စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"လူမိုက်၊ သူယုတ်မာ ဘ၀ က အမြန်ဆုံးလွတ်မြောက် နိုင်ကြပါစေ"



(ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။)

သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။
ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။
ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)

ဘ၀ အစ ထဲ က -
(က) အမှား ၊ အမှန် ခွဲခြားဆုံးဖြတ်နိုင် တဲ့ ဥာဏ် မရှိကြတဲ့ အခါသော်၎င်း (ဒွိဟိတ်)

(ခ) ခွဲခြား ထောက်ပြ၍ လမ်းမှန်ပြပေးပါသော် လည်း နားလည်နိုင်စွမ်း မရှိကြသည့် အခါတွင် ၄င်း (အန္ဓ)

(ဂ) မသိ၍ သော် ၄င်း၊ သိပါလျက် အဂတိ လိုက်စား၍ တစ်ဘ၀စာ အကုသိုလ် ကို ပျော်ရွင်စွာ ပြုကြသည့် မောဟ အခြေခံ သည် အကုသိုလ် စိတ်စေတနာတို့ ကြောင့်- (သူယုတ်)

(ဃ) သီလ တည်းဟူသော လူ၏ (ငါးပါးသီလ) လူ့ တန်ဖိုး - ရဟန်းဆိုပါက
ပါတိမောက္ခသံဝရ သီလ၊ အိန္ဒြိယ သံဝရ သီလ၊ အာဇီဝ ပါရိသုဒ္ဓိသီလ နှင့် ပစ္စယသန္နိဿိတ သီလ - ရဟန်း၏ တန်ဖိုး တို့ ပျက်ဆီးကြရပေသည်။

(င) အထက်ကသီလကြီး လေးပါးတွင် - တစ်ပါးပါး ပျက်ဆီးချွှတ်ချော် ခဲ့သော်- လူ၊ နတ် အားလုံး မျက်နှာကျုံ့ ရုံ ၊ နှာခေါင်းရှုံ့ ကြမှာ အသေအချာဖြစ်သည်။
လူ၊ အများ တို့ ၊ သူတော် ကောင်းတို့ အလည် တွင် ရုပ်ပျက်ဆင်းပျက် ၊ အရှက်ကွဲလေသည်။ ဒီသဘာဝ တရား ကို ဘယ်သူ မှ ရှောင်လွှဲ၍ မရနိုင်ပါ။

အဘယ်ကြောင့် ဆို သော်-
အထက်က သီလကြီး လေးပါသည်- ကို်ယ်ကျင့် သီလ၊ သိက္ခာ ကို ဖြူစင်အောင် စောင့်ထိန်းသော ရဟန်းရှင် သူတော် ကောင်း တို့  အလယ်တွင် အရှက် တကွဲ ရုပ်ပျက် ကိုယ်ကျိုး နည်းမှု ကို အကာကွယ်ပေး သော ..... ဟီရိ သြတ္တပ တရား တို့ နှင့် နီးစွာသော အကြောင်းရှိသောကြောင့်ပင်တည်း။

ထို အခါ - လူနတ်မျာစွာ ၏ အလယ်တွင် ရုပ်ပျက်ဆင်းပျက်၊ အရှက်ကွဲ သော အခါ-

(၁) ရှက်ရမ်းရမ်း ၍ သော် ၄င်း

(၂) မကောင်းမှု အသိုင်းအ၀ိုင်း အပူမီးကြီး ကိုဖက်တွယ်ထားရသည့် နောင်တ၊ သောက၊ ပရိဒေ၀၊ စသည့် ဒေါ်သ ဦးစီးသည် အာဂါတ အညှိုး တို့ ဖြင့်သော် ၄င်း

