စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမီး အသက်ကြီးသွားပြီလို့ ခံစားလိုက်ရတဲ့အချိန်




ေ ကျောင်းတွေလည်းပြီး အလုပ်ထဲရောက် ဘဝအတွက် ကြိုးစားနေချိန်မှာ ကိုယ့်ရဲ့မွေးနေ့ကိုတောင်မေ့နေတတ်ကြပါတယ်။

ငယ်ငယ်တုန်းကလို မစဉ်းစားပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ အချိန်လေးတွေကိုလည်း ပြန်လည်သတိရနေမိနိုင်ပါတယ်။

ဘယ်အချိန်အခိုက်အတန့်မှာ ကိုယ်က အသက်ကြီးသွားပြီလို့ ခံစားရသလဲဆိုတာကို ပြောပြမယ်နော်။

၀၁. ညမအိပ်ပဲ လျှောက်မသွားနိုင်တော့ပါ။

ငယ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ မိုးလင်းပေါက် လျှောက်သွားနိုင်ခဲ့ပင်မဲ့ အခုတော့ စိတ်မဝင်စားတော့ပါ။

၀၂. တတ်နိုင်သလောက် ပိုက်ဆံကို ချွေတာနေပါတယ်။

တတ်နိုင်သလောက် ဈေးပေါပေါနဲ့ အရည်အသွေးကောင်းတဲ့ပစ္စည်းကို ရအောင်ဝယ်ပါတယ်။ ပိုက်ဆံကို ချွေတာနေပါတယ်။

၀၃. ကျောင်းသူလား။

အရင်တုန်းကတော့ အပြင်သွားရင် အမှတ်မထင် ကျောင်းသူလားလို့ အမေးခံရတာလည်း မရှိတော့ပါ။

၀၄. ဆီတွေလည်း မစားချင်တော့ပါ။

အဆီတွေများတဲ့အစာတွေထက် ကျန်းမာရေးမှာ အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို စပြီးစားနေပါပြီ။

၀၅. လက်ထပ်မင်္ဂလာပွဲတွေလည်း မသွားချင်တော့ပါ။

သူငယ်ချင်းတွေချည်းပဲ ပန်းဝင်သွားတဲ့အတွက် ကိုယ်ကတော့ ပြေးနေဆဲပါ။

၀၆. အချစ်ရေးထက် စီးပွားရေး

ချစ်သူကိုတောင်မှ စီးပွားရေးရှုထောင့်ကနေကြည့်နေမိတဲ့အတွက် ပြေးနေဆဲပါ။

၀၇. ကိုယ့်အချိန်မရှိတော့ပါ။

ကျောင်းသူဘဝကို ပြန်သတိရမိပါတယ်။ အိပ်ရေးဝဝအိပ်ရလို့ပါ။ အခုတော့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ အလုပ်အတွက်ကို လုံးပန်းနေရပြီ။

၀၈. မိဘတွေကလည်း မကြည့်တော့ပါ။

အသက်ရလာတော့ မိဘတွေဆိုကလည်း အကူအညီ မရနိုင်သော အခြေအနေတစ်ခုကို သိလာပါပြီ။

၀၉. ကိုယ့်ထက်ငယ်တဲ့ကလေးတွေနဲ့လည်း စကားပေါက်မတည့်ပါ။

ကျောင်းတုန်းက နားထောင်ခဲ့သောသီချင်းတွေအကြောင်း၊ မင်းသားတွေအကြောင်းကို သူတို့ကိုပြောရင်လည်း နားမလည်သလိုလို မသိသလိုလိုလုပ်ကြပါတယ်။

၁၀. Facebook မှာလည်း သူငယ်ချင်းတွေရဲ့ ကလေးအကြောင်းတွေချည်းပါပဲ။

သူငယ်ချင်းတွေရဲ့ကလေးနဲ့ မိသားစုအတွက် Like တွေနှိပ်ရတာဟာ နေ့စဉ်အလုပ်တစ်ခုပါ။

၁၁. ဒေါက်ဖိနပ်ထက် ရိုးရိုးဖိနပ်ပါ။

Customer တွေဖို့ ဟိုပြေးဒီပြေးလုပ်နေရလို့ ဒေါက်ဖိနပ်တောင် မစီးနိုင်တော့ပါ။

၁၂. အရက်လည်း နည်းနည်းသောက်တတ်လာသလို။

ငယ်တုန်းကတော့ အရက်သေရည်ဆိုတာ ဝေလာဝေး။ အခုတော့ အလုပ်က Stress တွေအတွက် နည်းနည်းသောက်ချင်လာပြီ။

၁၃. အင်္ကျီတွေလည်း ရိုးလာသလို ခံစားရတယ်။

ငယ်တုန်းကလို အင်္ကျီလှလှလေးကိုဝတ်ပြီး လန်းဆန်းတတ်ကြွနေခဲ့ပင်မဲ့ အခုကြတော့ အင်္ကျီတွေရော၊ အရောင်တွေကော ထပ်နေပြီ။

၁၄. အိမ်အောင်းနေချင်တယ်။

အရင်တုန်းကတော့ သူငယ်ချင်းတွေနဲ့ လျှောက်သွားရတာ အရမ်းကိုပျော်ခဲ့တယ်။ အခုတော့ သူငယ်ချင်းတွေထက် အိမ်မှာ တစ်ယော်တည်းနေရတာ ပိုပျော်တယ်။

၁၅. အသက်ကြီးတွေနဲ့သာ တွေ့ဖြစ်တယ်။

အလုပ်သဘောအရ အထက်အရာရှိအပြင် လူကြီးပိုင်းတွေနဲ့သာ တွေ့နေရတယ်။

၁၆. ချက်ချင်းဆိုသလို မျက်ရည်တွေ ကျလာတယ်။

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ ကြည့်တဲ့အခါ ချက်ချင်းဆိုသလို မျက်ရည်တွေကျလာတတ်တယ်။ တခုခုဆိုရင် ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ ကျွန်မ။

၁၇. ငယ်ဘဝကို ပြန်လွမ်းနေပြီ။

လူကြီးဖြစ်ရန် နောက်၁ထစ်ကိုတက်ရင်ရပင်မဲ့လည်း လူကြီးလုပ်ရန် သတ္တိမရှိတော့ ငယ်ဘဝကို ပြန်လွမ်းမိပါတယ်။

Chelmo Team

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...