စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







.How to train your Dragon

လူတွေကိုသတ်ချင်နေတဲ့သူကတော့သတ်နေမှာပဲဆိုတဲ့စကားလေးတစ်ခွန်းနဲ့.....How to train your Dragon

“How to train your Dragon”ကာတွန်းဇာတ်လမ်းလေးသည် စာရေးသူအင်မတန်နှစ်သက်တဲ့ကာတွန်းဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။အဓိကကြိုက်ရတဲ့အကြောင်းရင်းကတော့
နဂါးတွေကြောင့်ပါပဲ။

အရောင်အသွေးစုံတဲ့နဂါးကြီးငယ်မရွေးတွေကကြောက် စရာကောင်းနေဖို့ထက်ချစ်စရာကောင်းနေတာပါပဲ။
နော်ဝေနိုင်ငံရဲ့ဗိုက်ကင်းတွေအကြောင်းတွေကိုပုံဖော်ထားတဲ့
ဇာတ်လမ်းလေးဖြစ်ပါသည်။ဒီကားကိုဖန်တီးသူတွေသည်
နော်ဝေကိုသွားရောက်လေ့လာခဲ့ပါသေးတယ်။

“How to train your Dragon ”ကာတွန်းကား လေးသည်
အပိုင်းတစ်၊နှစ်ဆိုပြီးရုံတင်ခဲ့ပါတယ်။ဇာတ်ကားလေးရဲ့
အဓိကဇာတ်ကောင်လေးကတော့ဟစ်ကပ်(ပ်)ဆိုတဲ့
လူသားလေးနဲ့တူလပ်(စ်)ဆိုတဲ့နဂါးလေးပါပဲ။

ပထမဇာတ်ကားမှာတော့နဂါးနဲ့လူသားတွေစစ်ဖြစ်တာတွေနဲ့
ဇာတ်လမ်းလေးကိုစတင်ထားပါတယ်။ဟစ်ကပ်(ပ်)ရဲ့ဖခင်ဖြစ်
သူသည်နဂါးမုန်းဝါဒီတစ်ဦးဖြစ်ပါသည်။နဂါးတွေသည်လူသားတွေ
ရဲ့ဘ၀ကိုဖျက်ဆီးပစ်နေတယ်လို့ယုံကြည်နေပါတယ်။သားဖြစ်သူ ဟစ်ကပ်(ပ်)ကတော့နဂါးတွေကိုအကြောင်းမဲ့မသတ်ချင်ပါဘူး။သူ
သည်ဘ၀ကိုငြိမ်းချမ်းစွာနေထိုင်ချင်သူတစ်ဦးလည်းဖြစ်ပါသည်။သူ
သည်တစ်နေ့မှာတော့သူကိုယ်တိုင်ဖန်တီးထားသောနဂါးဖမ်း
ပိုက်ကွန်နဲ့နဂါးလေးတစ်ကောင်ကိုဖမ်းမိပါတယ်။သွားတွေကိုလို သလိုထုတ်နိုင်သွင်းနိုင်သောနဂါးလေးတစ်ကောင်ဖြစ်ပါသည်။
တစ်ကိုယ်လုံးနက်ပြောင်နေတဲ့နဂါးလေးသည်တခြားနဂါးတွေ
လိုမီးမမှုတ်ပဲလျှပ်စစ်ဓာတ်တွေမှုတ်ပါတယ်။

နဂါးနက်လေးသည်ဟစ်ကပ်(ပ်)ကြောင့်အမြီးတစ်ခြမ်းပြတ်
သွားခဲ့ရပါတယ်။နဂါးတစ်ကောင်နဲ့လူသားတစ်ဦးကြားထဲကချစ် ခြင်းတွေကိုလူသားလေးဟစ်ကပ်(ပ်)ကြောင့်ဖြစ်တည်လာခဲ့ရပါတယ်။
ပျက်စီးသွားတဲ့နဂါးနက်လေးရဲ့အမြီးတစ်ခြမ်းလေးကိုဟစ်ကပ်(ပ်)
သည်သူ့အတတ်ပညာတွေနဲ့ဖန်တီးပေးခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်ရန်လိုခြင်းတွေကင်းခဲ့တဲ့အတွက်သူတို့နှစ်ဦး
သည်အသွင်မတူပေမဲ့မိတ်ဆွေတွေဖြစ်လာခဲ့ပါသည်။

