စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
Photo by -kylerkellyanimation
  ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#article_yyl
ပတ်ဝန်းကျင်က မိမိပန်းတိုင်ကို တွန်းပို့ပေးနိုင်တယ်
ပတ်ဝန်းကျင်ဆိုတာဟာ လူတစ်ယောက် အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်တယ်။ ပတ်ဝန်းကျင်ဆိုဟာ မိမိဘဝ ကိုလည်း
ပြောင်းလဲနိုင်ပါတယ်။ ပတ်ဝန်းကျင်ကောင်းမှ လူကောင်း ဖြစ်မှာတော့
မဟုတ်ပါဘူး။ ပတ်ဝန်းကျင် မကောင်းဘဲ လူကောင်း ဖြစ်နေတဲ့ သူတွေ
အများကြီးပါ။ မိမိသာ အဓိက ကျပါတယ်။
သို့ပေမယ့် လူတစ်ဦး တစ်ယောက် အောင်မြင်ဖို့ အတွက် ပတ်ဝန်းကျင်ဆိုတာ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်၏ အသိုင်းအဝိုင်းကြောင့်ပဲ မိမိရဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲနိုင်တယ်။ စာပေဝါသနာ ပါတဲ့ အသိုင်းအဝိုင်းမှာ
နေမယ်ဆိုရင် မိမိလည်း စာပေသမား တစ်ယောက် ဖြစ်သွားမှာ ဖြစ်ပြီး၊
ရုပ်ရှင် ဂီတနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်းမှာ နေရင်လည်း မိမိဝါ ရုပ်ရှင် ဂီတကို နှစ်သက်ဝါသနာ ပါသူ ဖြစ်နိုင်ပါတယ်။
သို့သော် လူတိုင်း အဲလို ဖြစ်တာ မဟုတ်ပါဘူး။ တစ်ချို့ကြတော့ ဘယ်အသိုင်းအဝိုင်းမှာ နေနေ ဘာမှ မဖြစ်တဲ့ သူတွေ အများကြီးပါ။ တစ်ခုပဲ ပြောချင်တာက လက်ရှိမိမိနဲ့ ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းဟာ
မိမိရည်မှန်းချက်နဲ့ မတိုက်ဆိုင်ဘူးဆိုရင် အဲဒီပတ်ဝန်းကျင်ကို စွန့်လွှတ် သင့်ပါတယ်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...