စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ဝန်ထမ်းများကိုစိတ်တက်ကြွပြီး အလုပ်ပိုကြိုးစားအောင် လှုံ.ဆော်နည်း (၃၇)နည်း - အပိုင်း (၁)



၁။ အကြံဥာဏ်သစ်များကိုအားပေးပါ
- သင့်ဆီကိုသင့်ဝန်ထမ်းတွေက အကြံဥာဏ်သစ်တွေ လာပြောပြဆွေးနွေးတဲ့အခါမျိုးမှာ အားပေးအသိအမှတ်ပြုပေးပါ။ ဘာလို.လဲဆိုတော့ သူကသင့် Company နဲ.ပတ်သက်ပြီးစိတ်ဝင်စားမှုတွေ၊ တိုးတက်အောင်လုပ်ပေးချင်စိတ်တွေ ရှိနေသေးလို. ဒီလိုအကြံဥာဏ်သစ်တွေ လာပြောပြတိုင်ပင်တာပါ။ သူ.ဘက်ကကောင်းတဲ့အကြံဥာဏ်မျိုးဆို အကောင်အထည်ဖော်နိုင်အောင်ခွင့်ပြုအားပေးပါ။

၂။ တစ်ဦးချင်းစီတိုင်းကို အခွင့်အရေးပေးဆက်ဆံပါ။
- ရာထူးငယ်လို.၊ ရာထူးကြီးလို.ခွဲခြားမနေဘဲ ၀န်ထမ်းတိုင်းကို အရေးအရာထားပြီး ဆက်ဆံပေးပါ။ တစ်ဦးချင်းစီတိုင်းရဲ. အလုပ်တန်ဖိုးကိုအသိအမှတ်ပြုကြောင်း အလေးထားကြောင်း အစည်းအဝေးတွေမှာ ပါပြောကြားပေးပါ။

၃။ သူတို.မပျင်းသွားပါစေနဲ.။
- လူဆိုတာကိစ္စတစ်ခုကိုကြာကြာကြုံတွေ.ရရင်ပျင်းလာတတ်ပါတယ်။ သင်လည်းသင့်ဝန်ထမ်းတွေကိုအဲ့လိုမပျင်းသွားအောင် လုပ်ပေးနိုင်ဖို.လိုပါတယ်။ ဖြစ်နိုင်ရင်တပတ်တာမှာ ဗုဒ္ဓဟူးလိုနေ.မျိုးရဲ.နေ.ခင်း Meeting ပြီးတိုင်း၊ ဒါမှမဟုတ် ထမင်းစားနားချိန်တိုင်းကို စားသောက်စရာများနဲ.ဧည့်ခံကျွေးမွေးတဲ့အစီအစဉ်ငယ်မျိုးလေးတွေလုပ်ပေးပါ။ သင်ကိုယ်တိုင်မစီစဉ်နိုင်ရင်တောင် စီစဉ်နိုင်တဲ့သူတစ်ဦးဦးကိုတာဝန်ပေးပါ။

၎။ တစ်ဦးချင်းစီအတွက်အထိမ်းအမှတ်လေးတွေလုပ်ပေးပါ။
- လွန်ခဲ့တဲ့ ၇နှစ်လုပ်ငန်းစခဲ့တုန်းက ၀န်ထမ်း၁၀ယောက်နဲ.စတင်ပြီး တစ်ယောက်ချင်းစီရဲ.မွေးနေ.ပွဲလေးတွေကျင်းပပေးပါတယ်။ အခု ၀န်ထမ်းအယောက်၁၀၀ကျော်လည်း တစ်ယောက်ချင်းစီရဲ.မွေးနေ.ပွဲလေးတွေ လုပ်ပေးနေတုန်းပါပဲ။ ဒါအောင်မြင်တဲ့လုပ်ငန်းပိုင်ရှင်တစ်ဦးကပြောပြတာပါ။
၅။ အလုပ်အောင်မြင်မှုတွေအပေါ်ထင်ထင်ရှားရှားချီးကျူးပေးပါ။
- လူတိုင်းကချီးကျူးတာခံချင်ကြတာချည်းပါပဲ။ ၀န်ထမ်းတွေကသူတို.ဆောင်ရွက်တဲ့ကိစ္စတစ်ခုခုအောင်မြင်သွားတာကို အထက်ကလူကြီးတွေချီးကျူးတာမျိုးကိုပိုမျှော်လင့်ကြပါတယ်

