စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒစ်ဂျစ်တယ် မျိုးဆက်

နှင်းကျသည့် နံနက်ခင်းမျိုးတွင် ကျောင်း သားများနှင့် မိဘများ အိပ်ရာက ထသည်နှင့် အပြေးအလွှားကွန်ပျူ တာဖွင့်၊ ရေဒီယို၊ တီဗီဖွင့်ပြီး နားထောင်ကြရ တော့သည်။ အကြောင်းမှာ ဒီနေ့ကျောင်းဖွင့် သလားဆိုသည်ကို သိရန်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ၁၂ တန်းအထိ ကျောင်းသားအများစုသည် အစိုးရကျောင်း များတွင် တက်ရောက် ပညာသင်ကြားကြသည်။ ကျောင်းသို့ ကျောင်းဘတ်စ်ကားဖြင့် သွားသူ ကလည်း အများစုဖြစ်သည်။ မြို့နယ်တိုင်းတွင် ကျောင်းဖွင့်ချိန်၊ ပိတ်ချိန်တူ ကြသဖြင့် ရာသီဥတုဆိုးရွား၍ ကျောင်းပိတ်မည်ဆိုလျှင် မြို့နယ်တစ်ခုလုံးရှိ ကျောင်းများပိတ်ရသည်။

နောက်တစ်နေ့ နှင်းကျမည်ဟုဆိုလျှင် မည်မျှ အထိ ပြင်းထန်မည်ဆိုသည့် နောက်ဆုံး မိုးလေ ၀သခန့်မှန်းချက်ကို စောင့်ကြရသည်။ ထို့နောက် တွင်မှ ကျောင်းကားဝင်၍ မရအောင် နှင်းများ၊ရေခဲများပိတ်နေသည့် လမ်းများ၊ ရပ်ကွက်များရှိ သလား စသည့် လမ်းခရီးလုံခြုံရေးအခြေအနေများပေါ်အခြေခံပြီး ကျောင်းပိတ်မည်၊ ဖွင့်မည်(သို့မဟုတ်) ကျောင်းတက်ချိန် ၂ နာရီ နောက်သို့ရွှေ့မည် စသည်ဖြင့် ကျောင်းကော်မတီက ဆုံး ဖြတ်ကြေညာသည်။
အဆိုပါ ကြေညာချက်ကို ရေဒီယို၊ ရုပ်သံများ တွင် ဖော်ပြပေးသဖြင့် ရာသီဥတုဆိုးရွားချိန်တွင် ဖွင့်သော၊ ပိတ်သော၊ တစ်နာရီနောက်ကျဖွင့် သော၊ ၂ နာရီ နောက်ကျဖွင့်သော ကျောင်း စာရင်းကို ကျောင်းသားများနှင့် ကျောင်းသား မိဘများက စောင့်ကြည့်ရသည်။ တစ်ခါတစ်ရံ ညမကူးမီ သိရသော်လည်း တစ်ခါတစ်ရံ နံနက်မှပင် ဆုံးဖြတ်ချက်ကျသည်။

မည်သို့ပင်ဖြစ်စေ ကြေညာချက်များက ကျောင်းသားများ အိပ်ရာထချိန်၊ ကျောင်းကားကြို ရာ လမ်းထောင့်များသို့ မထွက်ခွာမီအချိန်တွင် ကျောင်းအင်တာနက် စာမျက်နှာများ၊ ရေဒီယို သတင်းများ၊ တီဗီသတင်းများတွင် ဖော်ပြနေ ကြသဖြင့် ယခုအချိန်အထိတော့ အဆင်ပြေခဲ့ကြ သည်။ သို့သော် ၂၀၁၅ ခုနှစ်အတွက် ၀ါရှင် တန်ဒီစီမြို့တော်၏ ပထဆုံးနှင်းက ယင်းစံချိန်ကို ချိုးလိုက်လေပြီ။

ဒီစီနှင့်အတူ ၎င်းနှင့်ဆက်လျက်ရှိသည့် မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်ပေါင်းဆုံရာ ဒီစီမေထရိုဒေသတစ်ဝိုက်တွင် ဇန်န၀ါရီ ၆ ရက် အင်္ဂါနေ့နံနက်က နှင်းကျမည်ဟု ကြေညာထား သော်လည်း များလိမ့်မည်မဟုတ်ဟု ဟော ကိန်းထုတ်ခဲ့သည်။ ကျောင်းများကလည်း ပိတ်မည်ဟု မကြေညာခဲ့။ နံနက်ရောက်ချိန် တွင် မြို့နယ်အချို့ရှိ ကျောင်းများက ၂ နာရီ နောက်ကျဖွင့်မည်ဟုသာ ကြေညာထားသည်။

