စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့် ဟန်းဆက်မဟန်းအောင် ဘာတွေ လုပ်ရမလဲ





ပစ္စည်း သင်္ခါရ၊ လူသင်္ခါရ။ မအိုမနာမသေ လူမရှိသလို၊ မပျက်၊မဟန်းတတ်တဲ့ ပစ္စည်းလည်း မရှိဘူး။ အချိန်တန်ရင်တော့ ပျက်မယ်။ ဟန်းမယ်။ ဒါကို သေချာ ထိန်းသိမ်းပြီး သုံးသွားရင်တော့ သက်သာပါမယ်။ ဒီတော့ စက် မဟန်းအောင်၊ ခပ်ကြာကြာနဲ့ ခပ်ကောင်းကောင်းလေး သုံးရရန် နည်းလမ်း ကတော့ -

၁) Android မှာ သူ့အတွက် Doctor App တွေရှိတယ်။ iPhone ကတော့ အသုံးပြုရသလောက် ဘာ Third Party Doctor App မှ မထည့်လည်း ဟန်းတာ ကြုံခဲတယ်။

၂) App တွေ သုံးပြီးရင် Background running ကို ပိတ်ပေးရမယ်။

၃) System Refresh လုပ်ပေးရမယ်။

၎) Battery ကို တစ်လ တစ်ခါလောက် Drain လုပ်ပေးရပါတာ်။ drain လုပ်ပေး ဆိုတာ အား အကုန် ကုန်အောင် သုံးဖို့ ဖြစ်ပါတယ်။ ပြီးရင် အားပြန်သွင်းပါ။

၅) တစ်ပတ်တစ်ခါ Phone Restart လုပ်ပေးရပါမာ်။

၆) အချို့ App တွေက ကိုယ့် system နဲ့ Device နဲ့ အံ့ကိုက်မဖြစ်ဘူး။ ဥပမာ Samsung မှာ Zepya က လေးပါတယ်။ System လုပ်ဆောင်ချက် အများကြီးယူတယ်။ မိမိ Device နဲ့ သွင်းထားတဲ့ App တို့ compact ဖြစ်မဖြစ်ကိုလည်း လေ့လာရန်လိုအပ်တယ်။ တွေ့ကရာ App မထည့်ပဲ အမှန်တကယ် သုံးတဲ့ App တွေသာထည့်ပါ။

၇) စက်ကို နားနားပြီး အသုံးပြုဖို့ လိုအပ် ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့တတ်သူများ အနေနဲ့ တစ်နာရီဆော့ပြီးရင် အနည်းဆုံး တစ်နာရီ နားဖို့ လိုအပ် ပါတယ်။ ဆက်တိုက် ဆော့ရင်တော့ System လုပ်ဆောင်ချက များလို့ တာရှည်ခံမှု အားနည်းပါမယ်။

  အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...