စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သတိပဲ လိုတယ်”





●တခါတစ်ရံ . . .
ပိုင်ဆိုင်မှုတွေ ရရှိဖို့ထက်၊ပိုင်ဆိုင်ပြီးသား ဆုံးရှုံးမသွားအောင်ထိန်းသိမ်းရတာ ပိုပင်ပန်းတယ်။

●တစ်ခါတစ်ရံ... အောင်မြင်ဖို့ အားထုတ်ရတာထက်၊
အောင်မြင်ပြီးသား ကျဆုံးမသွားအောင် ထိန်းသိမ်းရတာ ပိုပင်ပန်းတယ်။

●တစ်ခါတစ်ရံ... မေတ္တာရဖို့ထက်၊ရပြီးသား မေတ္တာတွေ ဆုံးရှုံးမသွားအောင် ထိန်းသိမ်းရတာ
ပိုပင်ပန်းတယ်။

ဒါကြောင့် ရတဲ့ အခါမှာလည်းမမြဲဘူးဆိုတဲ့ သတိ၊ ရရှိသမျှ ဆုံးရှုံးတတ်တယ်ဆိုတဲ့ သတိလေး ရှိနေရင်
ရလာတဲ့အခါလည်းသတိလေးနဲ့ပျော်ရတာမို့အနှစ်သာရရှိတယ်။
ဆုံးရှုံးသွားတဲ့ အခါလည်း ပြင်ဆင်ပြီးသားမို့ အလွန်အကျွံ ဝမ်းမနည်းရတော့ဘူးပေါ့။
 
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...