စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖင်လန် နိုင်ငံမှာ ကလေးတွေကို စာသင်ရန် ဘာသာရပ်များ မထားရှိတော့



ကမ္ဘာမှာ ပညာရေးအားဖြင့် ရှေ့အပြေးဆုံး စာရင်းမှာ ပါဝင်တဲ့ ဥရောပတိုက်က ဖင်လန်နိုင်ငံဟာ ပညာရေးကို ပြောင်းလဲမှုများ ပြုလုပ်နေပါတယ်။ ယင်းထဲမှာ ပြောင်းလဲမှု တစ်ခုကတော့ မူလတန်း ကလေးငယ်များနဲ့ အလယ်တန်း အချို့အဆင့်တွေမှာ ပညာ သင်ကြားတဲ့အခါ ဘာသာရပ်များ မထားရှိတော့ခြင်း ဖြစ်ပါတယ်။

ယင်းသို့ မထားရှိတော့တဲ့ အကြောင်းကတော့ ယခုလို ဖြစ်ပါတယ်။ ကမ္ဘာမှာ ခေတ်ပညာ များစွာ နေ့စဉ်နဲ့အမျှ တိုးတက်နေပြီး တိုးတက်နေတဲ့ အနောက်ကို လိုက်လို့ ခေတ်နဲ့ လျော်ညီတဲ့ ပညာကိုသာ သင်ကြားစေလိုခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ဒ့ါအပြင် နိုင်ငံခြားဘာသာ စကားကိုပါ ထည့်သွင်း သင်ကြားပေး သွားမှာ ဖြစ်ပြီး တွက်ချက်မှု အတွက်လည်း သင်ကြားမှာ ဖြစ်ပါတယ်။ လက်ရှိ ဖင်လန်နိုင်ငံမှ ကျောင်းသားများဟာ ကမ္ဘာ့ သင်္ချာ အတော်ဆုံး စာရင်းထဲမှာ ပါဝင်နေကြောင်း ဆိုပါတယ်။

ယခု ပြောင်းလဲမှုကို အောင်မြင်မယ်လို့ ယုံကြည်ထားပြီး မူလတန်းတွေမှာ စတင် ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်ရိုးစာအုပ် အတည်တကျ မရှိတော့ ပါဘူး။ ယင်းသို့ ပြောင်းလဲမှုကို အခြားသော ဥရောပ နိုင်ငံများကပါ စိတ်ပါဝင်စားလျက် ရှိပြီး ဗြိတိန်မှလည်း အလားတူ ပြုလုပ်ရန် ရှိမရှိ ဆွေးနွေး တိုင်ပင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...