စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၄ တွင် မြန်မာက ကမ္ဘာ့အလှူအတန်း အရက်ရောဆုံး နိုင်ငံဖြစ်



  မြန်မာ ဟာ ၂၀၁၄ ခုနှစ်မှာ အလှူအတန်း အရက်ရောဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း  ဖော်ပြခဲ့ဖူးပါတယ်။ ယခု Mashable.com တို့လို ကမ္ဘာကျော် ဝဘ်ဆိုဒ် တစ်ခုအနေနဲ့လည်း ဖော်ပြတာ တွေ့ရပြန်ပါတယ်။ ယင်းဟာ Charities Aid Foundation ရဲ့ World Giving Index 2014 ထုတ်ပြန်ချက်အရ ရရှိတဲ့ ရလဒ် ဖြစ်ပါတယ်။

  မြန်မာနဲ့ အမေရိကန်ဟာ ထိပ်တန်း နေရာကို အတူတူ ယူထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်စဉ်ရေတွက်ဖော်ပြမှုမှာတော့ မြန်မာကိုထိပ်ဆုံး တင်ပါတယ်။ အကြောင်းကတော့ မြန်မာ့ လူဦးရေရဲ့၉၁ ရာခိုင်နှုန်းဟာ ကိုယ်ကျိုးမပါ လုပ်အားပေး အလုပ် ပြုလုပ်ခြင်း၊ ၄၁ ရာခိုင်နှုန်းဟာ မရှိဆင်းရဲ များကို ပေးကမ်း လှူဒါန်းပြီး ၅၁ ရာခိုင်နှုန်းက ၎င်းတို့နဲ့ မသိကျွမ်းတဲ့ သူစိမ်းများကို ကူညီလို့ ဖြစ်ပါတယ်။ အမေရိကန် ဟာဆိုရင် ၆၈၊ ၇၉၊ ၄၄ အစရှိသဖြင့် ရာခိုင်နှုန်း ကိုယ်စီ ရှိပါတယ်။

  နောက်ဆက်တွဲမှာ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်တို့ ပါဝင်ပြီး ၁၀ နိုင်ငံစာရင်းထဲမှာ အာရှမှာ ဆိုရင် မလေးရှားနဲ့ သီရိလင်္ကာတို့ ပါဝင် နေသေးတာကိုပါ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ မြန်မာကတော့ ၂၀၁၃ ခုနှစ်အပြင် ယခင်နှစ်ပေါင်းများစွာ ကတည်းက ယနေ့တိုင် ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အချက်ဟာလည်း အဓိက အကြောင်းချက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။ အသေးစိတ်ကို http://goo.gl/jNT1H1 ထဲမှာ ဝင်ရောက် လေ့လာကြည့်နိုင် ပါတယ်။

ေ အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...