စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်းသား Johnny Depp ပြောတဲ့ အချစ်ဆိုတာ


        
လူဆိုတာ တစ်ယောက်အကြိုက် တစ်ယောက်လိုက် ၊ တစ်ယောက်အပေါ် တစ်ယောက်နားလည်ဖို့ မဆိုထားနဲ့ တခါတလေ ကိုယ့်ကိုယ် နားလည်ရခက်တဲ့ အခိုက်အတန့် လူတိုင်းမှာရှိကြမှာပါ ။ ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) အင်္ကျီအဝတ်အစားတွေပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်မယ်ထင်လို့ ရွေးပြီးခါမှ
နောက် ဒီဇိုင်းလေးက ပိုမိုက်နေသလိုလို ၊ ၂ ခုလုံးကို ကြိုက်နှစ်သက်သလိုလို အတော်လေးကို ရွေးချယ်ရခက်တဲ့ အနေအထားမျိုးရှိပါလိမ့်မယ် ။ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူတစ်ယောက်အတွက် ရွေးချယ်ဖို့ဆိုတာ သူ့ဆီမှာ သိပ်များများစားစားမရှိပေမယ့် တွေဝေနေသူအတွက်တော့ ရွေးချယ်ဖို့က အင်မတန် များလွန်းပါတယ် ။

ဒီလိုပါပဲ ။ လူရယ်လို့ဖြစ်လာပြီဆိုရင် အရွယ်ရောက်လာတဲ့အခါ တွေ့ကြ ၊ စုံကြ ၊ ချစ်ကြ ဆိုတဲ့ ဝေါဟာရက ဖယ်ခွာလို့ မရပြန်ပါဘူး ။ ဆိုလိုချင်တာက တခါတလေ လူတွေမှာ ချစ်ရသူ ၂ ယောက် ၊ စိတ်ဝင်စားသူ ၂ ယောက် ပိုင်ဆိုင်ထားတဲ့ အခြေအနေမျိုး ရှိဖူး ကြုံဖူးပါလိမ့်မယ် ။ ပထမတစ်ယောက်နဲ့ စတွေ့တယ် စိတ်ဝင်စားတယ် ၊ ဒုတိယတစ်ယောက်နဲ့ တွေ့တယ် စိတ်ဝင်စားတယ် ။ အဝတ်အထည်တွေလို ငွေရှိရင် ၂ ခုလုံးဝယ်လို့ရပေမယ့်
နှစ်ယောက်လုံး ကိုလက်တွဲဖို့ဆိုတာ နှလုံးသားကိုရင်းပြီး လုပ်ရမယ့်အရာက ကိုယ်ကြိုက်တဲ့ အင်္ကျီ ၂ ထည်လုံးကို ဝယ်လိုက်တာမျိုးလောက် မလွယ်ကူပါဘူး ။

အဲ့အတွက် ကမ္ဘာကျော်မင်းသား Johnny Depp ရဲ့ စကားက ပြတ်ပါတယ် ။
“if you love two people at the same time, choose the second. Because if you really loved the first one, you wouldn't have fallen for the second.”
" တစ်ပြိုင်တည်းလူနှစ်ယောက်ကိုချစ်မိနေတယ်ဟုတ် ။ ဒုတိယ တစ်ယောက်ကို ပဲရွေး ။ ဘာလို့လဲဆိုတော့ မင်းပထမတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ဒုတိယတစ်ယောက်ကို ချစ်မိစရာအကြောင်း မရှိလို့ပဲ "

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073741828.5

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...