စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ


ပြီးခဲ့တဲ့ လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ 


အမြင့်ကို ပျံတက်တာမှာ တမိနစ်ကို ပေ ၆ ထောင်နှုန်းနဲ့ အရှိန်ပြင်းပြင်း တက်ခဲ့လို့ စက်ချို့ယွင်းပျက်စီး ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပိုဆောင်ရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

အင်ဒိုနီးရှားကလာတဲ့ သတင်းတွေနဲ့ ဘီဘီစီသတင်းမှာ အဲအေးရှားလေယာဉ်ဟာ မုန်တိုင်းနား ရောက်သွား ခဲ့ပြီး ပြဿနာ တက်ခဲ့ပုံရကာ အခုလို မထင်မှတ်တဲ့ ပြဿနာ ဖြစ်ခဲ့တာလို့လည်း ယူဆတဲ့အကြောင်း ဖော်ပြ ထားပါသေးတယ်။ 

မကြာသေးမီက ပျက်ကျအဲအေးရှား လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်စက် Black Box နဲ့ လေယာဉ်မှူး အခန်းက အသံဖမ်း ကိရိယာတွေကို အောင်မြင်စွာ ဆယ်ယူရရှိအပြီး လူသိရှင်ကြား ထုတ်ပြောလာခဲ့ တာပါ။ 

 Black Box နဲ့ လေယာဉ်မှူး အခန်းက Voice recorder ကို အောင်မြင်စွာ ဆယ်ယူ ရရှိပြီး လေယာဉ် ကိုယ်ထည်ပိုင်းတွေ အပါအဝင် လေယာဉ်ရဲ့ အစိပ်အပိုင်းတွေ ဆက်တိုက် ဆယ်ယူရရှိခဲ့ကြတာပါ။

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ အလောင်းတွေကိုလည်း တော်တော် များများကို ဆယ်ယူရခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိ ခရီးသည်တွေရဲ့ အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါလို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။

အိမ့်သံစဉ် ~ 

ကိုးကား။   ။ AirAsia flight QZ8501 'climbed too fast'

 http://blog.irrawaddy.org/2015/01/blog-post_21.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...