စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခန္ဓာကိုယ်စွမ်းအင်နှင့် စိတ်ခံစားမှုများ ကောင်းမွန်စေသည့် လက်လေ့ကျင့်ခန်း



ဂျပန် ရှေးဟောင်းကုထုံး တစ်ခုရဲ့အဆိုအရ လက်ချောင်း လေးတွေကိုနှိပ်နယ်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို မျှတစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်း မာမှုကိုထောက်ကူပေးတယ်လို့ သိရပါတယ်။ လက်ချောင်းတစ် ချောင်းစီဟာ ကိုယ်တွင်းအင်္ဂါတစ် ခုစီနဲ့ ချိတ်ဆက်နေတာဖြစ်လို့ လက်တစ်ချောင်းစီကို အသက် ပြင်းပြင်းရှူရင်း ငါးမိနစ်စီလောက် နှိပ်နယ်ပေးရမှာပါ။

လက်မ - အစာအိမ်၊သရက်ရွက် တို့နဲ့ချိတ်ဆက်နေပြီး လက်မကို နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ခံစားမှုတွေဖြစ်တဲ့ ပူပန်မှု၊ စိတ်ကျမှုနဲ့ သောကတွေကိုပျောက်ကင်းစေကာ ဗိုက်နာ၊ ဗိုက်အောင့်၊ အရေပြားပြဿနာများ၊ ခေါင်းကိုက်ခြင်းနဲ့ အာရုံကြောဆိုင်ရာရောဂါတွေကို သက် သာစေပါတယ်။

လက်ညှိုး - ကျောက်ကပ်၊ ဆီး အိမ်တို့နဲ့ ချိတ်ဆက်နေတာမို့ လက်ညှိုးကိုနှိပ်ပေးရင် စိတ်မချင့် မရဲခံစားမှု၊ ကြောက်ရွံ့မှု၊ မရေ မရာဖြစ်မှုတွေနဲ့ ခါး၊ ကြွက်သား၊ လက်မောင်းအောင့်တာတွေ၊ သွားနဲ့ ခံတွင်းရောဂါတွေ၊ အစာ မကျေတာတွေကို သက်သာစေပါ တယ်။

လက်ခလယ် - အသည်း၊ ဆီးအိမ်တို့နဲ့ ချိတ်ဆက်နေပြီးဆုံးဖြတ်ချက်မပြတ်သားခြင်း၊ ဒေါသထွက်ခြင်း စတဲ့စိတ်ခံစားမှုတွေနဲ့အတူ သွေးလည်ပတ်မှုပြဿနာ၊ မီးယပ်ပြဿနာ၊ အမြင်အာရုံပြဿနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာတွေကို သက်သာစေပါတယ်။

လက်သူကြွယ် - အဆုတ်၊ အူတို့ နဲ့ချိတ်ဆက်နေပြီး အပျက် သဘောတွေးခြင်း၊ ဝမ်းနည်းခြင်း၊ အပယ်ခံရမည်ကိုစိုးရိမ်ခြင်း၊ ပူ ဆွေးခြင်းခံစားမှုကိုတွေကိုလျော့ ပါးစေကာ အစာမကျေမှု၊ အကြားအာရုံပြဿနာ၊ ရင်ကျပ် ခြင်းတို့ကို သက်သာစေပါတယ်။

လက်သန်း - နှလုံး၊ အူသေးတို့နဲ့ ချိတ်ဆက်နေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်း၊ တန်ဖိုးထား မှုနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု နည်းခြင်း စတဲ့စိတ်ခံစားမှုနဲ့အတူ သွေးတိုး၊ နှလုံး၊ လည်ချောင်းနာ၊ဖောရောင်ခြင်း၊ အရိုးနဲ့အာရုံကြောပြဿနာတွေကို သက်သာစေပါတယ်။

7day daily


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...