စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လီကွမ်ယုရဲ့ ဘဝကောက်ကြောင်းတစေ့တစောင်း


စစ်ပြီးခေတ် အာရှခေါင်းဆောင်တွေအနက်က ထူးချွန်ထက်မြက်ဆုံး အာရှခေါင်းဆောင်တစ်ဦးလို့ သတ်မှတ်ခံရတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးကို ကမ္ဘာ့ ထိတ်တန်းနိုင်ငံတနိင်ငံဖြစ်လာအောင် ပြောင်းလဲပေးခဲ့တဲ့ စင်္ကပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ဘဝကောက်ကြောင်းတစေ့တစောင်းကို ဖော်ပြရမယ်ဆိုရင်၊

လီကွမ်ယုကို စက်တင်ဘာလ ၁၆ရက်၊ ၁၉၂၃ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ အဖိုးအဖွားတွေက တရုပ်ပြည်ကြီးကနေ့ စင်္ကာပူကို ကူးပြောင်းလာကြသူတွေဖြစ်ပါတယ်။ အခု နီးလ်လမ်းလို့ လူသိများတဲ့ ဒီဓါတ်ပုံထဲက နေအိမ်မှာခေတ္တနေထိုင်ခဲ့ပါတယ်။
 
အဲ့ဒီအချိန်က စင်္ကာပူဟာ ဗြိတိသျှအင်ပါယာအောက်မှာ ရှိသေးတာမို့ လီကွမ်ယုဟာ ဗြိတိသျှနိုင်ငံသားဖြစ်သလို မိခင်ဘာသာစကားကလည်း အင်္ဂလိပ်စကားဖြစ်ပါတယ်။ သူဟာတရုပ်စကားကို အသက်၃၀ ဝန်းကျင်မှသာ သင်ယူခဲ့ပါတယ်။

အင်္ဂလိပ်ကျောင်းနေခဲ့တဲ့လီကွမ်ယုဟာ အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားလာချိန်မှာ လီကွမ်ယုဟာ သူမူလရည်မှန်းသလို အင်္ဂလန်ကို ပညာတော်သင်သွားမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

Sook Ching လူသတ်မူကြီး

၁၉၄၂ခုနှစ်၊ ဖေဖော်ဝါရီလမှာဂျပန်က စင်္ကာပူကို ကျူးကျော်တိုက်ခိုက်ရာမှာ ဗြိတိသျှတပ်တွေမခုခံနိုင်ပဲ လက်နက်ချ အညံ့ခံလိုက်ရပါတယ်။ ဂျပန်လက်ထဲ စင်္ကပူကျသွားတဲ့အခါမှာ အသက်၁၈မှ ၅၀ အရွယ် တရုပ်အမျိုးသား တွေကို ဂျပန်ကင်ပေတိုင်စစ်ပုလိပ်တွေက ဖမ်းစီးစစ်ဆေးပြီး ဂျပန်ဆန့်ကျင်သူလို့မသင်္ကာသူ မှန်သမျှကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဂျပန်စစ်ပုလိပ်တွေရဲ့ လက်ချက်နဲ့ အသတ်ခံရတဲ့သူ ၅၀၀၀၀ ကနေ တစ်သိန်းအထိ ရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။ လီကွမ်ယုက ဂျပန်ကင်ပေတိုင်လက်က သီသီလေးလွတ်လာခဲ့ပါတယ်။




https://www.facebook.com/kokyaw.thu.3/posts/673001022822977



စင်္ကာပူ နိုင်ငံကို ဆိပ်ကမ်းမြို့လေး အဖြစ်ကနေ ကြွယ်ဝတဲ့ ကမ္ဘာ့စီးပွားရေး အချက်အချာ အဖြစ် ပြောင်းလဲ ပေးခဲ့သူ လီကွမ်ယု အသက် ၉၁ နှစ် အရွယ် မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။
မစ္စတာလီ ဟာ စင်္ကာပူ မြို့ပြ နိုင်ငံ ရဲ့ ဝန်ကြီးချုပ် အဖြစ် ၃၁ နှစ် တိုင်တိုင် ထမ်းရွက် ခဲ့ပြီး ရာထူးက အနားယူပြီး နောက်မှာ လည်း ၂၀၁၁ ခုနှစ် အထိ စင်္ကာပူ အစိုးရ အတွက် ဆက်လက် အလုပ် လုပ်ကိုင် ပေးခဲ့ ပါတယ်။