(၃) လူရာမ၀င်တော့ ပြီ (သူတော်ကောင်းများ ရှောင်ကျဉ်ကုန်ကြပြီ) ဟူသောအသိ ဖြစ်သည့် အပြစ်၊ အနာအဆာ တို့ ပြည့်နေသော ဘ၀ အသုံးမ၀င်သော ဘ၀ စသော သိမ်ငယ်မှု စိတ်ထားဖြင့်၎င်း

ရန်လို မုန်းတီးကာ အကုသိုလ် အမှားများ ကိုထပ်မံကျူးလွန်ကာ ငရဲမျိုးစေ့ ပွားများ ကြပြန်ကုန်၏။
ထို သို့ အမှားများစွာ ကိုကျူးလွန်ရင်း ဘ၀ အဆုံးသတ်နေကြရတော့မည့် သူများအား သနားကြင်နာသော မေတ္တာဖြင့် ခွင့်လွှတ်ပေးလို်က်ကြပါ။

လူမိုက် သူယုတ် တို့  သည် ရန်ကို ရန်ခြင်းတုန့် ပြန်ကုန်၏၊
သူတော် ကောင်းတို့ ၏ ဥစ္စာ သည်ကား မေတ္တာ နှင့် ခွင့်လွှတ်ခြင်း ဖြစ်သည် ဟု ဘုရားရှင်မှ သင်ပြခဲ့၏။

မြတ်စွာဘုရားက (သတ္တဇဋိ လ သုတ်တော်မှာ)
------------------------------------------------------
(၁) ပြင်ပအဆင်းသဏ္ဌာန်ကို မြင်ရုံမျှဖြင့် အကျွမ်းမ၀င်သင့်။
(၂) ကိုယ်နှုတ်နှလုံးတို့ကို မစောင့်စည်းသူတို့သည် စောင့်စည်းသူယောင်ဆောင်၍ လှည့်လည်ကြကုန်၏။
(၃) အတွင်း၌မစင်ကြယ်သောသူတို့သည် မြေနားတောင်း၊ရွှေရည်စိမ် ကြေးနားတောင်းတို့ကဲ့သို့ အပြင်၌ တင့်တယ်သလို ဖုံးလွှမ်းကုန်၍ လှည့်လည်ကြကုန်၏-ဟု ဟောတော်မူသည်။

"အကျင့်မှန်သော လူကောင်း သူကောင်း ဟုတ်မဟုတ် ကို-

(၁) အတူတကွ သွားလာလုပ်ကိုင်ရင်း ဖြင့် မြဲ သော သီလ ကိုသိရ၏
(၂) အပြောအဆို အစဉ် ဖြူစင်-စင်ကြယ်မှု မှုဖြင့် သိရ၏
(၃) ဘေးရန်သော်၎င်း- အခက်ခဲသော်၎င်း ကြုံကြိုက်သော်မှ မဖေါက်ပြန်သော သော သမာဓိ-ပညာ ဖြင့်မှန်ကန်စွာ ဖြေရှင်းနိုင်သော ဥာဏ်စွမ်းအားကို သိရ၏
(၄) ဆွေးနွေးကြည့်သော် လက်တွေ့ ကျကျကျင့်သုံးနေသော ပညာကို သိရ၏

သို့ သော်.......ယင်းတို့ ကို သိရန်...၊
(၁) အချိန်အတော် ကြာကာမှ
(၂) နှလုံးသွင်း မှန်မှ (သိ လိုသူက)
(၃) ပညာရှိမှ (သိ လိုသူက) ......သိ ရ၏။
(သိလို သူက) အချိန်တိုတို အတွင်းတွင်၎င်း.. နှလုံးသွင်းမမှန်လျှင်၎င်း... ပညာ မရှိ လျှင်၎င်း... မည်သို့ မျှ မသိနိုင်။

မိမိတို့  မိသားစု၊ ဆွေမျိုး အသိုင်း အ၀ိုင်း တွင် ထို လူမိုက်၊ သူယုတ်မာ တို့ ၏ ဘေးရန်မှကာကွယ် နိုင် ကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...