စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







အုိဘားမား၊ မစ္ရွဲလ္ တို႔ရဲ႕ ညစာ နဲ႔ အခ်စ္ဇာတ္လမ္း





တစ္ညေတာ့ အုိဘားမားနဲ႔ မစ္ရွဲလ္ တို႔ဟာ အေဆာင္အေယာင္ အခမ္းအနားမပါပဲ ညစာစားဖုိ႔ အျပင္ထြက္လာပါတယ္။ မထင္မရွား သာမန္ ဆိုင္ကေလး တစ္ခုမွာေပါ့။ စားေသာက္ဆိုင္ ပိုင္ရွင္ဟာ အုိဘားမားထံကို ခြင့္ေတာင္းပါတယ္။ အုိဘားမားရဲ႕ ဇနီးျဖစ္သူ မစ္ရွဲလ္ နဲ႔ ႏွစ္ဦးတည္း စကားေျပာခ်င္လို႔ပါတဲ့။ မစ္ရွဲလ္ ကလည္း လက္ခံတယ္ဆုိေတာ့ အုိဘားမားကလည္း လက္ခံလိုက္ပါတယ္။

တစ္ေအာင့္ေလာက္ေနက်ေတာ့ မစ္ရွဲလ္ ျပန္ေရာက္လာပါတယ္။ စပ္စုခ်င္တဲ့ အုိဘားမားက သူ႔ကို ေမးတယ္။ ဘာေတြမ်ား ေျပာခဲ့ၾကလဲေပ့ါ။ ဘာေၾကာင့္ လိုက္သြားတာလဲေပါ့။ ဒါနဲ႔ မစ္ရွဲလ္ က ေျပာျပပါတယ္။ "သူက တစ္ခ်ိန္တုန္းက ကြ်န္မကုိ ပိုးပန္းခဲ့တဲ့သူေလ။ ကြ်န္မ လက္မခံခဲ့ပါဘူး"

ဒါနဲ႔ အုိဘားမားက ေျပာပါတယ္။ "မင္းဘာလုိ႔ သူ႔ကုိ လက္မခံခဲ့တာလဲ။ မင္းသာ သူ႔ကို ေရြးရင္ ဒီအခ်ိန္မွာ ေဟာဒီ စားေသာက္ဆုိင္လွလွေလးရဲ႕ ပိုင္ရွင္ရဲ႕ ဇနီးျဖစ္ေနေလာက္ပါျပီေပါ့"

မစ္ရွဲလ္ က ျပန္ေျဖပါတယ္။

"ဘယ္ဟုတ္မလဲရွင္. က်ြ်န္မသာ သူ႔ကုိ ေရြးခဲ့ရင္ ဒီအခ်ိန္မွာ သူဟာ အေမရိကန္ႏိုင္ငံရဲ႕ သမၼတ ျဖစ္ေနေလာက္ျပီေပါ့..."

..............
အခ်ိဳ႕ေသာ ေအာင္ျမင္တဲ့ ေယာကၤ်ားေတြရဲ႕ အနာက္မွ ထူးခြ်န္ျပီး မိမိကိုယ္ကို ယံုၾကည္ျပီး ရဲဝံ့တဲ့ အမ်ိဳးသမီးမ်ား ရွိေနတတ္ပါတယ္။

Sometimes it's a woman that makes a man who he is.

Ref: Dato Geethanjali G

  ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com

#aungkham_yyl
#article_yyl

(Unicode version)

အိုဘားမား၊ မစ်ရှဲလ် တို့ရဲ့ ညစာ နဲ့ အချစ်ဇာတ်လမ်း

တစ်ညတော့ အိုဘားမားနဲ့ မစ်ရှဲလ် တို့ဟာ အဆောင်အယောင် အခမ်းအနား မပါပဲ ညစာစားဖို့ အပြင်ထွက်လာပါတယ်။ မထင်မရှား သာမန် ဆိုင်ကလေး တစ်ခုမှာပေါ့။ စားသောက်ဆိုင် ပိုင်ရှင်ဟာ အိုဘားမားထံကို ခွင့်တောင်းပါတယ်။ အိုဘားမားရဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် နဲ့ နှစ်ဦးတည်း စကားပြောချင်လို့ပါတဲ့။ မစ်ရှဲလ် ကလည်း လက်ခံတယ်ဆိုတော့ အိုဘားမားကလည်း လက်ခံလိုက်ပါတယ်။

တစ်အောင့်လောက်နေကျတော့ မစ်ရှဲလ် ပြန်ရောက်လာပါတယ်။ စပ်စုချင်တဲ့ အိုဘားမားက သူ့ကို မေးတယ်။ ဘာတွေများ ပြောခဲ့ကြလဲပေ့ါ။ ဘာကြောင့် လိုက်သွားတာလဲပေါ့။ ဒါနဲ့ မစ်ရှဲလ် က ပြောပြပါတယ်။ "သူက တစ်ချိန်တုန်းက ကျွန်မကို ပိုးပန်းခဲ့တဲ့သူလေ။ ကျွန်မ လက်မခံခဲ့ပါဘူး"

ဒါနဲ့ အိုဘားမားက ပြောပါတယ်။ "မင်းဘာလို့ သူ့ကို လက်မခံခဲ့တာလဲ။ မင်းသာ သူ့ကို ရွေးရင် ဒီအချိန်မှာ ဟောဒီ စားသောက်ဆိုင်လှလှလေးရဲ့ ပိုင်ရှင်ရဲ့ ဇနီးဖြစ်နေလောက်ပါပြီပေါ့"

မစ်ရှဲလ် က ပြန်ဖြေပါတယ်။

"ဘယ်ဟုတ်မလဲရှင်. ကျျွန်မသာ သူ့ကို ရွေးခဲ့ရင် ဒီအချိန်မှာ သူဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်နေလောက်ပြီပေါ့..."

..............
အချို့သော အောင်မြင်တဲ့ ယောင်္ကျားတွေရဲ့ အနာက်မှ ထူးချွန်ပြီး မိမိကိုယ်ကို ယုံကြည်ပြီး ရဲဝံ့တဲ့ အမျိုးသမီးများ ရှိနေတတ်ပါတယ်။

Sometimes it's a woman that makes a man who he is.

Ref: Dato Geethanjali G

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...