စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်လေးနှစ်အရွယ်မှာပြန်ပေးဆွဲခံရသောကလေးငယ် ၂၄နှစ်ကြာပြီးမှမိသားစု နဲ့ပြန်လည်ဆုံတွေ့ခဲ့ရ




လူတွေရဲ့နှလုံးသားကိုထိခိုက်စေတဲ့အဖြစ်အပျက်တစ်ခုသည်တရုတ်နိုင်ငံ“စီ့ချွမ်”ပြည်နယ်တွင်ဖြစ်ပွားခဲ့ပါသည်။အသက်၂၈နှစ် အရွယ်ဆွန်ပင်းသည်၁၉၉၁ခုနှစ်တွင်ပြန်ပေးဆွဲခံခဲ့ရပါသည်။

ပြန်ပေးဆွဲခံရစဉ်မှာသူ့အသက်သည်လေးနှစ်နဲ့၁၅ရက်ပဲရှိပါသေးတယ်။မိဘတွေသည်သူတို့ပျောက်ဆုံးသွားခဲ့တဲ့ကလေးငယ်
ကိုရှာဖွေဖို့အတွက်ခရီးတွေသွားခဲ့ရပါတယ်။ဒါပေမဲ့ပျောက်ဆုံး သွားတဲ့သားကိုတော့မရှာဖွေနိုင်ခဲ့ပါဘူး။

ဆွန်ပင်းသည်ဈေးထဲတွင်ပျောက်ဆုံးခဲ့တာဖြစ်ပြီ။သူ့ကို“ရွီ့ကျုံး”မြို့သို့ခေါ်သွားခဲ့ပါသည်။“ပြည်သူလုံခြုံရေးဌာန”မှ
သူ့ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါသည်။၂၄နှစ်ကြာပြီးတဲ့နောက်မှာတော့သူသည်သူ့မိဘအရင်းတွေနဲ့ပြန်လည်တွေ့ဆုံခဲ့ပါသည်။

သူ့တွင်ညီမလေးတစ်ဦးရှိပါသည်။သူ့ညီမလေးကိုတော့သူ့ပျာက်ဆုံး
သွားပြီးတဲ့နောက်မှမွေးဖွားခဲ့တာဖြစ်တဲ့အတွက်သူအတွက်တော့
မိသားစုဝင်အသစ်တစ်ဦးလိုပါပဲ။

ဖခင်ဖြစ်သူသည်သူသားနဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံလေးနဲ့သူ့သားဖြစ်ကြောင်းကိုသက်သေထူခဲ့ပါသည်။ဓာတ်ပုံလေးသည်သူ့ သားလေးမပျောက်ဆုံးခင်လေးရက်အလိုတွင်ရိုက်ကူးထားသောဓာတ်ပုံလေးဖြစ်ပါသည်။“ဆောင်းဦးပွဲတော်မတိုင်ခင်သူနဲ့
အတူရိုက်ကူးထားတဲ့ဓာတ်ပုံလေးလေ။”လို့ဖခင်ဖြစ်သူကမီဒီယာတွေကိုပြောပြခဲ့ပါသည်။

မိခင်ဖြစ်သူသည်သားပျောက်ဆုံးသွားပြီးကတည်းကကျန်းမာရေးမကောင်းတော့ပါဘူး။ဒါပေမဲ့မိသားစုပြန်လည်
တွေ့ဆုံပွဲမှာတော့မိခင်ကိုမတွေ့ရပါဘူး။မိခင်ဘယ်မှာရှိနေတယ်ဆိုတာကို တော့သတင်းတွေမှာဖော်ပြမထားခဲ့ပါဘူး။ဆွန်ပင်း
ပျောက်ဆုံးခဲ့တဲ့အတွက်မိသားစုဝင်တွေသည်အချိန်တော်တော်ကြာအောင်ဝမ်းနည်းစိတ်ထိခိုက်ခဲ့ရပါသည်။အခုလိုမထင်မှတ်ပဲ
မိသားစုပြန်လည်တွေ့ဆုံခွင့်ရခြင်းသည်သူတို့အတွက်တော့အင်မတန်မှဝမ်းသာစရာကောင်းနေပါတယ်။
သက်(ref:dramafever)

https://www.facebook.com/NewsWatchJournal/posts/800231326681337 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...