စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၄ နှစ်ကြာအောင် ကားမောင်းသင်ခဲ့သော်လည်း ကားမမောင်းတက်သေးသူ




သာမန်လူတွေအတွက်တော့ ကားမောင်းသင်တန်းကို ရက်ပိုင်းလောက် တက်လိုက်တာနဲ့ ကားမောင်းတက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်က ဂျာနိုင်းမားစ်ဆိုသူ အမျိုးသမီးကတော့ ၁၄ နှစ်တိတိ ကောင်းမောင်းသင်ခဲ့ပေမယ့်လည်း အခုထိကားမမောင်တက်သေးဘူးလို့ ဆိုပါတယ်။

မားစ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံးမှာ ကားမောင်းသင်ဖို့အတွက် သင်တန်းကြေးအဖြစ် စတာလင်ပေါင် ၅၀၀၀ လောက်ကုန်ကျခဲ့ရပါတယ်။ ကားမောင်းသင်တန်းကို ၁၄ နှစ်အတွင်းမှာ အကြိမ် ၂၅၀ လောက်တက်ခဲ့ရပေမယ့်လည်း အခုချိန်ထိ သူမဟာ ယာဉ်မောင်းလိုင်စင်ကျရှုံးသူ ဖြစ်နေပါသေးတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ မားစ်ဟာ အမျိုးမျိုးသော သင်တန်းမှူးဆရာတွေနဲ့ ကားမောင်းသင်ကြားခဲ့ပေမယ့်လည်း မတက်မြောက်ခဲ့ပါဘူး။ ဒီအခြေအနေက သူ့အတွက် အရမ်းဆိုးမှန်းလည်း သိပါတယ်လို့ မားစ်ဆိုသူ အမျိုးသမီးကပြောပါတယ်။ 
 
သူမရဲ့ အိမ်နီးနားချင်းတွေဆီမှာလည်း သူမကို ကားကောင်ကောင်း မောင်းတက်အောင် သင်ပေးနိုင်မယ့်သူ မရှိဘူးလို့ ပြောပါတယ်။ ယာဉ်မောင်းလိုင်စင်အတွင် စာမေးပွဲ ဖြေတုန်းမှာ သူမမောင်းခဲ့တဲ့ အကွာအဝေးဟာ လန်ဒန်ကနေ သြစတြေးလျမှာရှိတဲ့ Perth မြို့ကို သွားတဲ့ အကွာအဝေးလောက်ကို ဖြစ်နေပါပြီ။ ‘‘ သင်တန်းကြေးတွေအတွက် ကျွန်မဘယ်လောက်သုံးခဲ့လဲ့ ပြန်တွက်ကြည့်လိုက်တော့ ပေါင် ၅၀၀၀ ကျော်နေပါတယ်။ အဲဒီပမာဏက အသစ်စက်စက် ကားတစ်စီးလောက် ဝယ်လို့ရတယ်ရှင့်။ ကျွန်မသုံးခဲ့တာ အရမ်းများသွားပါပြီ’’ လို့ သူမက ပြောပြပါတယ်။

PlanetMyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...