စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တကယ့်အပြင်က လင်းနို့လူသား



Daredevil ကို သိကြပါသလား။ Marvel Comic ထဲက မျက်စိမမြင်တဲ့လူစွမ်းကောင်း ဖြစ်ပါတယ်။ မျက်စိကလွဲလို့ ကျန်တဲ့ အာရုံများ ကောင်းပြီး ရန်သူတွေကို ချေမှုန်းနဲ့ လူစွမ်းကောင်း ဖြစ်ပါတယ်။ ယခုပုံထဲမှာ မြင်တွေ့နေရတဲ့သူကတော့ Daredevil ကို သိုင်းပညာတို့မတတ်ပေမယ့် မျက်စိကွယ်သော်ငြား သာမန်လူလို လမ်းလျှောက်နိုင်သူ ဖြစ်ပါတယ်။ ပိုပြီးတော့ ထူးခြားတာတစ်ခုကတော့ သူဟာ ကိုယ်တိုင်အပြင် အများကိုယ်ပါ လျှောက်လို့ရအောင် ကူညီ ပေးနိုင်တော့မယ့်သူ ဖြစ်ပါတယ်။

သူ့အနေနဲ့ ပါးစပ်ထဲက လျာအောက်မှာ လေဟာနယ် တစ်ခုဖြစ်အောင် ဖန်တီးပြီး တောက် တစ်ချက် ခေါက်လို့ အသံပေးပါတယ်။ ယင်း အသံဟာ ပတ်ဝန်းကျင်ကို သွားပြီး သူ့ရဲ့ နားဆီကို ပြန်ရောက်တဲ့အခါ ဘယ်နေရာမှာ ဘာ အရာဝတ္တု ပစ္စည်းရှိတယ် အတားအဆီး ရှိတယ် ဆိုတာကို သူ သိရှိနိုင်ခြင်း ဖြစ်ပါတယ်။ echolocation နည်းပညာ ဖြစ်ပြီး သင်္ဘောတို့၊ လေယာဉ်တို့မှာ ပါဝင်တဲ့ စက်ပစ္စည်း ဆိုနာ တစ်မျိုးဟာ လူတွေမှာလည်း မွေးကတည်းက အလိုအလျောက် ပါလာပြီး ဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ လင်းနို့သတ္တဝါနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ သူ့မှာ အသံလှိုင်းလွင့်လိုက်ပြီးရင် အသံရဲ့ ပြန်လာတဲ့ အပေါ် မူတည်လို့ ဘယ်နေရာမှာ အတားအဆီး ရှိတယ်ဆိုတာကို သိရှိခြင်း ဖြစ်ပါတယ်။

ယင်းကဲ့သို့ပဲ သိရှိနိုင်အောင် ပုံမှာ မြင်တွေ့နေရတဲ့ Daniel Kish က လေ့ကျင့်ယူထားခြင်း ဖြစ်ပါတယ်။ သူ မျက်စိ စကွယ်တာကတော့ အသက် ၁၃ လသားကတည်းက ဖြစ်ပါတယ်။ ယခုတော့ ကနေဒါနိုင်ငံ ဗန်ကူးဗားကို ရောက်ရှိနေပြီး TED Talk မှာ ဟောပြောမယ့်သူ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရီဟာဆယ်လုပ်တော့ လှေကားတစ်ထစ်ချင်းတက်တာကအစ ကူစရာမလိုတဲ့ အပြင် လမ်းကြိုလမ်းကြားက အစ သူ့လိုလို သိရှိနိုင်ပါတယ်။ သူ့ရဲ့ အကြားအာရုံဟာ အင်မတန် ကောင်းပြီး သူ အသံလွင့်လိုက်တာနဲ့ မီတာ တစ်ရာ ပတ်ဝန်းကျင်လောက်အထိကို ခန့်မှန်းနိုင်ကြောင်း ဆိုပါတယ်။ အသေးစိတ်ကို http://ideas.ted.com/a-walk-with-daniel-kish-the-real-life-batman/ မှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...