စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







OnePlus One ဖုန်းနှင့် ကုမ္ဗဏီအကြောင်း



OnePlus အမည်ရ စမတ်ဖုန်း ကုမ္ဗဏီဟာ တရုတ်ပြည်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ စတင် တည်ထောင်ပြီး စုစုပေါင်း လူ ၅ ဦးပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၆လ လအတွင်း စမတ်ဖုန်း အလုံးရေ ၁ သန်း ရောင်းချ နိုင်ခဲ့တာကြောင့် ကမ္ဘာက လေ့လာစောင့်ကြည့်ရတဲ့ ကုမ္ဗဏီ ဖြစ်လာပါတယ်။

Oppo မှာ Vice President အဖြစ် လုပ်ကိုင်ခဲ့တဲ့ Pete Lau အမည်ရ လူငယ်ဟာ Oppo N1 စမတ်ဖုန်းကို တီထွင် ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ သူက ၂၀၁၃ ဒီဇင်ဘာလ အရောက်မှာ ကုမ္ဗဏီက ထွက်ပြီး OnePlus အမည်ရ ကုမ္ဗဏီကို တည်ထောင်ပါတယ်။ သူ ကုမ္ဗဏီတည်ထောင်တော့လည်း Oppo Electronic မှ ငွေကြေး ရင်းနှီးမြှုပ်နှံပါတယ်။ ဒီတော့ Oppo Electronic လက်အောက်မှာ Oppo Mobile နဲ့ OnePlus ဆိုပြီးတော့ ၂ ခုရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus ဟာ အခြားသော ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပါပြီ။

ပုံမှာ ယခု ပြထားတဲ့ဖုန်းက OnePlus One လို့ အမည်ရတဲ့ 16GB ဖုန်းကို အမေရိကန်ဒေါ်လာ ၂၉၉ ဒေါ်လာနဲ့ စတင် ရောင်းချပြီး ဒေါ်လာ ၆၀၀၊ ၇၀၀ မက တန်တဲ့ ကမ္ဘာ့အဆင့်မြင့် စမတ်ဖုန်းများနဲ့ Specification အတူတူပဲ ဖြစ်ပါတယ်။ ၂၁၁၃ ခုနှစ် ဧပြီလကမှ စတင်ရောင်းချခဲ့တာပါ။ ယခုတော့ OnePlus Two အမည်ရ စမတ်ဖုန်းကို ရောင်းချရန် ပြင်ဆင်နေပြီး သူက ယခု လက်ရှိ ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်းများထက် သာမှာ ဖြစ်ကြောင်း ကြွေးကြော်ငြာထားပါတယ်။

ကုမ္ဗဏီဟာ တစ်နှစ်အတွင်း grow ဖြစ်မှု မြန်ဆန်တာကြောင့် ကမ္ဘာ့မီဒီယာများက ချီးကျူးထောပနာ ပြုခဲ့ပါတယ်။ Android OS တစ်ခုတည်း မဟုတ်ပဲ Cyanogen OS, Oxygen OS များကိုပါ အသုံးပြုလာတာ ကြောင့် အနာဂတ်မှာ ကိုယ်ပိုင် OS နဲ့ ရပ်တည်လာမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

OnePlus ဖုန်းတွေကို ဝယ်ချင်ရင် https://oneplus.net/ မှာ လေ့လာကြည့်ပါ။ အဲ့ဖုန်းကို ဝယ်ချင်ရင် အဲ့ဒီဖုန်း ဝယ်ခဲ့သူရဲ့ ထောက်ခံချက် စာ တစ်စောင် လိုအပ်ပါတယ်။ အဲ့ဒီလို နည်းလမ်းနဲ့ ရောင်းခဲ့တာ ၁ သန်းကျော်သွားပြီး ယခုတော့ နောက်ထပ် အခွင့်အရေး တစ်ခု အနေနဲ့ တစ်ပတ်မှာ ၁ ရက် (၂၄ နာရီ) အွန်လိုင်းမှာ ကိုယ်ဟာ တစ်လုံး မှာယူခွင့် အခွင့်အရေးကို စောင့်ယူရတာမျိုးကိုလည်း ပေးအပ်လာပါတယ်။

ဒီတော့ ဖုန်းဟာ ဈေးကွက်မှာ လွယ်တကူ မရနိုင်တာကြောင့် ကိုင်သူ အနေနဲ့ ရှားပါးဖုန်း တစ်လုံး ကို ပိုင်ဆိုင်ထားစေလိုမယ့် ခံစားချက်ကို ရရှိစေမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ သူ့ရဲ့ marketing concept က အဲ့ဒီလို ဖြစ်ပါတယ်။ အန္တရာယ်တော့ များပေမယ့် ကုမ္ဗဏီရဲ့ တန်ဖိုးကော၊ ရောင်းအားကော တက်လာနေတာကြောင့် အသစ်ထွက်မယ့် OnePlus Two ဘယ်လို ဖြစ်မယ်ဆိုတာကို စောင့်ကြည့်လျက် ရှိကြပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...