စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝဖြိုးသူများအတွက်သာဆိုတဲ့ ဖက်ရှင်

ဓာတ်ပုံများ - Daily Mail Website



 အကျီတွေကိုကိုယ်တိုင် ဒီဇိုင်းဆွဲချုပ်လုပ် ရောင်းချနေသူဒီဇိုင်နာအမျိုးသမီးတစ်ဦးက သူရောင်းချနေတဲ့ အကျီ တွေဟာ အရွယ်အစားအမျိုးမျိုးရှိသော်လည်း လူဖြူမဟုတ်ပေမယ့် ခန္ဓာကိုယ် အရွယ်အစားကြီးမားတဲ့ အမျိုးသမီးတွေကိုသာ ကြော်ငြာများမှာ သီးသန့်အသုံးပြုထားကြောင်းသူမရဲ့ စည်းရုံးလှုံဆော်ရေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ ကြော်ငြာများအတွက် “သေးသွယ်ပိန်လျသောအလှမယ်များအား လုံးဝခွင့်မပြုပါ” လို့ဆိုလိုက်ခြင်းပါ။

လူတစ်ဦးရဲ့ အလှအပ၊ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး လွဲမှားစွာရှုမြင်နေကြတဲ့ ဖက်ရှင်လောကတစ်ခုလုံးကို အ၀တ်အစားဒီဇိုင်းအမျိုးမျိုးတီထွင်ရောင်းချနေတဲ့ ဖက်ရှင်အမှတ်တံဆိပ်အသစ်တစ်ခုက ခန္ဓာကိုယ် အရွယ်အစားကြီးမားသော လူမည်းအမျိုးသမီးဖက်ရှင်မော်ဒယ်တွေကို ကြော်ငြာမှာ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် စိန်ခေါ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့တာပါ။ အဲ့ဒီ ဖက်ရှင်အမှတ်တံဆိပ်အသစ်မှာ အ၀တ်အထည်တွေကို အသေးဆုံးဆိုဒ်ကနေ အကြီးဆုံးဆိုဒ်အထိ ဆိုဒ်မျိုးစုံအား ထုတ်လုပ် ရောင်းချပေးလျက်ရှိပါတယ်။





 



Rum+Coke လို့ အမည်ရတဲ့ အမှတ်တံဆိပ်တစ်ခုမှာ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့နေ ဒီဇိုင်နာ ကော့စနေစမစ်သ် တီထွင်ဖန်တီးထားသော အ၀တ်အထည်များရဲ့ အမှတ်တံဆိပ်ဖြစ်ပြီး “အမျိုးသမီးဖြစ်ရုံတင် လုံလောက်နေပါပြီ။ ဘယ်ခန္ဓာကိုယ်အချိုးစားနဲ့ ဖြစ်ဖြစ် အမျိုးသမီးတိုင်းလှပကြတယ်”ဟူသောဆောင်ပုဒ်နဲ့ ပြီးခဲ့တဲ့နှစ်က စတင်ထွက်ပေါ်လာတဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