နဂါးတွေသည်လူနေအိမ်တွေ၊အစားသောက်တွေကိုဖျက်ဆီးရတဲ့
အကြောင်းရင်းကတော့နဂါးမျိုးနွယ်အချင်းချင်းကအနိုင်ကျင့်နေလို့ပါပဲ။
အင်းအားကြီးမားတဲ့နဂါးတစ်ကောင်သည်သူ့ပတ်ဝန်ကျင်မှာရှိတဲ့
နဂါးသေးသေးလေးတွေကိုသူ့အင်းအားနဲ့လူသားတွေဆီက အစားအသောက်တွေကိုလုယက်ခိုင်းပါတယ်။အဲဒီလိုနဲ့ပဲနဂါးနဲ့လူသား
တွေရဲ့ကြားမှာတိုက်ပွဲဖြစ်လာခဲ့ရပါတယ်။လူသားတွေသည် အင်းအားကြီးတဲ့နဂါးကိုတိုက်ခိုက်ပေးလိုက်တဲ့အခါမှာတော့
နဂါးနှင့်လူသားတွေကြားမှာငြိမ်းချမ်းရေးရခဲ့ပါတယ်။ငြိမ်းချမ်းရေး အတွက်ဟစ်ကပ်(ပ်)သည်ခြေတစ်ဖက်တော့ဆုံးရှုံးလိုက်ရပါတယ်။

လောကတွင်အဖျက်လုပ်ငန်းကိုမှသဘောကျသူတွေလဲရှိနေ
တတ်ပါတယ်။ဘုရားရှင်ရဲ့ငြိမ်းချမ်းရေးတရားတွေကိုမှ
ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ဒေ၀ဒတ်ဆိုတဲ့လူမျိုးတောင်ရှိနေ
တတ်တာပဲလေ။လောကကိုကောင်းကျိုးပြုဖို့မွေးဖွားလာသူ
တွေရှိသလို၊ဆန့်ကျင်ဘက်ဆိုးကျိုးတွေကိုသယ်လာဖို့
လည်းဝန်မလေးတတ်သူတွေလည်းရှိနေပြန်တယ်။

“How to train your dragon”အပိုင်းနှစ်တွင် လောကကြီးကို မငြိမ်ချမ်းအောင်လုပ်ချင်တဲ့သူတစ်ဦးပေါ်လာခဲ့ပါတယ်။
သူ့ကိုနှိပ်စက်ခဲ့တဲ့နဂါးတွေသူ့ရှေ့မှာဝပ်ထွားနေရမယ် ဆိုတဲ့စိတ်ဓာတ်နဲ့နဂါးတွေကိုသိမ်းပိုက်ပြီးနဂါးစစ်တပ်
တည်ထောင်ချင်သူပေါ့။သူကတော့သူနာကျင်ခဲ့ရတဲ့ဒဏ်ရာ
တွေအတွက်ကလဲ့စားချေတာတဲ့။အမှန်တော့သူ့အလိုလောဘတွေ
အတွက်နဂါးတွေကိုအသုံးချခဲ့ရုံသက်သက်ပါပဲ။

