စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာ အရွယ်တင် အသက်ရှည်ဆေး


                     
ပေါက်ပေါက်
သက်ရှည်ကျန်းမာ အသက် ၁ဝဝ နေနိုင်ခြင်း အကျိုးငှာ နေ့စဉ်လူနေမှုဘဝပုံစံကို စိတ်ဖိစီးမှုတွေလျှော့ချ၊ အိပ်ရေးဝဝအိပ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ ရေဝဝသောက်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အားရှိတဲ့ အစားအစာတွေစား၊ ကျန်းမာရေးအတွက် ဘေးဖြစ်စေတဲ့ အစားအစာတွေကိုရှောင်၊ လိုအပ်ရင် ပဋိဇီဝဆေးဝါးမှီဝဲ၊ အလှအပပြင်ဆင်၊ မိသားစုမိတ်ဆွေသင်္ဂဟများဖြင့် ပျော်ပျော်နေ စသည်ဖြင့် မည်မျှပင်ကြိုးစားအားထုတ်ပါစေ တကယ့် 'ကျန်းမာဆေး အရွယ်တင်ဆေး အသက်ရှည်ဆေး' ကို မိမိဖာသာ ဖော်စပ်နိုင်ပါမှ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးများစေမှာ ဖြစ်ပါတယ်။
 

(၁) ကျန်းမာဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ 'လောဘ ကင်းတဲ့စိတ်' ဖြစ်ပါတယ်။
(၂) အရွယ်တင် နုပျိုစေဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ 'ဒေါသကင်းတဲ့စိတ်' ဖြစ်ပါတယ်။
(၃) အသက်ရှည်ဖို့အတွက် မိမိဖာသာဖော်စပ်ရမည့် ဆေးကတော့ မောဟကင်းတဲ့စိတ်' ဖြစ်ပါတယ်။
 

'အလောဘသည်' ကျန်းမာရေးအတွက် အခြေခံကျသော အကြောင်း တရားဖြစ်သည်။ တပ်မက်မှုနည်းသူသည် မသင့်တော်သော အရာကို ရှောင်နိုင်သဖြင့် အနာ
ကင်းလေသည်။ 'အဒေါသသည်' အရွယ်တင်မှုကိုဖြစ်စေသည်။ ဒေါသမီးသည် လူရုပ်ခန္ဓာကို လောက်မြိုက်သည့်အခါ အရေပြားတွေ တွန့်လာရသည်။ ဒေါသကင်း၍ အဒေါသစိတ်ရှိသူသည် ကြာရှည်စွာ နုပျိုစေ သည်။


'အမောဟသည်' အသက်ရှည်ဆေးဖြစ်သည်။ ကျိုးမဲ့ကျိုးသိရှိ၍ ကျိုးရှိကိုဆောင် ကျိုးမဲ့ကိုရှောင်နိုင်သောကြောင့် အသက်ရှည်ရသည်။ အသက်ဥာဏ်စောင့်ဟု မှတ်ပါလေ။ ဒါကြောင့် ရခဲလှသော လူ့ဘဝတခဏမှာ ကျန်းမာ အရွယ်တင် သက်တမ်းစေ့နေနိုင်ဖို့အတွက် လောဘ၊ ဒေါသ၊ မောဟတွေကို လျှော့နိုင်သမျှ လျှော့ချကြပါစို့ လားရှင်။

https://www.facebook.com/myanmakyaymon/photos/a.623687667672709.107374182

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...