စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမီး (ဖတ်ဖြစ်အောင်ဖတ်ကြည့်နော်)



စုံတွဲတစ်တွဲသည် မင်္ဂလာဆောင်ပြီးသော နောက်တစ်နေ့တွင် အေးအေးဆေးဆေး နေလို၍ မည်သူ့ဖက်က ဆွေမျိုးမိတ်ဆွေ လာသည်ဖြစ်စေ အိမ်တံခါး ဖွင့်မပေးရန်သဘောတူထားကြသည်

နောက်နေ့နံနက်စာ စားနေကြစဉ် အမျိုးသား၏ ဖခင်နှင့် မိခင်တို့ ရောက်လာကြပြီး အိမ်တံ့ခါး လာခေါက်ကြသည်။
အမျိုးသားက အိမ်တံခါးဖွင့်ပေးလိုသော်လည်း သဘောတူညီချက်ကို မဖောက်ဖျက်လိုသဖြင့် ဖွင့်မပေးလိုက်။ မိဘများ ပြန်သွားကြရသည်။

မကြာမီ အမျိုးသမီး၏ မိဘများ ရောက်လာပြီး တံခါးလာခေါက်သည်။ သဘောတူညီချက်ရှိနေ၍ တံခါးဖွင့်မပေးဘဲ နေကြသည်။ သို့သော် မကြာပါ အမျိုးသမီး၏ ပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာသည်။ ဤသည်ကို ပူပူနွေးနွေး လက်ထပ်ပြီးကာစ ယောကျာ်းဖြစ်သူက မနေနိုင်တော့၊
ထို့ကြောင့် တံခါးဖွင့်စေပြီး ဝင်ခွင့်ပြုလိုက်သည်။

နှစ်တွေကြာပြီးနောက် ထိုစုံတွဲတွင် သားလေး ၂ ယောက်မွေးဖွားခဲ့ပြီး တတိယမြောက်ရင်သွေးအဖြစ် သမီးလေးတစ်ဦးပင် ထပ်၍ မွေးဖွားခဲ့လေသည်။ သမီးလေးမွေးပြီး တစ်လပြည့်အထိမ်းအမှတ်ကို ဆွေမျိုးညာတိကာများအားဖိတ်ပြီး စည်ကားစွာ ကျင်းပနေချိန်ဖြစ်သည်။

ဆွေမျိုးမိတ်ဆွေများက တစ်လပြည့်မွေးနေ့ ကျင်းပနေစဉ်မှာပင် တညီတညွတ်တည်း မေးခွန်းတစ်ခုကို မေးလာကြသည်။

“နေပါဦး၊ အရင် သားနှစ်ယောက်တုန်းကတော့ ဘာမွေးနေ့ အထိမ်းအမှတ်မှ လုပ်မပေးဘဲ အခု သမီးလေးမွေးမှ လုပ်ပေးတယ်ဆိုတော့ သားတွေထက် သမီးကို ပိုချစ်လို့လား”
“မဟုတ်ပါဘူး၊ အတူတူဘဲ ချစ်ပါတယ်။ ဒါပေမယ့် သမီးက ကျုပ်တို့ကို တံခါးလာဖွင့်ပေးမယ့်သူပါ။

(သားဖြစ်သူသည် မိဘကို မသိတတ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ တခါတရံ ဖြစ်လေ့ရှိသော ကျားနှင့်မ စိတ်နေစိတ်ထား မတူညီမှုကို တင်ပြလိုခြင်းဖြစ်ပါသည်)

စံ(ဘူမိဗေဒ)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...