“သား......လူတွေကိုသတ်ချင်နေတဲ့သူတစ်ယောက်ကို
လူမသတ်ပါနဲ့လို့မင်းပြောလို့ရမှာမဟုတ်ဘူးတဲ့။”ငြိမ်းချမ်းရေး
ကိုလိုလားတဲ့သားဖြစ်သူဟစ်က်(ပ်)ကိုဖခင်ဖြစ်သူက
ဖျောင်းဖျပြောဆိုခဲ့တဲ့စကားလေးတစ်ခွန်းပါပဲ။နောက်ဆုံးမှာ
တော့သားဖြစ်သူကိုကာကွယ်ပေးရင်ဖခင်ဖြစ်သူသည်
သေဆုံးခဲ့ရပါတယ်။လူငယ်တစ်ဦးဖြစ်တဲ့ဟစ်ကပ်(ပ်)အတွက်က
တော့လောကကြီးကကိုယ်လိုချင်သလိုဖြစ်လာလိမ့် မယ်လို့ယုံကြည်ခဲ့ပေမဲ့အတွေ့အကြုံများတဲ့ဖခင်တစ်ဦး
ကတော့သားသင်ခန်းစာရဖို့အတွက်အသက်ပေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့စစ်ဖြစ်ချင်တဲ့သူသည်စစ်ဖြစ်ဖို့အတွက်
ဖန်တီးခဲ့သလို၊စစ်မဖြစ်ချင်တဲ့သူကလဲစစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ရပါတယ်။
စစ်တစ်ပွဲဖြစ်လာပြီးဆိုရင်နှစ်ဖက်စလုံးကတော့ထိခိုက်ကြရတာပါပဲ။
ဒါပေမဲ့စစ်ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ခံယူချက်လေးတော့ရှိသင့်ပါ တယ်။ဇာတ်လမ်းထဲမှာတော့ဟစ်ကပ်(ပ်)သည်သူ့ရွာကလေး၊
သူ့လူမျိုးနဲ့နဂါးတွေကိုကာကွယ်ပေးဖို့အတွက်စစ်တိုက်ခဲ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့သူ့ဆီမှာဖခင်အတွက်ကလဲ့စားချေစိတ်
ရှိချင်ရှိနေလိမ့်မယ်။ဒါပေမဲ့နည်းနေပါလိမ့်မယ်။သူသည်ပြိုင်ဘက် ရန်သူနဲ့နဂါးကြီးကိုသူ့လက်နဲ့မသတ်ခဲ့ပါဘူး။

ဇာတ်လမ်းထဲမှာနဂါးနက်လေးတူလပ်(စ်)သည်အညှို့ခံလိုက်
ရတဲ့အတွက်ဟစ်ကပ်(ပ်)ရဲ့ဖခင်သည်အသတ်ခံလိုက်ရပါတယ်။
ဒါပေမဲ့သူတို့နှစ်ဦးကြားမှာရှိတဲ့ယုံကြည်မှုကြောင့်သူတိုနှစ်ဦးရဲ့
ခင်မင်မှုသည်မပျောက်ပြယ်ခဲ့ပါဘူး။ဆက်ဆံရေးသည်ယုံကြည်မှုတွေ
ကြောင့်တာခိုင်မြဲနေရတာပါ။ဒါပေမဲ့ယုံကြည်မှုရဲ့အုတ်မြစ်ကတော့
ရိုးသားတဲ့စိတ်ထားလေးပါပဲ။မျိုးနွယ်မတူ၊ပုံစံတွေကွဲပြားနေပါစေ၊ ရိုးသားတဲ့ဆက်ဆံမှုလေးတွေရှိနေမယ်ဆိုရင်
ယုံကြည်မှုလေးကခိုင်မြဲနေမယ်ဆိုတာကိုနဂါးလေးတစ်ကောင်နဲ့
လူသားလေးတစ်ဦးကဇာတ်ကားလေးထဲမှာပုံဖော်ပေးထားပါတယ်။

လူသားနဲ့တိရစ္ဆာန်တွေဖြစ်ရတဲ့စစ်ပွဲထက်၊လူသားချင်းချင်းဖြစ်
ရတဲ့စစ်ပွဲတွေကပိုအကျဉ်းတန် ကြောင်းကိုကာတွန်းကားလေး
ကပြသခဲ့ပါတယ်။စာရေးသူကတော့ကာတွန်းဇာတ်ကားလေး
ကိုကြည့်ပြီးသွားတော့ကားတွန်းအရည်အသွေးတွေကောင်းနေ
တာထက်ကာတွန်းရဲ့အတွေးတွေကပိုကောင်းနေတယ်လို့ခံစားမိပါတယ်။

သက် (ref:how to train your dragon)

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...