စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







ကံကုိ ယံုလို႔ ဘဏ္ကို ႏွစ္ၾကိမ္တိုင္တိုင္ေဖာက္ခဲ့သူ



တရုတ္ျပည္မွာ Hebei ျပည္နယ္မွာ ၂၀၀၇ ခုႏွစ္က မတ္လ နဲ႔ ဧျပီမွ ဘဏ္ေဖာက္မွု ႏွစ္ခု ျဖစ္ခဲ့ပါတယ္။ ဘဏ္မွာ အလုပ္လုပ္တဲ့ မန္ေနဂ်ာကပဲ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ျဖစ္ပံုက ဒီလိုပါ။ ယင္းဘဏ္မွာ အလုပ္လုပ္ေနတဲ့ မန္ေနဂ်ာ တစ္ဦးဟာ ပထမ တစ္ၾကိမ္တုန္းက အေမရိကန္ေဒၚလာ ၂၆၀၀၀ ဝန္းက်င္ တန္ဖိုးရွိတဲ့ တရုတ္ေငြ ပမာဏကို ခိုးယူခဲ့ ပါတယ္။ ျပီးေတာ့ ထီထိုးပါတယ္။ ထီလည္းေပါက္ပါတယ္

ဒါေၾကာင့္မို႔ ယူူခဲ့တဲ့ ေငြကို မသိေအာင္ ျပန္ထားလိုက္ေတာ့ ဘာအမွုမွ မပတ္ေတာ့ ပါဘူး။ ဒီေတာ့ သူဟာ ေနာက္တစ္ခါလည္း ယခုလုိ ေပါက္ႏိုင္တယ္လို႔ ယံုၾကည္ျပီး ထပ္လုပ္ဖို႔ စီစဥ္ပါတယ္။ ေနာက္တစ္ခါမွာ ေတာ့ တစ္ေယာက္တည္း မဟုတ္ေတာ့ပဲ ေနာက္ထပ္ မန္ေနဂ်ာ တစ္ဦးကုိပါ ေခၚျပီး ဘဏ္မွာ အလုပ္လုပ္တဲ့ လံုျခံဳေရး ဝန္ထမ္း ၂ေယာက္၊ ၃ ေယာက္ ေလာက္ေတာင္ ထပ္ စုလိုက္ပါေသးတယ္။ ဒီတစ္ခါေတာ့ အခ်ည္ၾကီးတြက္ျပီး အေမရိကန္ေဒၚလာ ၄.၃ သန္း တန္ေၾကးရွိတဲ့ တရုတ္ေငြကို ထပ္မံ ခိုးယူပါတယ္။ ျပီးေတာ့ ယင္းေငြေတြ အားလံုးကို ထံုးစံ အတိုင္းပဲ ထီထိုးတဲ့ ေနရာမွာ ထပ္မံ အသံုးျပဳ လုိက္ပါတယ္။

ဒုတိယ တစ္ၾကိမ္မွာေတာ့ ကံမလိုက္ပဲ အကုန္္ရွံုးသြားပါတယ္။ ဒီေတာ့ သိပ္မၾကာခင္မွာပဲ ဘဏ္မွာ ေငြေပ်ာက္တာကို သိသြားၾကျပီး ထြက္ေျပးသြားတဲ့ မန္ေနဂ်ာ ၂ ဦးကို ရွန္ဟိုင္းျမိဳ႕မွာ ျပန္လည္ ဖမ္းမိခဲ့ၾကပါတယ္။ ျပီးေတာ့ အစိုးရမွ ၎တို႔ ၂ ဦးကို ေသဒဏ္ေပးလို႔ ၾကံရာပါ အျခား လူမ်ားကို ေထာင္ဒဏ္ ငါးႏွစ္ကေန စလို႔ အသီးသီး ခ်မွတ္ခဲ့ပါတယ္။

ပထမ တစ္ၾကိမ္ ေလာဘတက္ျပီး ခိုးျပီး ကတည္းက ကံလိုက္လို႔ ထီေပါက္ခ်ိန္ မရပ္ပဲ ဒုတိယ တစ္ၾကိမ္ ထပ္ျပီး ေလာဘတက္ေတာ့ ေထာင္ဒဏ္ တင္မဟုတ္ေတာ့ပဲ ေသဒဏ္အေပးခံခဲ့ရပါတယ္။ ယင္း အမွုဟာ ယေန႔တိုင္ တရုတ္ျပည္မွာ ေငြပမာဏ အမ်ားဆံုး ဘဏ္ေဖာက္မွု အျဖစ္ မွတ္တမ္းတင္ထားပါတယ္။
.
Ref: wiki
  ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com

