စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိကျင်ငယ်ရည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် (၄) ချက်

ကျင်ငယ်အရောင်အဆင်းက မိမိရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကို ဖော်ပြနေတယ်ဆိုတာ သိပါရဲ့လား။

ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်ဖြစ်ချင်ရင် ဒီအချက် (၄) ချက်ကို ဖတ်ရှုပါ။

၁။ လူ ၈၀% က တစ်နေ့ ၇ ကြိမ် ဆီးသွားကြပါတယ်။

၂။ ကျန်းမာရေး ကောင်းမွန်သူ တစ်ယောက်အနေနဲ့ ဆီးသွားချိန် ၇ စက္ကန့်ကြာသင့်တယ်။

၃။ အရွယ်ရောက်လူကြီးတစ်ဦးရဲ့ ဆီးအိမ်က ကျင်ငယ်ရည် 300- 500ml တောင့်ခံနိုင်တယ်။

၎။ ကျင်ငယ် အရောင်က မိမိကျန်းမာရေးကို အရမ်း စကားပြောပါတယ်။

ဝါဖျော့ဖျော့အရောင်။ ။ ရေများများသောက်တတ်တဲ့ အကျင့်လုပ်ပါ။
ကြည်လင်နေတဲ့အရောင်။ ။ ဒါ…သတင်းကောင်းပေါ့။ ခန္ဓာကိုယ်မှ ရေဓာတ်ကောင်းကောင်း ရနေတာပါ။ သို့ပေမယ့် မိမိရေသောက်နှုန်း ဒီ့ထက် ပိုမြင့်လို့ ရနိုင်တယ်။

အဝါရင့်ရောင်။ ။ အရောင်ရင့်နေပါက ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ပျားရည်ကဲ့သို့ အရောင်ဖြစ်လာရင် ရေများများသောက်ပေးဖို့ ခုပဲ စတင်လိုက်ပါ။

အညိုရောင်။ ။ ပြင်းထန်သော အသည်းရောဂါကူးစက်မှု အရမ်းများပါတယ်။ ဆီထဲ သွေးရောပါနေတာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။

အနီ သို့မဟုတ် ပန်းရောင်။ ။ ခန္ဓာကိုယ်တွင်း တစ်စုံတစ်ခု အပြင်းအထန် ဖြစ်နေပြီလို့ ဆိုနိုင်တာကြောင့် စိုးရိမ်ရမယ့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်သယ်ခြင်း သို့မဟုတ် ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။

အပြာ၊ အစိမ်း၊ လိမ္မော်ရောင် သို့မဟုတ် တခြားအရောင်တစ်မျိုးမျိုး။ ။ ဒါ အရောင်ဆင်းရှိတဲ့ အစားအစာ တစ်ခုစားလို့ မဖြစ်နိုင်ပါဘူး။ စားသောက်ကုန်ဆိုးဆေးတွေရဲ့ အကျိုးဆက် ဖြစ်ပါလိမ့်မယ်။

Credit: TrendMyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...