၆။ နားထောင်ပေးပါ။
- သင့်ဝန်ထမ်းအတွက်ဒါလုပ်ပေးရတာအလွယ်ဆုံးပါပဲ။ ဒါပေမယ့်အခက်ဆုံးလို.ပြောလို.လဲရပါတယ်။ ဘာလို.လဲဆိုတော့ နေ.တိုင်းလိုလို အချိန်တစ်ခုပေးပြီး ၀န်ထမ်းတွေပြောတာကို နားထောင်ပေးရတာ လွယ်ကူတဲ့အရာတော့လည်း မဟုတ်ပါဘူး။ ဒီလိုနားထောင်ပေးတာက ဒီလုပ်ငန်းရဲ.အလုပ်ရှင်ဖြစ်တဲ့ သင့်အမြင်သက်သက်တင်မဟုတ်ဘဲ ဒီလုပ်ငန်းကိုအောက်ခြေကနေ ကူညီပေးနေတဲ့သူတို.လိုဝန်ထမ်းတွေရဲ.အသိ၊ အခက်အခဲတွေနဲ. စိတ်ကူးအကြံဥာဏ်တွေပါသိနိုင်တော့ သင့်အတွက်လည်းအကျိုးရှိသလို သူ.အတွက်လည်းအားရကျေနပ်မှုကိုဖြစ်စေပါတယ်။

၇။ ခင်မင်ရင်းနှီးမှုပိုရနိုင်တဲ့ပြိုင်ပွဲမျိုးလေးတွေလုပ်ပေးပါ။
- အပြိုင်အဆိုင်လုပ်ပေးတယ်ဆိုတာကလည်းအကျိုးရှိတဲ့နည်းတစ်ခုပါပဲ။ ၀န်ထမ်းတွေကို ပျော်စရာကောင်းတဲ့ပြိုင်ပွဲလေးတွေလုပ်ပေးတာကလည်း သူတို.ကိုရင်းနှီးပျော်ရွှင်မှုပိုရစေသလို စိတ်တက်ကြွမှုကိုလည်းပေးနိုင်ပါတယ်။

၈။ အိမ်မွေးတိရစ္ဆာန်လေးတွေခေါ်လာခွင့်ပြုပေးပါ။
- တခါတလေမှာအိမ်မွေးတိရစ္ဆာန်လေးတွေကို အလုပ်ကိုခေါ်လာခွင့်ပြုလိုက်ပါ။ အိမ်မွေးတိရစ္ဆာန်ဆိုတာ နွေးထွေးမှုတွေကိုပေးနိုင်သလို သူတို.လေးတွေကြောင့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းပါ ရင်းနှီးမှုကိုရစေနိုင်ပါတယ်

၉။ ဂုဏ်ပြုဆုပေးအပ်ပါ။
- တော်တယ်။ ကောင်းတယ် ချီးကျူးရုံနဲ.တော့အကျိုးမရှိနိုင်ပါဘူး။ ၀န်ထမ်းတစ်ယောက်ကထူးထူးချွန်ချွန်ဆောင်ရွက်ပြီး အောင်မြင်ခဲ့တာမျိုးရှိရင်တော့ ထိုက်ထိုက်တန်တန်ဆုပေးအပ်ချီးမြှင့်တာမျိုးလည်း လုပ်ပေးသင့်ပါတယ်။

Wilson Chan (YK)

Credit : Startupcollective

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276958306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...