စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပွေး၊ညှင်း၊၀က်ခြံ၊တင်းတိတ်များအတွက် အလွယ်ဆုံးနည်း



ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖုများအတွက် အလွန်ရိုးရှင်းလွယ်ကူပြီး တစ်ပတ်အတွင်းမှာ ပျောက်ကင်းသွားစေမည့် မြန်မာ့ရိုးရာ လိမ်ဆေးနည်းလေးကို ရေးသားမျဝေပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီတစ်လုံးကို အခွံခွါပြီး ရေမဆေးပဲ ထုထောင်းပါ။ ဘရန်ဒါကြိတ်စက်ရှိက ကြိတ်ပါ။

(၂) ကြွေပုဂံတစ်လုံးထဲ ထည့်ပါ၊ သံပုရာသီးတစ်လုံးကို ညှစ်ထည့်ပါ။

(၃) ပွေး၊ ၀ဲ၊ ညှင်း၊ ၀က်ခြံ၊ တင်းတိပ် ပေါက်တဲ့နေရာပေါ်ကို တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။

(၄) မျက်စိနဲ့နီးတဲ့နေရာဆိုလျှင် မျက်စိထဲမ၀င်အောင် သတိထားပါ။

(၅) ညပိုင်းအိပ်ခါနီးမှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်ပြီး သနပ်ခါးအမြှစ်ကို သွေးလိမ်းပြီး အိပ်ပါ။

ရိုးရှင်းလွယ်ကူတဲ့ ဒီဆေးနည်းကို ကိုယ်တိုင်ရော သူငယ်ချင်းများပါ လက်တွေ့စမ်းသပ်ပြီး တစ်ပတ်အတွင်း ပျောက်ကင်းခဲ့၍ တဆင့် မျှဝေပေးလိုက်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာတို့အတွက်မြန်မာ့ဆေးမြီးတိုများ


https://www.facebook.com/231741783686751/photos/a.231751513685778.10737

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...