စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေမျောက် - Golden Monkey


                    
Golden Monkey လို့ အမည်ရတဲ့ ရွှေရောင် အဆင်းရှိတဲ့ မျောက်များဟာ အာဖရိကတိုက်က နိုင်ငံအချို့နဲ့ ကွန်ဂိုတို့မှာ ကျက်စားနေပါတယ်။ သူတို့ဟာ ဆိုရင်လည်း မျိုးတုန်းတော့မယ့် မျောက်အမျိုးအစား တစ်မျိုးပါပဲ။

အကောင်ရေ ၃၀ လောက်အထိ စုဖွဲ့ပြီးတော့ နေထိုင်တတ်ပါတယ်။ အများဆုံး ဆိုရင် ၆၂ ကောင် ဝန်းကျင်လောက်အထိ ရှိပါတယ်။ ထူးခြားချက် အနေနဲ့ မိသားစု အပေါ် ခင်မင်တွယ်တာမှု ပိုများပြီး မိသားစုလိုက် နေတတ်တဲ့ အလေ့အထ ရှိပါတယ်။ သားငယ်ကို မိခင်မျောက်နဲ့ ဖခင်မျောက်က အလည့်ကျ စောင့်ရှောင့် ပါတယ်။ သူတို့ဟာ သစ်ရွက် များ၊ ဝါးပင်များ၊ ဝါးရွက်များ ကို အဓိက အစားသုံးတဲ့ မျောက်များ ဖြစ်ပါတယ်။

မွေးကတည်းက ရွှေရောင်အမွှေးအမျှင်များ ပါဝင်ပြီး အသက်ကြီးလာရင်တော့ အညိုရောင်ဘက်ကို ပြောင်းတတ်ပါတယ်။ သူတို့ဟာ အခြားသော ဘယ် သတ္တဝါ များကိုမှ ရန်မူတတ်တဲ့ မျောက်များ မဟုတ်ပဲ ချစ်စဖွယ်ရွှေရောင်မျောက်များကို ကမ္ဘာ့ ရှားပါး သတ္တဝါ စာရင်းထဲ ထည့်သွင်းထားပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...