စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ်ဖြတ်ရာတွင် အကောင်းဆုံးနည်းလမ်း ရှာဖွေရန် သွေးစစ်ဆေးမှုက အထောက်အကူပြုနိုင်


ဆေးလိပ်သောက်သူများကို ဆေးလိပ်ပြတ်သွားနိုင်သည့် အကောင်းဆုံး နည်းလမ်းရွေးချယ်ရာတွင် သွေးစစ်ဆေးမှု ခံယူခြင်းသည် အထောက်အကူပြုနိုင်ကြောင်း Lancef ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ သိရသည်။

ဆေးလိပ်ဖြတ်ရန် ကြိုးစားသူများ၏ ၆၀ ရာခိုင်နှုန်းမှာ ပထမဆုံးသီတင်းပတ်အတွင်း ဆေးလိပ်ပြန်သောက်လေ့ရှိကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။ သို့သော် လူတစ်ဦး နီကိုတင်းဓာတ်ကို မည်မျှမြန်မြန် ချေဖျက်ပစ်နိုင်သည်ဆိုခြင်းကို တိုင်းတာခြင်းက ဆေးလိပ်ဖြတ်ရာတွင် အောင်မြင်နိုင်ခြေပိုများလာနိုင်သည်ဟု သုတေသီများက ပြောသည်။

ကုန်ကျရကျိုးနပ်သော ယင်းအပိုစစ်ဆေးမှုများ၏ ရလဒ်ကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု အခြားသော ပညာရှင်များက ပြောသည်။ နီကိုတင်းဓာတ်မှာ စီးကရက်များတွင်ပါဝင်သော စွဲလမ်းမှု အရှိဆုံးပစ္စည်းများအနက် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ နီကိုတင်း ဓာတ်ပါဝင်မှု အဆင့်နိမ့်ကျသွားချိန်တွင် ဆေးလိပ်သမားများ အငမ်းမရ ဆေးလိပ်သောက်ချင်လာလေ့ ရှိသည်။
သို့သော် လူတစ်ဦးနှင့်တစ်ဦး   နီကိုတင်းဓာတ်ချေဖျက်နိုင်မှုနှုန်းမတူညီကြပေ။ နီကိုတင်းဓာတ် မြန်မြန်ချေဖျက်နိုင်သူများမှာ ဆေးလိပ်ပိုသောက်ချင်လေ့ရှိပြီး ဆေးလိပ်ဖြတ်ရခက်သည်ဟု သိပ္ပံပညာရှင်အချို့က ပြောသည်။

နီကိုတင်းဓာတ် ချေဖျက်နိုင်မှု သာမန်နှုန်းထားရှိသူများမှာ ဆေးလိပ်အစားထိုး  ကပ်ခွာများသုံး၍ ဆေးလိပ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများကို သွေးစစ်ဆေးမှုများပြုလုပ်ပြီး လေ့လာခဲ့သည့် သုတေသီများက ပြောသည်။

နီကိုတင်းဓာတ်ကို ခန္ဓာကိုယ်က ချေဖျက်ရာတွင် နှေးကွေးသူများမှာလည်း ဆေးလိပ်ဖြတ်ရ လွယ်ကူကြောင်းသိရသည်။ အကူအ ညီမပါဘဲ ဆေးလိပ်ဖြတ်ရန် ကြိုးစားနိုင်မှုမှာ တစ်နှစ်လျှင် ၄ ရာခိုင်နှုန်းမျှသာ ရှိသည်ဟု   လန်ဒန်ကောလိပ် တက္ကသိုလ်မှ ပါမောက္ခရောဘတ်ဝက်စ်က ပြောသည်။
-BBC6

.http://7daydaily.com/story/29401

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...