စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော်ကြီး၏ ငှက်ပျောဖူးကို မကြာမီ တင်လှူပူဇော်တော့မည်

                

မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် တည်ထားလျက် ရှိသည့် ကမ္ဘာ့ပထမဦးဆုံးကျောက် စိမ်းစေတီတော်ကြီးတွင် ကျောက်စိမ်း မြန်မာလက်ရာများဖြင့် ပုံဖော်မှုလုပ် ငန်းများပြီးစီးပြီဖြစ်သောကြောင့် ငှက်ပျောဖူးကြီးကို ယခုနှစ်ကုန်ပိုင်း တွင် တင်လှူပူဇော်နိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။

စေတီတော်ပတ်လည်တွင် ပါရ မီဆယ်ပါးကျောက်စိမ်းစာလုံးများ၊ ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်း ရှစ်ပါး အောင်တော်မူခန်းများနှင့် ဇာတ်တော်ကြီးဆယ်ဘွဲ့တို့ကို မြန်မာ မှုလက်ရာများဖြင့် ပုံဖော်ထားခြင်း ဖြစ်ရာ မုခ်ဦးလေးမုခ်ရှိ တံကဲဝဲယာ တို့တွင်လည်း မဟာဗောဓိညောင်ပင် ပုံသဏ္ဌာန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားကြောင်း၊ ငှက်ပျောဖူး ကြီးမှာ အမြင့်ရှစ်ပေခြောက်လက်မ ရှိပြီး အေအဆင့်ရှိ ကျောက်စိမ်းပြား များဖြင့်သာ ပြုလုပ်ထားခြင်းဖြစ် ကြောင်း သိရသည်။

''လာမယ့် ၂ဝ၁၅ခုနှစ်အတွင်း ကျောက်စိမ်းစေတီတော်ကြီးကို နိုင်ငံတော်သို့ လွှဲပြောင်းလှူဒါန်း သွားရန် ရည်ရွယ်ထားပါတယ်''ဟု ကျောက်စိမ်း ဒီဇိုင်းများနှင့်ပန်းပုပုံများ ပုံဖော်စီမံခန့်ခွဲကပ်လှူသူပညာရှင် ဦးစိုးနိုင် (အေးအေးခိုင်ကျောက်မျက် ကုမ္ပဏီ)ကပြောသည်။

''မုခ်ဦးလေးမုခ်မှာရှိတဲ့ တံကဲ တွေမှာ မြတ်ဗုဒ္ဓဖွား၊ ပွင့်၊ ဟော၊ စံ ရုပ်ပုံတော်တွေကို ပုံဖော်ထားပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေအား လုံးအနေနဲ့က ၉ဝရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ပါတယ်။ တစ်ဦး တည်း မတည်လှူဒါန်းနေတယ်ဆိုပေ မယ့် တချို့ကျောက်မျက်ကုန်သည် တွေက ကျောက်စိမ်းတွေလာရောက် လှူဒါန်းရင်လဲ လက်ခံပေးပြီး ကပ် လှူပူဇော်ပေးလျက် ရှိပါတယ်။ အလှူရှင်တွေရဲ့နာမည်ကို သူတို့လှူ ဒါန်းတဲ့ ကျောက်စိမ်းတုံးမှာပဲ ကမ္ပည်း ရေးထိုးပေးမှာဖြစ်သလို ကိုယ်တိုင် ကပ်လှူပူဇော်နိုင်အောင် စီစဉ်ပေး မှာ ဖြစ်ပါတယ်။ ငှက်ပျောဖူးကြီးကို တင်လှူပူဇော်ပြီးတာနဲ့ကျောက်စိမ်း စိန်ဖူးတော်ကြီးကိုပါ ဆက်လက် တပ်ဆင်သွားမှာဖြစ်ပါတယ်။ လက်ရှိ မှာကုန်ကျစရိတ်က ကျောက်စိမ်း တန်ဖိုးတွေမပါဝင်သေးဘဲ ငွေကျပ် သိန်းပေါင်းလေးသောင်းကျော်ရှိ နေပါပြီ။ ကျောက်စိမ်းတွေအားလုံး ရဲ့ တန်ဖိုးကတော့ ငွေကျပ်သိန်း ပေါင်းတစ်သိန်းကျော် အနည်းဆုံးရှိ ပါတယ်။ အခုလိုမျိုးကျောက်စိမ်း စေတီတော်ဆိုတာ မြန်မာနိုင်ငံက လွဲလို့ ကမ္ဘာပေါ်မှာ တခြားဘယ်နိုင် ငံတွေမှာမှ ထပ်မံတည်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်နိုင်ဖို့အထိ ရည်မှန်းထား ပါတယ်''ဟု ယင်းကဆက်လက် ပြောသည်။

ယခုအခါ စေတီတော်ပတ် လည်တွင် ပန်းဥယျာဉ်များ တည် ဆောက်ခြင်း၊ လျှောက်လမ်းများတွင်ြေ<ွကပြားခင်းခြင်း၊ အဝင်မုခ်ဦးကြီးလေး မုခ်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဥယျာဉ်တော် အတွင်းသီတင်းသုံးမည့် နဂါးရုံဘုရား တစ်ဆူကို တည်ထားလျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း များအတွက် လှူဒါန်းလိုသည့် အလှူ ရှင်များအနေဖြင့် ကျောက်စိမ်းစေတီ တော်ကြီးတည်ထားရေးရုံးချုပ်ရှိ ရာသို့ လာရောက်ဆက်သွယ်နိုင် ကြောင်း သိရသည်။

#Democracytoday

(ဒိမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...