့သို့ အစားအစာမျိုးကို စားပေးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်နိုင်သည့်အန္တရာယ်များကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

ပြင်းထန်သော ရောဂါကြီးများကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီသော အစားအစာများအနက် တစ်ခုမှာ သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း တို့ပင်ဖြစ်သည်ဟု မကြာသေးမီက ဖော်ပြခဲ့သော အစားအသောက် ဆိုင်ရာ လမ်းညွှန်မှုတစ်ရပ်နှင့် ယခုလေ့လာမှုရလဒ် တူညီသည်ဟု ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်း အာဟာရဌာန လက်ထောက်ပါမောက္ခ ကျီဆန်းက ပြောသည်။

ယခုလေ့လာမှုကို ၁၉၈၀ နှစ်လယ်မှ ၂၀၁၀ ပြည့်နှစ်အထိ အမျိုးသမီးပေါင်း ၇၄,၀၀၀ နှင့် အမျိုးသား ၄၃,၀၀၀ တို့ကို လေ့လာခဲ့သော အခြားလေ့လာမှုများမှ အချက်အလက်များကို ပြန်၍ လေ့လာ ထားခြင်းဖြစ်သည်။

ပြန်လည်သန့်စင်ထားသည့် ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့အစား သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကို အစားထိုးစားသောက်ပြီး အနီရောင်ရှိသော အသားများစားခြင်းကို ရှောင်လိုက်ပါက ကျန်းမာရေးကောင်းကျိုးများစွာ ရှိကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
သို့သော် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ စားခြင်းနှင့် ကင်ဆာ ရောဂါဖြစ်နိုင်သည့်အန္တရာယ်ကြား အပြန်အလှန်ဆက်နွှယ်မှု မရှိ ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
ယခုလေ့လာမှုကို JAMA အင်တာနက် ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
            —Ref: UPI

http://7daydaily.com/story/29280#.VLp-WHvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...