စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆုတ်နာတီဘီရောဂါအမြစ်ပြတ်တဲ့ ငဖုန်းကြီးပင်



မြန်မာ့ရိုးရာဆေးမြီးတိုများစာမျက်နှာမှာ ကို Thu Aung တင်ပြထားတဲ့ သူ့ရဲ့ ကိုယ်တွေ့အကြောင်းလေးကို မူရင်းအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့ အကြောင်း ဖေါက်သည်ချပါရစေ။

ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့် ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။ သူ့ပုံက အရိုးပေါ်အရေတင်။ ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့။

အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။ အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ်။ ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကို ဘယ်သူက ညွှန်တယ်မသိ ဈေးကို အင်ဖက်လာရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီး မှာတော့တာပဲ။

ဒီအပင်က အင်တောတွေထဲမှာ အင်မတန်ပေါတာ။ ကိုကံမြင့်က အပင်တွေ ရလာတော့ အရွက်တွေကို သုံးခွက်တစ်ခွက်တင် ကြိုပြီးသောက်တော့တာပါပဲ။ ကျန်တဲ့ အရွက်တွေကို နေရိပ်ထည်းမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။ အမြစ်အစိုကို ကျောက်ပျဉ်မှာ သွေးပြီး သောက်တယ်။

တစ်လလောက်ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။ အသားအရေကလည်း စိုစိုပြေပြေလေး ဖြစ်စပြုလာတယ်။ ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူ့ကို စိုစိုပြေပြေနဲ့ ဝဖြိုးလာတယ်။ သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။ နောက်ဆေးရုံပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။ အဲဒါ ငဖုန်းကြီးပင်ရဲ့ အစွမ်းကြောင့်ပါ။

သဘာဝကပေးတဲ့ဆေးဟာ တစ်ခါတရံ အလွန်ပင် အံ့သြဖွယ်ကောင်းနေပြီး ရောဂါကို ယူပြစ်လိုက်သလို ပျောက်ကင်းသွားစေခဲ့တာ မျက်မြင်ကိုယ်တွေ့ပါ။

အခု ပုံမှာ မြင်ရတဲ့ အပင်ဟာ ငဖုန်းကြီးပင် ဖြစ်ပါတယ်။ အောက်ပုံညာဖက်က ပုံကတော့ အပင်ပေါက်လေး ဖြစ်ပါတယ်။ အိမ်မှာ စိုက်ထားတာပါ။ အပင်ရင့်သွားရင်တော့ အရောင်နှင့် အရွက်ပုံအနည်းငယ် ကွာသွားပါတယ်။ ( အချို့ဒေသမှာတော့ ငဖုံးဆေးပင်၊ လောက်ဖုံးပင်၊ လောက်သေပင်လို့လည်း ခေါ်ကြပါတယ်) အပင်မျိုးကတော့ အနွယ်ပင်မျိုးဖြစ်ပါတယ်။

မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။ မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Thu Aung (မြန်မာ့ရိုးရာဆေးမြီးတိုများ)

https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...