စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“မုန်းတုံ့ဖြေပါ”

                
မြတ်ဗုဒ္ဓက မုန်းတုံ့ဖြေနည်းကို ဤသို့ သွန်သင်ပြသ ဆုံးမတော်မူခဲ့သည်။
“မိမိမုန်းသည့် ပုဂ္ဂိုလ်အပေါ်
●မေတ္တာပွားခြင်း၊
● ကရုဏာထားခြင်း၊
● ဥပေဏ္ခာပြုခြင်း၊
● မေ့ပျောက်ပစ်ခြင်း၊
● ကံပိုင်ရှင်သဘောကို အခိုင်အမာ ဆွဲကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာသော
မုန်းစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပေးရမည်”ဟူ၏။

လူတိုင်း၊လူတိုင်း ဤသို့ မုန်းတုံ့ကိုဖယ်၊မေတ္တာတုံ့လှယ်ကြမှသာလျှင် သာယာပျော်ရွှင်ဖွယ် ကောင်းသောဘဝကိုကြုံတွေ့နိုင်ပေသည်။
● လူအချင်းချင်းလည်းကောင်း၊
● လူမျိုးအချင်းချင်းလည်းကောင်း၊
● နိုင်ငံအချင်းချင်းလည်းကောင်း မုန်းတုံ့ပယ်လှန် ၊မေတ္တာတုံ့ပြန် ကြမှသာလျှင်
ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်ပေမည်။

❦လူမျိုးအချင်းချင်း မုန်းစိတ်ပွားကာ အတောမသတ် အရက်စက်ဆုံး၊အကြမ်းကြုတ်ဆုံး ဆင်နွှဲနေကြသော
လူသတ်ပွဲကြီးများလည်း အကန့်အသတ်မရှိ ရပ်နားသွားကြပေလိမ့်မည်။
❦အမြောက်သံ ၊ဗုံးသံတိတ် ၊မေတ္တာပို့သံတွေ တစ်ကမ္ဘာလုံး ညံလာပေလိမ့်မည်။
❦ယမ်းခိုးယမ်းနံတွေကင်းရှင်း၍ မေတ္တာရနံ့တွေ ကြိုင်သင်းလာပေလိမ့်မည်။

သို့ကြောင့်မို့ ရရှိလာသော ဘဝလည်း တန်ဖိုးရှိလေအောင် ကမ္ဘာကြီး ငြိမ်းချမ်းလေအောင် မေတ္တာတုံ့ဝေ
မုန်းတုံ့ ဖြေကြပါဟု အထပ်ထပ် ပြောချင်ပါသတည်း။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
 

Dhamma Dãna Source ►

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.9

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...