စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွေးချင်းကိုက်သည့် ပြဿနာမှအစပြု၍ သုံးလအရွယ်ကလေး အပါအ၀င် မိသားစုသုံးဦး အသတ်ခံရ

 

လှည်းကူးမြို့နယ်တွင် ခွေးချင်းကိုက်ရာမှ အိမ်နီးချင်း စကားများရန်ဖြစ်ကြပြီး သုံးလအ ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် မိသားစုဝင်သုံးဦးစလုံး အသတ်ခံရကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ် မရမ်းချောင်းအုပ်စု၊ သုံးဆယ်တောစခန်းအပိုင်တွင် မတ်လ ၁၅ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်က အိမ်နီးချင်း အချင်းချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားလေးဦးက လူသတ်မှုကျူးလွန်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးက ပြောသည်။ ခွေးချင်းကိုက်ကြရာမှ တစ်ဖက်အိမ်ရှိ ညီအစ်ကိုလေးဦးက ဒေါသဖြစ်ကာ   အိမ်နီးချင်းရှိ အခြားမိသားစုဝင်လေးဦးကို ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

‘‘သေသွားတဲ့ မိသားစုအိမ်က ခွေးကကြီးတယ်။ ခွေးချင်းကိုက်တော့ မိန်းမတွေချင်းစကားများရာက ယောက်ျားတွေပါလာပြီး ဒေါသကိုမထိန်းနိုင်လို့ ကိုင်းခုတ်ဓားနဲ့ ခုတ်လိုက်တာ သေတဲ့လူကသေ၊ တရားခံဖြစ်တဲ့သူက ဖြစ်ပေါ့’’ဟု ဒုရဲမှူးကြီးက ပြော သည်။
ဓားဖြင့်ခုတ်ခံရသော မိသားစုဝင်ထဲမှ သေဆုံးသွားသူများမှာ အသက်(၅၆)နှစ်အရွယ် အမျိုးသမီး၊ ၎င်း၏ အသက် (၁၈)နှစ်အရွယ်သမီးနှင့် သုံးလသားအရွယ် မြေးငယ်ပါ ဓားဒဏ်ရာများရရှိကာ မြေးအဘွားသုံးဦးစလုံး သေဆုံးခဲ့သည်။ သေဆုံးသူကလေးငယ်၏ ဖခင်မှာ ဓားဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အချိန်မီ တင်ပို့နိုင်၍သေဆုံးခြင်းမရှိကြောင်း သတင်းရရှိသည်။

လူသတ်မှုကျူးလွန်သူလေးဦးစလုံးကို ဖမ်းဆီးထားပြီး ပြစ်မှု ဆိုင်ရာပုဒ်မ ၃၀၂/၃၂၆/၁၂၄ဖြစ်သော လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှုနှင့် အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးကပြော သည်။ ‘‘သူတို့ကို တရားရုံးမှာ စစ်ဆေးပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စီရင်ချက်ချမှာဆိုတော့ စစ်ဆေးနေတုန်းပါပဲ။ ကိုင်းခုတ်ဓားရှည်ကိုတော့ သက်သေအဖြစ် သိမ်းဆည်းထားတယ်’’ဟု ခရိုင်ရဲ တပ်ဖွဲ့မှူးကပြောသည်။

လူသတ်မှုကျူးလွန်သူများသည် သုံးဆယ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည်။ သေဆုံးသူများ၏ အလောင်းများကို မတ်လ ၁၆ ရက် နံနက် ၈နာရီတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများက ရင်ခွဲစစ်ဆေးရန် လှည်းကူးဆေးရုံသို့ ပို့လိုက်ခဲ့ကြောင်း သိရသည်။
http://7daydaily.com/story/33917#.VQrfvS7dX

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...