စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူလိမ်နေပြီဆိုတာ လွယ်ကူစွာသိနိုင်တဲ့ နည်းလမ်းများ

                     



ဘယ်လောက်အလိမ်ကောင်းနေတယ်ဆိုရင်တောင် သူတို့မှာ ပုံမှန်မဟုတ်တဲ့အမူအရာ တစ်ခုခုတော့ ရှိနေပါလိမ့်မယ်။ အမိဖမ်းဖို့ဆိုရင်လည်း ကိုယ့်ဆီမှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေဦးမှလေ။ ကိုယ့်အယူအဆကို အာမခံပေးနိုင်မယ့် လိမ်တဲ့သူတွေဖမ်းနည်း (၁၀)မျိုးကို လေ့လာကြည့်ပါ။

၁။ သင့်ကို လိမ်နေတယ်ဆိုရင်တော့ မျက်လုံးမဆုံမိအောင် သူရှောင်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ကိုသူတို့ ယုံကြည်စိတ်ချမှုမရှိတဲ့အတွက် အောက်ကိုငုံကြည့်တာတာမျိုး ဒါမှမဟုတ် အဝေးကိုငေးကြည့်နေတာမျိုး လုပ်တတ်ကြပါတယ်။ နောက်တစ်မျိုးကတော့ မျက်လုံးဆုံအောင် တမင်တကာ အတင့်ရဲပြီး ပုံမှန်ထက် သင့်ကို တည့်တည့်ကြည့်နေလိမ့်မယ်။ ဒါကတော့ သူ့အလိမ်တွေကို သင်ယုံကြည်သွားအောင် တမင်ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။

၂။ ချက်ချင်းငြင်းတဲ့ အသုံးအနှုန်းတွေကို မသုံးတတ်ကြပါဘူး။ သူတို့က ဒီကိစ္စကို သင်အယုံအကြည် နည်းသွားအောင် ဘယ်လိုပုံစံလုပ်ရမလဲဆိုပြီး အကြောင်းအရာအားလုံးကို ချိန်ကြည့်ချင်လို့ပဲ ဖြစ်ပါတယ်။ မဟုတ်ဘူး.. မလုပ်ဘူး… ဆိုပြီး ပြောရမယ့်အစား နင်ဘယ်မှာကြားခဲ့တာလဲ… ဘယ်သူပြောပြတာလဲ… ဆိုပြီးတော့ သင့်ကို ပြန်ပြီးမေးခွန်းထုတ်ပါလိမ့်မယ်။

၃။ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို သုံးတတ်ကြပါတယ်။ လိမ်တဲ့သူတွေက သူတို့ကို စကားပြောရင်တောင် သင့်ဘက်ကို လှည့်မှာမဟုတ်ပါဘူး။ ပြီးတော့ မျက်တောင်ခဏခဏ ခတ်လိမ့်မယ်… အပြုံးနည်းပြီး သူတို့ရဲ့ အသံအနိမ့်အမြင့် ခဏခဏပြောင်းနေတာကို သင်သတိထားမိလိမ့်မယ်။ သူတို့က လက်ပိုက်ထားပြီး ထုတ်မပြောချင်တဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားလိမ့်မယ်။ တချို့လူတွေကတော့ သူတို့လက်မှာ ကိုင်ထားတဲ့ တစ်ခုခု ဒါမှမဟုတ် မျက်နှာ၊ နှာခေါင်း၊ နားရွက်၊ စတဲ့အရာတွေကို ကိုင်လိုက်ဆော့လိုက် လုပ်တဲ့ အကျင့်ရှိကြပါတယ်။

၎။ လိမ်တဲ့သူတွေက သင်မမေးတဲ့ အချက်အလက်တွေကိုလည်း ထပ်ပြီး ပြောတတ်ကြတယ်။ ပိုပြီးပြောနိုင်လေ သင်ယုံကြည်မယ်ဆိုတဲ့ စိတ်နဲ့ဖြည့်စွတ်ပြောတဲ့ သဘောပါပဲ။

၅။ မုသာပြောနေတဲ့သူတွေက သူတို့ကိုယ် သူတို့ကာကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ သင့်ရဲ့စိတ်အာရုံကို အခြားရောက်အောင် ကြိုးစားပြီးတော့ သူတို့အပြစ်မရှိပဲ မေးခွန်း ခဏခဏထုတ်မေးတဲ့အတွက် စိတ်ဆိုးလာလိမ့်မယ်။ အမှန်ပြောတဲ့သူကတော့ ဆန့်ကျင်ဘက်ပုံစံနဲ့ကြိုးစားပြီး သင်တို့ နှစ်ယောက်တိုက်ခိုက်ကြမယ့်ပုံစံမျိုးနဲ့ မခံမရပ်နိုင်ဖြစ်လိမ့်မယ်။

