စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
.
Ref: BBC
  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#health_yyl
(Unicode version)
မြို့နေငှက်များ ဆေးလိပ်ကို သုံးတတ်လာ
ဗြိတိန်မှ တက္ကသိုလ်တစ်ခုရဲ့ စစ်ဆေးလေ့လာတွေ့ရှိချက်အရ မြို့မှာ နေထိုင် ကျက်စားတဲ့ ငှက််များဟာ ဆေးလိပ်များကို အသုံးပြုတတ်လာကြပါတယ်။ အသုံးပြုပုံကတော့ လူတို့ စွန့်ပစ်သွားပြီးတဲ့ ဆေးလိပ်များကို ၎င်းတို့ရဲ့ အသိုက် အနီးအဝန်းမှာ ထားရှိခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ အသိုက်မှာ Insect ပိုးမွှားများကို နှိမ်နှင်းရန် ဖြစ်ပါတယ်။ ဆေးလိပ် တိုဘားကိုးက ထွက်တဲ့ အနှံ့ကို အသုံးပြုခြင်း ဖြစ်ပါတယ်။
အမှန်တော့ ယင်းဟာလည်း ၎င်းတို့ ငှက်ရဲ့ သက်တမ်းကိုလည်း ထိခိုက်စေတာကို မသိကြပါဘူး။ ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ ဆိုရင် ကမ္ဘာမှာတင်မက မြန်မာပြည်မှာပါ သိသိသာသာ တိုးတက်လို့ နေပါတယ်။ မိမိကိုယ်တိုင် မရှောင်နိုင်လို့ သောက်သည့်တိုင် မိမိရဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ အင်မတန် အရေးကြီးပါတယ်။ တက္ကဆီမောင်းသည့်အခါ ဆေးလိပ်သောက်ခြင်း၊ ဘတ်စ်ကားမောင်းသည့်အခါ ဆေးလိပ်သောက်ခြင်း၊ အများပြည်သူ များ စုဝေးသည့် နေရာမှာ ဆေးလိပ်သောက်ခြင်း အစရှိတဲ့ အပြုအမှုများက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမှုများ ဖြစ်ပါတယ်။
အကြောင်းကတော့ ကိုယ်တိုင်မဟုတ်ပဲ အနှံ့ကို တစ်ဆင့်ခံရှုရသူများကတောင် ကိုယ်တိုင် သောက်သူထက် နှစ်ဆထက် ပိုတဲ့ ကျန်းမာရေး ဆိုးကျိုး ရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကိုယ်တိုင်လည်း ဆေးလိပ် သောက်သုံးမှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် လိုအပ်ပြီး လူအများနဲ့ ရှိတဲ့အခါ ဆေးလိပ်ကို မသောက်သုံးမိအောင် ရှောင်ရန် လိုအပ် ပါတယ်။
.
Ref: BBC
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...