စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်(၆၅)နှစ်နှင့် အထက်များအား လစဉ် ကျပ်နှစ်သောင်းခွဲ ထောက်ပံ့ရန်စီစဉ်

မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအချို့မှာ ကူညီစောင့်ရှောက်မည့်သူ ကင်းမဲ့နေဆဲဖြစ်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကို လစဉ်ငွေကျပ် နှစ်သောင်းခွဲ ထောက်ပံ့ပေးနိုင်ရန် အစိုးရက စတင်စီစဉ်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုဝန် ကြီး ဦးဘုန်းဆွေကပြောသည်။

မြန်မာနိုင်ငံ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး အမျိုး သားအဆင့် မဟာဗျူဟာစီမံချက် တွင် အထက်ပါအစီအစဉ်ပါရှိ ကြောင်း ဒုဝန်ကြီးကဆိုသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင်မည့် ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာ နှစ်တွင် အသက်(၉၀)နှင့် (၁၀၀)နှစ်အကြား အဘိုး၊ အဘွားများ အား လူမှုကာကွယ်စောင့်ရှောက် ရေး ထောက်ပံ့နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်း တွင်လည်း ဘဏ္ဍာငွေတောင်းခံထားကြောင်း မတ်လ ၁၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
 မြန်မာနိုင်ငံ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်တွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို ထောက် ပံ့ပေးနိုင်ရေးအတွက် ထည့်သွင်း ရေးဆွဲထားပြီး လုပ်ငန်းအစီအစဉ် ကို အပြည့်အ၀အကောင်အထည် ဖော်နိုင်သည့်အခါတွင် သက်ကြီး ရွယ်အို ၃ ဒသမ ၅ သန်းထံသို့ ထောက်ပံ့မှုများရောက်ရှိမည်ဟု ဒုဝန်ကြီးက ပြောသည်။

အသက် (၆၅)နှစ်နှင့် (၉၀) နှစ်ကြား အဘိုး၊ အဘွားများအား ဘဏ္ဍာနှစ်အလိုက် ရရှိသော ဘဏ္ဍာငွေပေါ်မူတည်ကာ တစ် နှစ်ပြီး တစ်နှစ်တိုးမြှင့်ထောက်ပံ့ မှုများ ပြုလုပ်သွားမည်ဟု ဒုဝန်ကြီးက လွှတ်တော်အား ပြော သည်။

 မြန်မာနိုင်ငံ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး အမျိုး သားအဆင့် မဟာဗျူဟာစီမံချက် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဦးဆောင်ကာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အ စည်းများ၊ နိုင်ငံတကာနှင့် ပြည် တွင်းအစိုးရမဟုတ်သော အဖွဲ့အ စည်းများနှင့် ပူးပေါင်းရေးဆွဲခြင်း ဖြစ်ကာ ၂၀၁၄ ဒီဇင်ဘာ ၃၀ ရက်က အတည်ပြုမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

http://7daydaily.com/story/33894#.VQrfEy7dXLV

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...