၆။ လိမ်နေတဲ့သူတွေက အရေးကြီးတဲ့အချက်ကို ဖုံကွယ်ချင်လို့ မထင်မရှားရှိတဲ့ အကြောင်းပြချက်တွေနဲ့ပဲ စကားပြောတာ ရှုပ်ထွေးနေတတ်ပါတယ်။ ပုံကြီးချဲ့ပြီးတော့ ပြောခြင်းက လိမ်ပြောတဲ့သူတွေကို ပိုပြီး သက်သက်သာသာ ရှိစေနိုင်တာကြောင့်မို့ပါ။ မုသာစကားကို နားထောင်နေတဲ့သူအနေနဲ့လည်း မလိုအပ်တဲ့ စကားလုံးတွေကို နားထောင်နေမှန်း စိတ်ထဲမှာ ခံစားတတ်ပါတယ်။ သူပြောလိုက်တဲ့စကားတွေကို စာရွက်ပေါ်မှာ ရေးချပြီးတော့ သူ့ကို အလားတူမေးခွန်းတွေပဲ ဆက်မေးမယ်ဆိုရင် အဖြေက တူချင်မှတူမှာပါ။

၇။ အဲဒီလူရဲ့ မျက်လုံးလှုပ်ရှားမှုကို သေချာကြည့်ပါ။ ညာဘက်လက်သန်တဲ့သူတွေကတော့ တစ်ခုခုကို သတိရသွားတယ်ဆိုရင် မျက်လုံးဟာ အပေါ်ကနေ ဘယ်ဘက်ကို ရွှေ့သွားပါတယ်။ ဘယ်ဘက် သန်သူတွေကတော့ ဆန့်ကျင်ဘက် အတိုင်းရွှေ့သွားပါတယ်။ လူတွေက သူတို့ မနှစ်သက်တဲ့ကိစ္စ မြင်နေရတယ် ဒါမှမဟုတ် ကြားနေရတယ်ဆိုရင် သူတို့ မျက်တောင်ခတ်တဲ့အချိန်ဟာ ပုံမှန်ထက် ပိုပြီးနှေးကွေးပါတယ်။ မျက်လုံးဘက်ကို လက်ကရွှေ့နေတယ်ဆိုရင်လည်း ဒါအမှန်တရားကို ဖုံးကွယ်ချင်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

၈။ တချို့လူတွေဟာ မုသားပြောနေတဲ့ အချိန်ဆိုရင် ပိုပြီးချွေးပြန်လာတတ်ပါတယ်။ ရှက်တယ်ဆိုရင်လည်း အဲဒီအတိုင်းပါပဲ။ ဒါပေမယ့် ချွေးဇောနဲ့ မျက်နှာနီးမြန်းလာခြင်း၊ တုန်ရ်ီနေခြင်း နဲ့ တစ်ခုခုမျိုချဖို့ အခက်အခဲတွေ့နေတာမျိုးဆိုရင်တော့ သူလိမ်နေပြီဆိုတာ သေချာပါတယ်။

၉။ သေးမွှားတဲ့ အပြုအမူတွေကို စောင့်ကြည့်ပါ။ စကားပြော စတင်လိုက်တာနဲ့ လူတွေရဲ့ခံစားချက်ဟာ မျက်နှာပေါ်မှာ ဖျက်ခနဲပေါ်လာတတ်ပါတယ်။ ဟန်ဆောင်အပြုံးဒါမှမဟုတ် ပူပန်နေတဲ့မျက်နှာတွေကို ၅စက္ကန့်အတွင်းပဲ ပေါ်လာမှာဖြစ်ပါတယ်။ သတိထားမိဖို့ဆိုရင်တော့ နှစ်ယောက်လုံးစကားအပြန်အလှန် မပြောခင်မှာ ကြိုတင်စိတ်ထဲကနေ ပြင်ဆင်မှုတွေလုပ်ထားဖို့ လိုလိမ့်မယ်။

၁၀။ မုသားပြောနေတဲ့လူကို သူပြောနေတဲ့ပုံပြင်အကြောင်း ထပ်ပြီးတော့ ပြန်ပြောပေးရန် တောင်းဆိုပါ။ သူပြောတဲ့စကားလုံးတွေဟာ မရီမရာဖြစ်နေပြီး အသေးစိတ်မှတ်မိဖို့ သူအခက်တွေ့နေတယ်ဆိုရင်တော့ သူသင့်ကို တပတ်လှည့်လိုက်ပြီဆိုတာ သင်အလွယ်တကူသိနိုင်ပါလိမ့်မယ်။ သူ့မျက်နှာပေါ်မှာလည်း အဆင်မပြေတဲ့ဟန်ပန်နဲ့ စိတ်ပူနေတဲ့ခံစားချက်တွေကို သင်မြင်တွေ့လာမှာပဲ ဖြစ်ပါတယ်။

Credit: Trend Myanmar
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...