စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







ဖုန္းေပ်ာက္သူနဲ႔ ဖုန္းေကာက္ရသူ



မိတ္ေဆြတို႔ ဖုန္းေပ်ာက္ဖူးပါသလား၊ ဖုန္းလည္း ေကာက္ရဖူး ပါသလား။ စာေရးသူကေတာ့ ယင္း အေတြ႔အၾကံဳ ႏွစ္ခုစလံုးကို ရဖူးပါတယ္။ တစ္ေခါက္တစ္ခါ တုန္းက တကၠဆီစီးေတာ့ အေနာက္ခန္းမွာ ခရီသည္ တစ္ေယာက္ရဲ႕ ဖုန္းကို ေတြ႔ေတာ့ တကၠဆီသမားကိုေမးေတာ့ သူလည္း တာဝန္မယူဘူး ဆုိေတာ့ ကြ်န္ေတာ္ ယူျပန္ျပီး ပိုင္ရွင္ကို ဖုန္းဆက္ရွာခဲ့ပါတယ္။

ဖုန္းကို ျမင္တာနဲ႔ အရင္ဆံုး ဖုန္းပ်ာက္သြားသူအေနနဲ႔ ဘယ္လို ေဝဒနာ ဆုိးေတြ ခံစားရမွာပါလိမ့္ ဆုိတဲ့ ကိုယ္ခ်င္းစာစိတ္ကို အရင္ဝင္မိခဲ့ျပီး သူ႔ဖက္က ဖုန္းအရင္မဆက္ခင္ေတာင္ စာေရးသူက တစ္ဂြမ္ဂြမ္နဲ႔ သူနဲ႔ နီးစပ္ရာ အားလံုးကို လိုက္ဆက္ခဲ့ပါတယ္။ ေနာက္ေတာ့ ဖုန္းကို လာယူေစျပီး သူ႔လက္ထဲက ေငြကို အတင္းထုိးေပးေတာ့ မယူပါရေစနဲ႔လို႔ ျငင္းခဲ့ ရပါေသးတယ္။

ဒီရက္ပိုင္းအတြင္းမွာေတာ့ စာေရးသူရဲ႕ ကုိယ္ပိုင္ဖုန္း တစ္လံုး တကၠဆီေပၚမွာ က်န္ခဲ့ပါတယ္။ ေနာက္တက္တဲ့ ခရီသည္က ေတြ႔ျပီး ယူသြားပံုရပါတယ္။ ဖုန္းျပန္ဆက္ေတာ့ ေနရာတစ္ေနရာကို လာယူပါလို႔ ေျပာေပမယ့္ တကယ္လည္း ေရာက္ေရာ ဖုန္းထဲမွာ ဖုန္းပိတ္ထားပါတယ္ ဆုိတဲ့ အေျဖကိုသာ ၾကားရပါေတာ့တယ္။ ဖုန္းက ေစ်းၾကီး ခပ္လွလွဖုန္း တစ္လံုး ျဖစ္ေနလို႔လည္း ေကာက္္ရသူ ျပန္မေပးဖို႔ ဆံုးျဖတ္လိုက္ပံု ရပါတယ္။

ဖုန္းပိုင္ရွင္ေတြအေနနဲ႔ iPhone ဆုိရင္ iCloud ခ်ိိတ္ဆက္ျခင္း၊ Find my iPhone feature ကို turn on လုပ္ျခင္းတို႔ ျပဳလုပ္သင့္ျပီး Android ဆုိရင္လည္ အျခားေသာ Security feature app ေတြကို ထည့္ထားသင့္ပါတယ္။

အေကာင္းဆံုး ကေတာ့ နေမာနမဲ့ မႏိုင္ပဲ သြားေလရာ စိတ္နဲ႔ ကိုယ္နဲ႔ ကပ္ သတိနဲ႔ ေနဖို႔ အေကာင္းဆံုးေပ့ါ။ ဒါေပမယ့္ လူဆုိတာ တစ္ခါတစ္ေလက် မွားတတ္ ေမ့တတ္ တာပဲ။

  ေရအဆံုး ကုန္းတစ္ဝက္ ဆုိတဲ့ စကားပံုက ဘယ္ကလာလဲေတာ့ မသိ။ ကိုယ္မပိုင္တဲ့ ပစၥည္းတစ္ခု ကိုယ့္လက္ထဲ ေရာက္လာရင္ ပိုင္ရွင္ကိုယ္တိုင္က က်ေနာ့ပစၥည္းပါလို႔ claim လုပ္လာခဲ့ရင္ ျပန္ေပးသင့္တယ္လို႔ ထင္တာပါပဲ။ မေပးရင္ေတာင္ မယူဘူးေပါ့။ ဘာလို႔လဲဆုိ ဒါဟာ သူတစ္ပါး ပစၥည္း အလိုမတူပဲ ရယူတဲ့ အကုသုိလ္ အမွု တစ္ခုပဲေလ။

ဘာပဲ ျဖစ္ျဖစ္ လူတိုင္း ကိုယ့္လို စိတ္မထားႏိုင္ရုိးလာဆုိျပီးေတာ့ မိမိရဲ႕ ေကာင္းတဲ့ စိတ္ေတြကို မေကာင္းျဖစ္သြားေအာင္ မကူးဆက္မိပါေစနဲ႔။ မိမိသာ ယခုလို ၾကံဳေတြ႔တဲ့အခါ တစ္ဖက္သားကို စာနာလို႔ ရိုးပင္းကူညီတတ္ၾကပါေစ။ စာေရးသူကေတာ့ ရိုင္းပင္းကူညီ၊ စာနာမွု မရွိတဲ့ ပတ္ဝန္းက်င္မွာ ေနရမွာ အင္မတန္ ေၾကာက္မိ ပါတယ္။
.
  ေအာင္ခမ္း (ရိုးရာေလး)

