စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့




ရိုးသားစွာ နေထိုင်တတ်ဖို့ကြိုးစားပါ
သို့သော် ပြောဆိုမှုတိုင်း တန်ဖိုးရှိတဲ့စကားတွေ ဆိုနိုင်ပါစေ ။

ရည်မှန်းချက်ထားပြီး ကြိုးစားပါ
သို့သော် ကိုယ်သွားတဲ့လမ်းကြောင်း ဦးတည်ချက်ရှိပါစေ ။

စာများများဖတ်နိုင်အောင်ကြိုးစားပါ
သို့သော် လေ့လာမှတ်သားပြီး အမှန် ၊ အမှားခွားခြားတတ်ပါစေ ။

လူအများနဲ့ ဆက်ဆံနိုင်အောင်ကြိုးစားပါ
သို့သော် ပြောဆိုဆက်ဆံမှုတိုင်း ဗဟုသုတ ၊ အတွေ့အကြုံယူတတ်ပါစေ ။

မိမိ ရဲ့ အချိန် နဲ့ ငွေတွေကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်အောင်ကြိုးစားပါ
သို့သော် မလိုအပ်တဲ့အရာတွေကို ဦးစားပေးတာမျိုး ရှောင်ကြဉ်တတ်ပါစေ ။

သူငယ်ချင်း ၊ အပေါင်းအသင်းတွေကို အချိန်အများကြီး မပေးမိအောင်ကြိုစားပါ
သို့သော် မိတ်ဆွေကောင်း ၊ မိတ်ဆွေတုတော့ ခွဲခြားတတ်ပါစေ ။

အချစ်ကိုဦစားပေးလွန်းသူတစ်ယောက် မဖြစ်အောင်ကြိုးစားပါ
သို့သော် ဘဝလက်တွဲဖော်ကောင်းကိုတော့ ရွေးချယ်တတ်ပါစေ ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/


https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073741

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...