စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ " ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ" စာအုပ် အရောင်းသွက်

                        

စစ်အစိုးရခေတ် သြဇာကြီးတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ရေးသားတဲ့ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ စာအုပ်ကို မတ်လ ၁ ရက်နေ့မှာ ဈေးကွက်ထဲ ဖြန့်ချိခဲ့ပြီး လတ်တလော ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ်မှာရှိတဲ့ စာပေလောက ၅ မှ အရောင်းဝန်ထမ်းတဦးက "မနက်ကတည်းက စာအုပ် ၅၀ ရောက်လာတာ။ အခုကုန်တော့မယ်။ ဒီစာအုပ်က သိပ်မကြာခင် ဈေးကွက်ထဲမှာ ပြတ်သွားမယ်ထင်တယ်" လို့ ပြောဆိုပါတယ်။
ဦးခင်ညွှန်ရဲ့ စာအုပ်ထဲမှာ သူ အဖမ်းခံရစဉ် အခြေအနေတွေကစလို့ စစ်အစိုးရ ခေါင်းဆောင် ဖြစ်ခဲ့တုန်းက ကြုံတွေ့သမျှတွေကို ရေးသားထားတာ ပါ။

ဒါ့အပြင် စစ်အစိုးရ လက်ထက် တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းတာဝန်တွေကို စေတနာထား ဆောင်ရွက်ခဲ့ပေမယ့် အမှားအယွင်း တွေ ရှိနိုင်ကြောင်း၊ ထိခိုက်နစ်နာသူတွေ ခံစားရသူတွေကို တောင်းပန်ပါကြောင်း ရေးသားထားပါတယ်။
ဦးခင်ညွန့်ရဲ့ စာအုပ်ကို ပန်းမျိုးတရာ စာပေက ထုတ်ဝေတာဖြစ်ပြီး တအုပ်ကို ငွေကျပ် ၈၀၀၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...