(Unicode version)

ကံကို ယုံလို့ ဘဏ်ကို နှစ်ကြိမ်တိုင်တိုင်ဖောက်ခဲ့သူ

တရုတ်ပြည်မှာ Hebei ပြည်နယ်မှာ ၂၀ဝ၇ ခုနှစ်က မတ်လ နဲ့ ဧပြီမှ ဘဏ်ဖောက်မှု နှစ်ခု ဖြစ်ခဲ့ပါတယ်။ ဘဏ်မှာ အလုပ်လုပ်တဲ့ မန်နေဂျာကပဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ယင်းဘဏ်မှာ အလုပ်လုပ်နေတဲ့ မန်နေဂျာ တစ်ဦးဟာ ပထမ တစ်ကြိမ်တုန်းက အမေရိကန်ဒေါ်လာ ၂၆၀ဝ၀ ဝန်းကျင် တန်ဖိုးရှိတဲ့ တရုတ်ငွေ ပမာဏကို ခိုးယူခဲ့ ပါတယ်။ ပြီးတော့ ထီထိုးပါတယ်။ ထီလည်းပေါက်ပါတယ်။

ဒါကြောင့်မို့ ယူခဲ့တဲ့ ငွေကို မသိအောင် ပြန်ထားလိုက်တော့ ဘာအမှုမှ မပတ်တော့ ပါဘူး။ ဒီတော့ သူဟာ နောက်တစ်ခါလည်း ယခုလို ပေါက်နိုင်တယ်လို့ ယုံကြည်ပြီး ထပ်လုပ်ဖို့ စီစဉ်ပါတယ်။ နောက်တစ်ခါမှာ တော့ တစ်ယောက်တည်း မဟုတ်တော့ပဲ နောက်ထပ် မန်နေဂျာ တစ်ဦးကိုပါ ခေါ်ပြီး ဘဏ်မှာ အလုပ်လုပ်တဲ့ လုံခြုံရေး ဝန်ထမ်း ၂ယောက်၊ ၃ ယောက် လောက်တောင် ထပ် စုလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ အချည်ကြီးတွက်ပြီး အမေရိကန်ဒေါ်လာ ၄.၃ သန်း တန်ကြေးရှိတဲ့ တရုတ်ငွေကို ထပ်မံ ခိုးယူပါတယ်။ ပြီးတော့ ယင်းငွေတွေ အားလုံးကို ထုံးစံ အတိုင်းပဲ ထီထိုးတဲ့ နေရာမှာ ထပ်မံ အသုံးပြု လိုက်ပါတယ်။

ဒုတိယ တစ်ကြိမ်မှာတော့ ကံမလိုက်ပဲ အကုန်ရှုံးသွားပါတယ်။ ဒီတော့ သိပ်မကြာခင်မှာပဲ ဘဏ်မှာ ငွေပျောက်တာကို သိသွားကြပြီး ထွက်ပြေးသွားတဲ့ မန်နေဂျာ ၂ ဦးကို ရှန်ဟိုင်းမြို့မှာ ပြန်လည် ဖမ်းမိခဲ့ကြပါတယ်။ ပြီးတော့ အစိုးရမှ ၎င်းတို့ ၂ ဦးကို သေဒဏ်ပေးလို့ ကြံရာပါ အခြား လူများကို ထောင်ဒဏ် ငါးနှစ်ကနေ စလို့ အသီးသီး ချမှတ်ခဲ့ပါတယ်။

ပထမ တစ်ကြိမ် လောဘတက်ပြီး ခိုးပြီး ကတည်းက ကံလိုက်လို့ ထီပေါက်ချိန် မရပ်ပဲ ဒုတိယ တစ်ကြိမ် ထပ်ပြီး လောဘတက်တော့ ထောင်ဒဏ် တင်မဟုတ်တော့ပဲ သေဒဏ်အပေးခံခဲ့ရပါတယ်။ ယင်း အမှုဟာ ယနေ့တိုင် တရုတ်ပြည်မှာ ငွေပမာဏ အများဆုံး ဘဏ်ဖောက်မှု အဖြစ် မှတ်တမ်းတင်ထားပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...