ကလေးမိဘများက ကျောင်းပိတ်သင့် ကြောင်း ဖုန်းဆက်ပြောဆိုမှုများရှိသော်လည်း
လမ်းခရီးအန္တရာယ် ကင်းသည်ဟု ကျောင်းကော်မတီက ယူဆပြီး ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ရာသီဥတုက ခန့်မှန်းသည်ထက် ပိုဆိုးလာသည်။ ကျောင်းတက် ချိန် နီးလာသည်နှင့်အမျှ ရာသီဥ တု ပြင်းထန်လာပြီး နှင်းထုက သုံး လက်မမှ ခြောက်လက်မအထိ ကျလာသဖြင့် ယာဉ်အသွားအ လာများလှသည့် ကားလမ်းမများ ပေါ်တွင် ယာဉ်တိုက်မှုသတင်း များ စတင်ကြားနေရပြီ ဖြစ်သည်

။ နောက်ဆုံးတွင် ကျောင်းများကို ပိတ်ရန် ကျောင်းကော်မတီက အ မြန်ဆုံးဖြတ်လိုက်ရ၏။ ဆုံးဖြတ် ချိန်နောက်ကျသဖြင့် ရေဒီယို၊ တီဗီ၊ အွန်လိုင်းတို့တွင် ကျောင်း ပိတ်သည့် သတင်းကအချိန်မီ တက်မလာပါ။ နောက်ဆုံးအခြေ အနေ အပြောင်းအလဲကို အစဉ် အလာအားဖြင့် အားထားရသည့် မီဒီယာများပင် ဆောင်ကြဉ်းမပေး နိုင်ကြ။ သို့သော်လည်း ကိစ္စတော့ မရှိပါ။

ဒစ်ဂျစ်တယ်မျိုးဆက် ကျောင်း သားအများစုက သတင်းဟောင်း ဖြင့် ကျောင်းသို့ရောက်လာခြင်း မရှိသောကြောင့် ဖြစ်သည်။
‘‘သား သူငယ်ချင်းက ကျောင်းရောက်နေပြီ။ သူ့အိမ်က လိုက်ပို့တာ။ ကျောင်းပိတ်တယ် တဲ့’’ဟု အထက်တန်းကျောင်း သား ဘရိုင်ယန်က ကျောင်းကား ဂိတ်သို့သွားရန် ပြင်နေချိန် ၀မ်း သာအားရပြောဆိုပြီး ကျန်သူငယ် ချင်းများကို ဆက်ကာဆက်ကာ သတင်းပို့နေသည်။

အမှန်ပင် ကျောင်းသို့ ကိုယ်ပိုင်ကားဖြင့်၊ ခြေလျင်ဖြင့် စော ရောက်သွားသော ကျောင်းသား တစ်ယောက်စ၊ နှစ်ယောက်စမျှ က ကျောင်းပိတ်သော သတင်း ကိုသိလိုက်သည်နှင့် တစ်ပြိုင်နက် နီးစပ်ရာ သူငယ်ချင်းများထံ ဖုန်းဖြင့် မက်ဆေ့ခ်ျပို့ကြသည်။ ၎င်းသူငယ်ချင်းများကလည်း နီး စပ်ရာသို့ အွန်လိုင်းမက်ဆေ့ခ်ျပို့ကြသဖြင့် မိနစ်ပိုင်းအတွင်းမှာပင် ကျောင်းသားမိဘများ မသိလိုက် ဘဲ မြို့နယ် ၂၀ ကျော်က ကလေးများအကြား နောက်ဆုံး သတင်းက ပျံ့နှံ့သွားသည်။ ‘‘ဟုတ်ရဲ့လား သားရယ်’’ဟုပင် မိဘများက စိတ်ပူပြီး ကျောင်းကို ဖုန်းဆက် မေးလိုက်သောအခါ အမှန်တ ကယ်ပင် ကျောင်းပိတ်ကြောင်း အတည်ပြုချက်ရကြတော့သည်။

ဖုန်းမက်ဆေ့ခ်ျများဖြင့် မျက် နှာအပ်နေသည့် ကလေးများကို အမြင်မကြည်လင်ကြသည့် မိဘ များက ဒီတစ်ကြိမ်တွင်တော့ ‘‘ကျေးဇူးကြီးပါပေ့ မက်ဆေ့ခ်ျ ရယ်’’ ဟု ဆိုဖြစ်တော့သည်။ ဒီဂျစ်တယ်မျိုးဆက်၏ လက်စွမ်း ကိုမြင်လိုက်ရသည့်

.http://7daydaily.com/story/28898

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...