စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







HR တွေ Social Media ကိုအသုံးပြုပုံ !!!



HR Department တွေနောက်ပိုင်းမှာ Social Media ကိုအသုံးပြုနှုန်းမြင့်မားလာပါတယ်။ ဘယ်လိုအပိုင်းတွေမှာ ဘယ်လိုအကျိုးရှိအောင်အသုံးပြုနေကြလဲဆိုတော့.....

Team ဖွဲ.စည်းပုံလေ့လာခြင်း - 25 %
အသုံးချရှာဖွေခြင်း - 26 %
သင်ကြား Training ပေးခြင်း - 34%
အလုပ်ဝန်ထမ်းတွေနဲ.ပေါင်းသင်းဆက်ဆံခြင်း - 41 %
အလုပ်ခန်.ခြင်း - 69 %

HR ပိုင်းမှာထူးချွန်ကျွမ်းကျင်သူတွေက Social Media ကိုဘယ်လိုနေရာမှာဘယ်လိုတွေသုံးနေကြသလဲ ???

ပေါင်းသင်းဆက်ဆံဝေမျှခြင်း - အကြံဥာဏ်အတွေ.အကြုံတွေကို HR အချင်းချင်းဖြစ်ဖြစ်၊ Company တွင်းမှာပဲဖြစ်ဖြစ်ဝေမျှပါတယ်။ အလုပ်ဝန်ထမ်းတွေကို Training တွေ၊ ရောင်းအားမြှင့်တင်ပွဲတွေနဲ. ပတ်သက်တဲ့အချက်အလက်တွေလည်း အကြောင်းကြားသတင်းပေးပါတယ်။

ကုန်တံဆိပ်ကြေငြာခြင်း - ကိုယ့် Brand ကိုအထောက်အကူပြုပေးတာပါ။ သတင်းအချက်အလက်တွေကိုလည်း အများပြည်သူသိအောင်ဝေမျှကြော်ငြာပေးပါတယ်။

ရောင်းအားမြှင့်တင်မှုဆိုင်ရာပွဲတွေ - ပွဲပြုလုပ်ကျင်းပပုံတွေ၊ Company ရဲ.လှုပ်ရှားမှုဓာတ်ပုံတွေကို အများမြင်အောင်ပြနိုင်ပါတယ်။

Background ကနေပြီး လေ့လာစမ်းစစ်ခြင်း - အလုပ်အသစ်ခန်.မယ့်သူက Social Media ပေါ်မှာဘယ်လိုလှုပ်ရှားမှုတွေရှိလဲဆိုတာကို Checking လိုက်တာမျိုး၊ သူ.ရဲ.အလုပ်လျှောက်စာထဲမှာမပါတဲ့ တခြားအချက်အလက်တွေကို လေ့လာတာမျိုးတွေလည်း လုပ်ဆောင်ပါတယ်။

အလုပ်ဝန်ထမ်းနဲ.ပတ်သက်တာတွေ - ကိုယ့်အလုပ်ဝန်ထမ်းတွေက အလုပ်နဲ.ပတ်သက်တဲ့အချိန်ဇယားတွေ၊ တခြား အချိန်ညှိနှိုင်းဆောင်ရွက်ရတဲ့နေရာမှာလည်းအသုံးပြုပါတယ်

အကျိုးရှိနိုင်မယ့် ပေါင်းသင်းဆက်ဆံမှုများပြုလုပ်ခြင်း - Update ဖြစ်တဲ့ အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေကိုလေ့လာပြီး ကိုယ့်အတွက်အကျိုးရှိနိုင်မယ့်သူတွေနဲ. ပေါင်းသင်းဆက်ဆံမှုတွေပြုလုပ် ပါတယ်။

အပတ်စဉ် HR နဲ.ပတ်သက်တဲ့ Blog ရေးသားခြင်း - ဖြစ်နိုင်ရင်ကိုယ့်ကိုယ်ပိုင် Blog လေးမှာ HR နဲ.ပတ်သက်တဲ့အချက်အလက်တွေ စတင်ရေးသားပြီး Manager တွေရော၊ တခြားလူတွေပါစိတ်ဝင်တစား ဖတ်ချင်လေ့လာချင်အောင် ကြိုးစားပါတယ်။

စူးစမ်းရှာဖွေခြင်း - ခေတ်ရေစီးကြောင်းပေါ်ကိုလိုက်ပြီး အကြံဥာဏ်သစ်တွေလည်းထုတ်ပါတယ်။ အတွေးအခေါ်ပိုင်းနဲ. ပတ်သက်တာတွေကိုလည်းလေ့လာပါတယ်။

အသိအမှတ်ပြုခြင်း - အလုပ်နဲ.ပတ်သက်တဲ့အောင်မြင်တစ်ခုရလာတိုင်း အသိအမှတ်ပြု ချီးမွမ်းပေးပါတယ်။

ဒီအရာတွေက HR အများစု သူတို.လုပ်ငန်းခွင်မှာ Social Media ကိုအသုံးပြုပုံတွေရဲ. အကြမ်းဖျဉ်းအချက်အလက်တွေဖြစ်ပါတယ်။ HR ဆိုတာကတော့အဓိကအားဖြင့် ကိုယ့်ဝန်ထမ်းတွေနဲ.ထိတွေ.ဆက်ဆံဖို.နဲ. ၀န်ထမ်းပိုင်းနဲ.ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ နည်းနာယူဝေမျှစရာတွေအတွက်ကိုပဲ Social Media ကိုအသုံးပြုလေ့ရှိတာပါ။

Wilson Chan (YK)

Credit : Pinterest

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276958306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...