စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...








 
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ပျော်ရွှင်မှု ဖန်တီးဖို့အတွက် ချစ်သူဆီက စောင့်မျှော်မနေသင့်တဲ့ အရာများ
ချစ်သူရှိတာကောင်းပါတယ်။ ချစ်သူက ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးတယ်ဆိုရင် ဒါဟာ ပိုကောင်းတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူ ဒါလုပ်ပေးမလား
မသိဘူး။ သူ တစ်နေ့နေ့ ဒါလုပ်ပေးမှာပါ ဆိုပြီး စောင့်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ပျော်ရွှင်
မှုရရှိဖို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်တာမျိုးပေါ့။ ဘယ်လိုအရာမျိုးတွေကို အမျိုးသားတွေ လုပ်ပေးဖို့ စောင့်မနေသင့်ဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။

တန်ဖိုးကြီး လက်ဝတ်ရတနာတစ်ခုခု ၀ယ်ပေးမလားဆိုပြီး စောင့်မျှော်တတ်ခြင်း
ကိုယ့်ချစ်သူက ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့ လက်စွပ်လေးများ ၀ယ်ပေးမလား၊ ကိုယ်လိုချင်တဲ့ နားကပ်လေးများ ၀ယ်ပေးမလား မျှော်လင့်နေရတဲ့အလုပ်ထက် ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် လက်ဝတ်ရတနာကို ၀ယ်ဝတ်လိုက်တာ ပိုကောင်းပါတယ်။ သူမပေးလို့ဆိုပြီး စိတ်ကသိကအောက် ဖြစ်နေမယ့်အစား ကိုယ့်စိတ်ကြိုက် ၀ယ်လိုက်တာ ပိုကောင်းပါတယ်။

သွားချင်တဲ့ခရီးအတွက် သူ့အကြံပြုချက်ကို စောင့်မျှော်တတ်ခြင်း
ခရီးသွားတဲ့အခါ တစ်ယောက်တည်း မသွားရဘူးလို့ သူက ပြောထားပါသလား။ အမှန်တော့ ခရီးသွားတယ်ဆိုတာ စိတ်လွတ်လပ်မှုတစ်ခု၊ အပန်းဖြေမှုတစ်ခုကို ရှာဖွေတာပါ။ သူမအားလို့ ကိုယ်မသွားရတာမျိုး အဖြစ်ခံစရာ မလိုပါဘူး။ တစ်ယောက်တည်းသွားတော့ရော ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ဘိုကင်လုပ်တာကအစ အရာအားလုံး ချစ်သူက လုပ်ပေးမလားဆိုပြီး မျှော်လ
င့်နေရင်း ကိုယ်သွားချင်တဲ့ခရီးကို အပျက်မခံပါနဲ့။

စားချင်တဲ့အရာတွေကို အတူစားဖို့ စောင့်မျှော်ရခြင်း
တစ်ခါတစ်လေ ချစ်သူမပါဘဲ ကိုယ့်ဘာသာကိုယ် အလှလေးဘာလေးပြင်၊ အမိုက်စားဝတ်ပြီး အကောင်းစား စားသောက်ဆိုင်မှာ စားသောက်ချင်တာမျိုး ဖြစ်လာရင် သွားလိုက်ပါ။ ငါသွားပြီး သူ့ထားခဲ့တယ်ဆိုတဲ့ အပြစ်ရှိသလို ခံစားချက်မျိုးထားဖို့ မလိုပါဘူး။ ဒီလိုသွား၊ စားတာမျိုးဟာ သူ့နောက်ကွယ်မှာ နော်ကတစ်ယောက်ထားတာမှ မဟုတ်ပဲ။ ဒီတော့ ခုလိုစိတ်ဖြစ်လာရင် လိုက်ပို့ပေးပါဖို့၊ ကိုယ်နဲ့အတူ အဖော်ပြုပေးဖို့ မေးရမြန်းရ စောင့်ရတာမျိုးတွေ မလုပ်ပါနဲ့။

အိမ်ပြောင်းချင်တာမျိုး သူ့ထောက်ခံချက်ကို စောင့်မျှော်ရခြင်း
ကိုယ်နေထိုင်တဲ့ တိုက်ခန်း၊ အိမ်ပြောင်းဖို့ လိုနေပြီလို့ ခံစားရရင်၊ အဆင်မပြေတော့ဘူးဆိုတာ သေချာရင် နောက်တစ်နေရာပြောင်းတဲ့အခါ သူ့ကပြောင်းဆိုမှ ပြောင်းရမှာပါလား။ မဟုတ်ပါဘူး။ ကိုယ်နေထိုင်ရတာ အဆင်ဘယ်လောက် မပြေဘူးလဲဆိုတာ ကိုယ်သာသိပါလိမ့်မယ်။ သူ့ဆီက ထောက်ခံချက်နဲ့ ပြောင်းရ၊ မပြောင်းရ တာတွေ စိတ်ထဲ ထင့်မနေပါနဲ့။

ကိုယ့်နာမည်ရေးထိုးဖို့ သူ့ဆီက ခွင့်ပြုချက် စောင့်ရခြင်း
တစ်ခါတစ်လေ စာရွက်လေးတစ်ခုပေါ်မှာ တစ်ခုခုရေးတော့မယ်ဆို နှစ်ဦးစလုံးနာမည်ပဲ ရေးရမှာ
လား၊ ကိုယ့်နာမည်ရေးရမှာလား။ ဒါမှမဟုတ် ကိုယ့်အသုံးအဆာင်မှာ နာမည်လေးတစ်ခုခု တပ်ချင်
တယ်၊ ထွင်းချင်တယ်ဆိုပါစို့။ ကိုယ့်နာမည်ကိုယ်တပ်ပစ်လိုက်ရင် သူစိတ်ဆိုးမှာလား ဆိုတာ စဉ်းစားနေမိပါတယ်။ တကယ်တော့ ကိုယ့်နာမည်ကိုယ်တပ်တာ ဘာမှ အမှားမပါပါဘူး။ သူနဲ့လက်ထပ်ပြီးသွားပြီဆိုတော့မှ နှစ်ယောက်သားရဲ့ အသုံးအဆောင်တွေကို စိတ်ကြိုက်နာမည်ရေထိုးလို့ရတာပဲလေ။

Credit : Trend Myanmar


https://www.facebook.com/ngwetarye/photos/a.282551765258346.1073741828.276648355

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...