“ သေးသွယ်ပိန်ပါးတဲ့ အမျိုးသမီးတွေကိုသာကြော်ငြာမှာဘာဖြစ်လို့ ထည့်သွင်းအသုံးပြုနေကြရတာလဲဆိုတဲ့ မေးခွန်းကိုဘယ်သူမှ မမေးခဲ့ဖူးဘူး။ ကျွန်မကတော့ ခန္ဓာကိုယ်အချိုးအစားကြီးတဲ့ လူမည်းအမျိုးသမီးတွေကို ကျွန်မရဲ့ အ၀တ်အထည် ကြော်ငြာမော်ဒယ်အဖြစ်အသုံးပြုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးအတော်များများဟာ သူတို့နဲ့ အလားသဏ္ဍာန်တူတဲ့ မော်ဒယ်တွေကိုကြော်ငြာမှာ မတွေ့ရကြဘူးလေ။” လို့ မစ္စစမစ်သ်ကအလှအပရေးရာသတင်းမီဒီယာတစ်ခုဖြစ်တဲ့  Refinery 29 ကို  ပြောဆိုခဲ့ပါတယ်။ အာဖရိက အမျိုးသမီးတွေအကြောင်းကို အထူးပြုဘာသာရပ်ဖြင့် မက်ဆာချူးဆက်နယ်၊ ၀ီလီယမ် ကောလိပ်ကနေ ဘွဲ့ရရှိခဲ့တဲ့ သူမဟာ “အမယ်စုံလှတဲ့ အလှအပ”တွေအပေါ်မှာ ယုံကြည် သက်ဝင် တန်ဖိုးထားသူလည်း ဖြစ်ပါတယ်။
သူမဖန်တီးထားတဲ့ ခန္ဓာအကိုယ်အလှကိုဖော်ပြသော ၀တ်စုံတွေရဲ့တန်ဖိုးတွေကတော့ ၄၈ ဒေါ်လာ ကနေ ဒေါ်လာ၂၀၀ အထိ ရှိပြီး ရောင်းအားအကောင်းဆုံး ၀တ်စုံတွေကတော့ သူမကိုယ်တိုင်လည်း မကြာခဏ ၀တ်ဆင်လေ့ရှိတဲ့ စီးကွင့်စ်များထိုးပြီးချောမွေ့ပြောင်လက်နေတဲ့ ၀တ်စုံတွေပါပဲ။ 

 




 “ နင်ဟာသေးသွယ်ပေါ့ပါးမှုမရှိသူ၊ ငယ်ရွက်ဖျက်လတ်မှုမရှိသူအစရှိတဲ့ အနုတ်သဘောဆောင်တဲ့ ဖက်ရှင်လောကက ပြောလာတဲ့ မှတ်ချက်တွေကို ကျွန်မအများကြီးရရှိခဲ့ပါတယ်။” လို့လည်း သူမကမှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ တီထွင်ထားတဲ့ လက်ရာတွေကတော့ တကယ့်အပြင်လောကမှာရှိနေတဲ့ အမျိုးသမီးတွေကို အခြေခံပြီး ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမတီထွင်ထားတဲ့ အ၀တ်အထည်များရဲ့ အမှတ်တံဆိပ် Rum+Coke တံဆိပ်ဟာ သိမ်ငယ်မှုမရှိဘဲ အမြဲယုံကြည်မှုရှိနေတဲ့ အမျိုးသမီးများအတွက်ပဲ ဖြစ်ပါတယ်။

သူမကတော့ သူမရဲ့ ဖောက်သည်ပရိတ်သတ်တွေနဲ့ လူမှုရေးစာမျက်နှာတစ်ခုဖြစ်တဲ့ Instragram မှာ အမြဲတစေထိတွေ့နေတဲ့သူဖြစ်ပြီး သူ့အား တခဲနက်အားပေးနေတဲ့သူ (၇၀၀၀)ကျော်ကိုလည်း သူမတီထွင်ထားတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြသခြင်းအားဖြင့် ခန္ဓာအကိုယ် အရွယ်အစားကြီးမားပေမယ့် ယုံကြည်မှုရှိရှိနဲ့ အခုလို ၀တ်စားဆင်ယင်တတ်ဖို့ကို စိန်ခေါ်လေ့ရှိပါတယ်။




 




“ကျွန်မကတော့ အမျိုးသမီးတိုင်းဟာ ၀တ်စားဆင်ယင်မှုကို ပြုလိုက်တိုင်းမိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီးလှပသွားတယ်လို့ခံစားရမယ်ဆိုတာကို ယုံကြည်တယ်”လို့လည်း ဆိုထားပါသေးတယ်။

ကဲ.. ဒီ စိန်ခေါ်မှုတရပ်ကတော့ ၀ဖြိုးသူတွေရဲ့ ဖက်ရှင်လောကအတွက် စိတ်အားတက်ဖွယ်ရာ အလားအလာ ကောင်းတခုလို့ ဆိုရင်မှားမယ်မထင်ပါဘူး။



လုဒိ


ကိုးကားသတင်းလင့်ခ်။  ။ http://www.dailymail.co.uk/femail/article-2893588/No-skinny-models-allowed-Meet-fashion-designer-sells-clothes-size-uses-larger-women-color-campaigns.html#ixzz3Ne8aLTEo

http://blog.irrawaddy.org/2015/01/blog-post_3.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...