#aungkham_yyl
#article_yyl

(Unicode version)

ဖုန်းပျောက်သူနဲ့ ဖုန်းကောက်ရသူ

မိတ်ဆွေတို့ ဖုန်းပျောက်ဖူးပါသလား၊ ဖုန်းလည်း ကောက်ရဖူး ပါသလား။ စာရေးသူကတော့ ယင်း အတွေ့အကြုံ နှစ်ခုစလုံးကို ရဖူးပါတယ်။ တစ်ခေါက်တစ်ခါ တုန်းက တက္ကဆီစီးတော့ အနောက်ခန်းမှာ ခရီသည် တစ်ယောက်ရဲ့ ဖုန်းကို တွေ့တော့ တက္ကဆီသမားကိုမေးတော့ သူလည်း တာဝန်မယူဘူး ဆိုတော့ ကျွန်တော် ယူပြန်ပြီး ပိုင်ရှင်ကို ဖုန်းဆက်ရှာခဲ့ပါတယ်။

ဖုန်းကို မြင်တာနဲ့ အရင်ဆုံး ဖုန်းပျာက်သွားသူအနေနဲ့ ဘယ်လို ဝေဒနာ ဆိုးတွေ ခံစားရမှာပါလိမ့် ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကို အရင်ဝင်မိခဲ့ပြီး သူ့ဖက်က ဖုန်းအရင်မဆက်ခင်တောင် စာရေးသူက တစ်ဂွမ်ဂွမ်နဲ့ သူနဲ့ နီးစပ်ရာ အားလုံးကို လိုက်ဆက်ခဲ့ပါတယ်။ နောက်တော့ ဖုန်းကို လာယူစေပြီး သူ့လက်ထဲက ငွေကို အတင်းထိုးပေးတော့ မယူပါရစေနဲ့လို့ ငြင်းခဲ့ ရပါသေးတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ စာရေးသူရဲ့ ကိုယ်ပိုင်ဖုန်း တစ်လုံး တက္ကဆီပေါ်မှာ ကျန်ခဲ့ပါတယ်။ နောက်တက်တဲ့ ခရီသည်က တွေ့ပြီး ယူသွားပုံရပါတယ်။ ဖုန်းပြန်ဆက်တော့ နေရာတစ်နေရာကို လာယူပါလို့ ပြောပေမယ့် တကယ်လည်း ရောက်ရော ဖုန်းထဲမှာ ဖုန်းပိတ်ထားပါတယ် ဆိုတဲ့ အဖြေကိုသာ ကြားရပါတော့တယ်။ ဖုန်းက ဈေးကြီး ခပ်လှလှဖုန်း တစ်လုံး ဖြစ်နေလို့လည်း ကောက်ရသူ ပြန်မပေးဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။

ဖုန်းပိုင်ရှင်တွေအနေနဲ့ iPhone ဆိုရင် iCloud ချိတ်ဆက်ခြင်း၊ Find my iPhone feature ကို turn on လုပ်ခြင်းတို့ ပြုလုပ်သင့်ပြီး Android ဆိုရင်လည် အခြားသော Security feature app တွေကို ထည့်ထားသင့်ပါတယ်။

အကောင်းဆုံး ကတော့ နမောနမဲ့ မနိုင်ပဲ သွားလေရာ စိတ်နဲ့ ကိုယ်နဲ့ ကပ် သတိနဲ့ နေဖို့ အကောင်းဆုံးပေါ့။ ဒါပေမယ့် လူဆိုတာ တစ်ခါတစ်လေကျ မှားတတ် မေ့တတ် တာပဲ။

ရေအဆုံး ကုန်းတစ်ဝက် ဆိုတဲ့ စကားပုံက ဘယ်ကလာလဲတော့ မသိ။ ကိုယ်မပိုင်တဲ့ ပစ္စည်းတစ်ခု ကိုယ့်လက်ထဲ ရောက်လာရင် ပိုင်ရှင်ကိုယ်တိုင်က ကျနော့ပစ္စည်းပါလို့ claim လုပ်လာခဲ့ရင် ပြန်ပေးသင့်တယ်လို့ ထင်တာပါပဲ။ မပေးရင်တောင် မယူဘူးပေါ့။ ဘာလို့လဲဆို ဒါဟာ သူတစ်ပါး ပစ္စည်း အလိုမတူပဲ ရယူတဲ့ အကုသိုလ် အမှု တစ်ခုပဲလေ။

ဘာပဲ ဖြစ်ဖြစ် လူတိုင်း ကိုယ့်လို စိတ်မထားနိုင်ရိုးလာဆိုပြီးတော့ မိမိရဲ့ ကောင်းတဲ့ စိတ်တွေကို မကောင်းဖြစ်သွားအောင် မကူးဆက်မိပါစေနဲ့။ မိမိသာ ယခုလို ကြုံတွေ့တဲ့အခါ တစ်ဖက်သားကို စာနာလို့ ရိုးပင်းကူညီတတ်ကြပါစေ။ စာရေးသူကတော့ ရိုင်းပင်းကူညီ၊ စာနာမှု မရှိတဲ့ ပတ်ဝန်းကျင်မှာ နေရမှာ အင်မတန် ကြောက်မိ ပါတယ်။


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...