စင်္ကာပူ နိုင်ငံ တိုးတက် ဖွံ့ဖြိုးလာခြင်း ရဲ့ ဗိသုကာ တစ်ဦး အဖြစ် မစ္စတာလီ ဟာ လူအများရဲ့ လေးစားမှု ကို ခံရခဲ့ သလို အာဏာကို နှစ်တာရှည်စွာ ဆုပ်ကိုင် ထားခဲ့ သူ တစ်ဦး အဖြစ်လည်း အဝေဖန် ခံခဲ့ရသူ တစ်ဦး ဖြစ်ပါ တယ်။

မစ္စတာလီ အာဏာ ရှိစဉ် မှာ လွတ်လပ်စွာ ပြောဆိုခွင့် ကို တင်းကြပ်စွာ ကန့်သတ် ခဲ့သလို၊ နိုင်ငံရေး အတိုက်အခံ များကိုလည်း ပစ်မှတ်ထား အရေးယူမှု တွေ လုပ်ဆောင် ခဲ့ပါတယ်။
လီကွမ်ယူဟာ သမားရိုးကျ တရုတ်မိသားစုတခု ကနေ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် ဗြိတိန်နိုင်ငံ ကင်းဘရစ်ခ်ျ တက္ကသိုလ်မှာ ဥပေဒ ပညာရပ် ကို အဆင့်မြင့် ဂုဏ်ထူးတန်းကနေ အောင်မြင် ခဲ့ပါတယ်။
သူနေရပ်ကို ပြန်တော့ ထင်ရှားတဲ့ အလုပ်သမား သမဂ္ဂရှေ့နေတဦး ဖြစ်လာပြီး နောက်ပိုင်းမှာ တော့ People’s Action Party ကို ခေါင်းဆောင် ခဲ့ပါတယ်။

၁၉၅၉ ခု စင်္ကာပူ လွတ်လပ်ရေး ရတော့ PAP အာဏာ ရလာပါတယ်။ ပြည်တွင်းပြည်ပကနေ ကွန်မြူနစ်ဝါဒ ထိုးဖောက် ဝင်လာမှာကို စိုးရိမ်တဲ့ အတွက် လီကွမ်ယူးက သူ့အစိုးရရဲ့ အုပ်ချုပ်မှုကို ခိုင်မြဲအောင် လုပ်ခဲ့ပါတယ်။

သူ့လက်ထက် တလျှောက်မှာ လီကွမ်ယူး ဟာ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အက်ဥပဒေ ကို သုံးပြီး နိုင်ငံရေး ပြိုင်ဖက်တွေ ကို တရားမစီရင်ပဲ ဖမ်းဆီး ထောင်ချ ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတခု မှာ တချို့ လွတ်လပ်ခွင့်တွေကို ပေးလို့ မဖြစ်ဘူး လို့ သူက ဆိုခဲ့ပါတယ်။
စင်္ကာပူ မှာ နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်း နေခဲ့ပေမယ့် သူ့အစိုးရဟာ အာဏာချုပ်ကိုင်မှု ကို ဘယ်တော့ မှ လျှော့မပေး ခဲ့ပါဘူး။

စည်းကမ်းအတိုင်း လုပ်တာ ကို ကြိုက်တဲ့ လီကွမ်ယူးဟာ အမှိုက်ပစ်တာ၊ စည်းကမ်းမဲ့ လမ်းကူးတာ၊ တံတွေးထွေး တာ နောက်ဆုံး အများသုံး အိမ်သာ မှာ ရေမဆွဲဘဲ ထားခဲ့တာ မျိုး တွေကို အကြီးအကျယ် ဒဏ်ရိုက် ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပြင်းထန်တဲ့ အရေးယူမှုတွေ ကြောင့်ဘဲ သူ့နိုင်ငံမှာ ရာဇဝတ်မှု နည်းပါးသလို၊ အများပိုင်ပစ္စည်း ကို ဖျက်လိုဖျက်ဆီး လုပ်တာမျိုးလည်း မရှိ၊ လမ်းဘေးမှာ အိပ်ရသူ ဆိုတာလည်း မရှိပါဘူး။ လမ်းတွေ ဆိုရင်လည်းသန့်ရှင်းလို့ နေပါတယ်။ လီကွမ်ယူရဲ့ ဝါဒ ကတော့ အစိုးရသာလျှင်
ဘာကောင်းတယ်ဆိုတာ အသိဆုံး ဆိုတဲ့မူဘဲ ဖြစ်ပါတယ်။
https://www.facebook.com/bbcburmese/posts/812228948832992

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...