စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနာဂါတ် အသက်မွေးဝမ်းကျောင်းပြုဖို. အလုပ်အကိုင်စီမံကိန်းချမယ်

သင့်ရဲ.အနာဂါတ် အသက်မွေးဝမ်းကျောင်းပြုဖို. အလုပ်အကိုင်စီမံကိန်းချမယ်။

ပထမအဆင့် - မိမိကိုယ်ကိုမေးမြန်းတွက်ချက်ပါ။

- သင်ဘာတွေကိုတကယ်နှစ်သက်လဲ ? သင့်မှာဘာတွေလိုအပ်လဲ ? သင်ဘယ်လိုအလုပ်အကိုင်တွေလုပ်ချင်လဲ ?
- သင်ဘာကိုဝါသနာပါလဲ ? သင်ဦးစားပေးဘာတွေကိုစဉ်းစားမလဲ ? သင့်အားသာချက်၊ အားနည်းချက် ? သင်အလုပ်တစ်ခုကနေ ရချင်တဲ့ အရာ ၅ခု ?

ဒုတိယအဆင့် - စွမ်းဆောင်ရည်တွေကိုခွဲခြမ်းလေ့လာပါ။

- သင့်ဘာသာမေးပါ။ အခုလိုအခြေအနေမျိုးမှာ ဘယ်လိုအလုပ်မျိုးကသင့်အတွက် အကောင်းဆုံးအသင့်တော်ဆုံးဖြစ်မလဲ ?
- သင့်ရဲ.ပညာရည်အရည်အချင်းတွေ၊ အလုပ်အကိုင်အတွေ.အကြုံတွေ ဘာတွေရှိလဲ ?
- သင်အကြီးမားဆုံးအောင်မြင်အောင်ဆောင်ရွက်ရမယ့် အောင်မြင်မှုက ဘာဖြစ်မလဲ ?
- သင့်ရဲ.တိုးတက်လမ်းအခွင့်အလမ်းတွေကရော ဘယ်လိုအပိုင်းတွေမှာ ရှိနိုင်မလဲ ?

တတိယအဆင့် - သင့်ရဲ.ဦးတည်ချက်ပန်းတိုင်ကိုချမှတ်ပါ။

- သင့်အတွက် ထူးချွန်အောင်မြင်မယ့် အလုပ်နယ်ပယ်နဲ. အလုပ်နေရာတွေကို စဉ်းစားထားပါ။
- ဘယ်လို Position နေရာမျိုးက သင့်အတွက် အကောင်းဆုံး အသင့်တော်ဆုံးဖြစ်နိုင်မလဲ ? အဲ့လိုအလုပ်နေရာမျိုးတွေက သင့်ရဲ.နေ.စဉ်ဘ၀နေထိုင်မှုပုံစံကို ဘယ်လိုအဆင်ပြေစေနိုင်မလဲ ? သင်အဓိကထားတိုးတက်အောင် ကြိုးစားရမယ့်စွမ်းရည်တွေကဘာတွေလဲ ?

စတုတ္ထအဆင့် - အချိန်ဇယားနဲ.ဆုံးဖြတ်ပါ။

- သင်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာ အခုသိပြီဆိုရင် ဖြစ်အောင်ဘယ်အချိန်မှစပြီး ဘယ်လိုနှုန်းမျိုးနဲ. လုပ်ရမလဲဆိုတာသေချာစဉ်းစားပါ။
- သင့်ရဲ.နောက် ၆လ၊ ၁၂လ၊ ၁၈လတာ ပန်းတိုင်တွေကိုချမှတ်ထားပါ။ သင့်ရဲ. ပညာရေးပိုင်းနဲ.အတွေ.အကြုံပိုင်းတိုးတက်မှုတွေရအောင်ဘယ်လိုလုပ်မလဲ ? ဒီ့အပြင် သင့်ရဲ.တခြားစွမ်းရည်တွေ အတွေ.အကြုံတွေကိုပါ တိုးပွားလာအောင်ဘယ်လိုလုပ်ဦးမလဲ ? သင့်ရဲ.ပေါင်းသင်းဆက်ဆံရေး သိကျွမ်းရာ ကွန်ယက်ကိုရောဘယ်လိုချဲ.ထွင်မလဲ ?

ပဉ္စမအဆင့် - အခုဆိုသင့်ရဲ. အလုပ်အကိုင်နဲ.ပတ်သက်တဲ့ စီမံကိန်းနဲ. ပန်းတိုင်တွေကိုလည်းသိပြီး အောင်မြင်အောင်ရယူဖို.ဘယ်လိုကြိုးစားရမလဲဆိုတာတွေလည်းသိပြီဆိုရင် သင့်အစီအစဉ်တွေအတိုင်း ပုံမှန်ကြိုးစားလုပ်ဆောင်သွားပါ။ ၆လတစ်ကြိမ်လည်းပြန်လည် စူးစမ်းသုံးသပ်ပါ။

Credit : Michaelpage

www.work.com.mm

https://www.facebook.com/Work.com.mm/photos/a.359562060790938.859

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...