စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပေါင်ချိန် ၅၅ ပေါင် ဝိတ်ချနိုင်ခဲ့သူ



နယူးဇီလန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်သူ Elora Harre ဟာ ၂ နှစ်အတွင်း ပေါင်ချိန် ၅၅ ပေါင် ချနိုင်ခဲ့ပြီး လူအများရဲ့ လေးစား အားကျမှုကို ခံလာခဲ့ရပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂ နှစ် အသက် ၁၉ နှစ် အရွယ်တုန်းက ဘော်ဒီဆိုဒ်က ၂၄ ရှိပါတယ်။

သူဟာ အစားအလွန်အကျွံစားသုံးခြင်းကို ၁၀ နှစ်အရွယ် ဘဝကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ် ရောက်လာတဲ့ အချိန်မှာတော့ သူမဟာ သွေးချို၊ ဆီးချိုနဲ့ ပက်သက်တဲ့ လက္ခဏာများကို တွေ့ရ ပါတယ်။ ဒါကြောင့်မို့ သူမ အနေနဲ့ အသက်ရှည်စွာ နေပြီး ကျန်းမာဖို့အတွက် ရည်ရွယ်တာကြောင့် ဝိတ်ချတဲ့ လေ့ကျင့်ခန်းများကို စတင် လုပ်ပါတော့တယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရသလိုပဲ ၂ နှစ်အတွင်း ယခုလို သိသိသာသာ ဝိတ်ချ နိုင်ခဲ့ပါတယ်။ ဝိတ်ချနိုင်တဲ့အခါ ကျန်ခဲ့တာကတော့ အသားပိုများ ဖြစ်ပါတယ်။ ယင်း အသားများကျတော့ အဝလွန်တုန်းက ရှိထားတာ ဖြစ်ပါတယ်။

ဒီတော့ ယင်း အသားများကို ခွဲစိတ်ခန်းထဲမှာ ခွဲထုတ်မှ ရမှာ ဖြစ်ပါတယ်။ ယင်းအတွက်လည်း အများက သူ့ကို ငွေများ လှူဒါန်းလျက် ရှိပါတယ်။
.
Ref: Metro
အောင်ခမ်း

http://www.innewsmyanmar.com/2015/02/blog-post_27.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...