စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆိပ်အမျိုးမျိုးကိုနိုင်သော သဘာဝဆေးပင်



ဒီပုံထဲမှာမြင်ရတဲ့အပင်ဟာ ဒန္တသုခဆေးပင်(တောဓါးပြဆေးပင်) ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ပေါက်နေကြပါတယ်။ နယ်မြို့၊ တောမြို့များပါမက ရန်ကုန်၊ မန္တလေးတို့လိုမြကြီးများမှာလည်း လမ်းဘေးမှာ ပေါက်နေကြပါတယ်။

ဒီဆေးပင်ကို ရှေးကတည်းက သမားတော်များကလည်း ဆေးအမျိုးမျိုးအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။ အိန္ဒိယသမားတော်များက ငှက်ဖျားပျောက်ဆေး၊ အစာအိမ်ဆေးများအဖြစ် ထည့်သွင်းဖော်စပ်ကြပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုတို့မှ သမားတော်များကတော့ အနာကျက်ဆေး၊ အဆိပ်ပြေဆေး၊ အရိုးဆက်ဆေးများအဖြစ် အသုံးပြုကြပါတယ်။

မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့ အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊ အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၅ မိနစ်အတွင်း အဆိပ်ပြေသွားပါတယ်။

အရေးကြုံလာလို့ ကြိတ်စရာမရှိလျှင် သွားဖြင့်ဝါး၍ အရည်ကို မျိုချကာ အဖတ်ကို အနာပေါ်အုပ်ပေးနိုင်ပါတယ်။

နယ်စွန်နယ်ဖျားဒေသ၊ တောအရပ်ဒေသနှင့် မြွေပေါသည့် အရပ်ဒေသတို့မှာ နေထိုင်ကြတဲ့ သူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ် အသက်ကယ်ဆေးတစ်လက်ဖြစ်ပါတယ်။

သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ

https://www.facebook.com/231741783686751/photos/a.231751513685778.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...