စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗီဒီယို ဇာတ်ကားများ လုံးဝ ရိုက်ကူးတော့မည် မဟုတ်ဟု ဖွေးဖွေးဆို

            


သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးက ဗီဒီယို ဇာတ်ကား ရိုက်ကူးမှုများကို လုံးဝ အနားယူတော့မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။ အကယ်ဒမီ ဖွေးဖွေးသည် လက်ပံ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို
ရရှိခဲ့သူ ဖြစ်ကာ သူမ နောက်ဆုံး ရိုက်ကူးခဲ့သည့် သက်တံသစ် ဇာတ်ကား အပြီးတွင် ဗီဒီယိုဇာတ်ကား ရိုက်ကူးမှု များကို လုံးဝ ရပ်နားလိုက် ခြင်းနှင့် ပတ်သက်၍ မေးမြန်း ဖြစ်ခဲ့ပုံကို ဖော်ပြ လိုက်ပါသည်။
ဖွေးဖွေးက ဗီဒီယို ဇာတ်ကားတွေ မရိုက်တော့ဘူး ဆိုတာ ဘာကြောင့် လဲ။

ဖွေး ဗီဒီယို ရိုက်တာကို နားထားတယ်။ ပြန်ရိုက်ချင်မှလည်း ရိုက်ဖြစ် တော့မယ်။ ဘာကြောင့်လဲ ဆိုတော့ သူများတွေနဲ့ အယူအဆချင်း တူချင်မှ တူလိမ့်မယ်။ ဖွေးကတော့ ခေါင်းမာတာလည်း ဖြစ်နိုင်ပါတယ်။ ဖွေးရဲ့ ခံယူချက်က အနုပညာဆိုတာ တစ် သမတ်တည်း ဖြစ်စရာမလိုဘူးလို့ ထင်တယ်။ ဖွေးစိတ်ပါတဲ့ အချိန်မှာ ပရိသတ် အတွက် ခံစားလို့ ရမယ့် ဇာတ်ကားတွေ၊ ပြီးတော့ သေချာရိုက်မယ့် ရုပ်ရှင်ကားတွေပဲ ရိုက်ဖြစ်တော့မယ်။ တစ်နှစ်မှာ ရုပ်ရှင် တစ်ကားပဲ ရိုက် တော့မယ်။
သက်တံသစ် ဇာတ်ကား ရိုက်ကူး အပြီးမှာ ရိုက်ကူးမှုတွေ နားတော့မယ်လို့ ဆုံးဖြတ်တော့ သက်တံသစ် ဇာတ်ကားကြောင့် နားလိုက်တာလား။

မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွေးရိုက် ကူးခဲ့တဲ့ ဇာတ်ကားတွေ ထဲမှာ ဒီဇာတ်ကားကို အကြိုက် ဆုံးပဲ။ ဘာကြောင့်လဲ ဆိုတော့ ကိုဝိုင်းက သရဲဝင်ပူးတဲ့ အခန်းကို Effect တွေ မလိုချင်ဘူးလို့ ပြောတယ်။ အဲဒါကို ရအောင်လုပ်ဖို့ ကိုဝိုင်းနဲ့ တိုင်ပင်တယ်။ လူတစ်ယောက်က အောက်ဆီဂျင် ပြတ်လာရင် လည်ပင်း ညှစ်ခံရ တဲ့လူလိုပဲ မျက်ကြောတွေ နီလာတယ်။ သွေးကြောတွေ ထောင်လာပြီး နှုတ်ခမ်းတွေ ပြာလာတယ်။ အဲဒီလိုပဲ ဖွေးလည်း အသက် အောင့်ပြီး အကြောတွေကို ညှစ်ထုတ် လိုက်တာပေါ့။ အဲဒီလိုလုပ်တော့ အောက်ဆီဂျင် ပြတ်တဲ့ အတွက် သတိ သုံးခါ လစ်ခဲ့တယ်။ အဲဒီလို သတိလစ်တော့ ကိုယ့်ကိုယ်ကိုယ် သရဲ ဝင်ပူးလား ဆိုပြီး ကြောက်တောင် ကြောက်မိတယ်။ ဖွေးကို ဝင်မပူးခဲ့ ပေမယ့် တခြားအရံတွေ ကိုတော့ ဝင်ပူး ခဲ့ပါတယ်။

အဲဒါဆို သက်တံသစ် ဇာတ်ကားကို ပြန်ကြည့်ခဲ့ တုန်းက စိတ်ကျေနပ်မှု ရှိရဲ့လား။
ကိုယ့်ကိုယ်ကိုယ် သရဲဝင်ပူးတဲ့ အခန်းက ကျေနပ်တယ်။ မိန်းကလေး တစ်ယောက် အနေနဲ့ ကတော့ အရမ်းကြောက်ပါတယ်။ နောက်ပြီး အဲဒီတုန်းက တကယ် သရဲရှိတဲ့ နေရာတွေမှာ သွားရိုက် ခဲ့တာဆိုတော့ ကြောက်စိတ်နဲ့ ရိုက်ခဲ့တဲ့ ဇာတ်ကားပါ။ နောက်ပြီး ဆရာကို ကြောက်လို့ ရိုက်ခဲ့ရတာလည်း ပါတာပေါ့။
မြင့်မြင့်စိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...