စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်တွေ့လောကမှာ တကယ်သေသွားနိုင်တဲ့ အက်ရှင်ဟီးရိုးများ


လူအများစု ကြိုက်နှစ်သက်ကြတဲ့ အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်တွေက ဟီးရိုး(မင်းသား) တွေဟာ ရုပ်ရှင်ထဲမှာ ကြုံတွေ့သလိုမျိုး ဒဏ်ရာနဲ့ မတော်တဆမှုတွေ တွေ့ကြုံခဲ့မယ်ဆိုရင် သေရာပါလောက်ပါတဲ့
ရောဂါမျိုးနဲ့ အချိန်တိုအတွင်းမှာပဲ အသက်ဆုံးရှုံးရဖို့ ရှိတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တွက်ချက်ပြခဲ့ပါတယ်။

စာရေးဆရာ အီယန်ဖလဲမင်း ဖန်တီးထားတဲ့ အထူးအေးဂျင့် ဂျိမ်းစ်ဘွန်းဇာတ်ကောင် ပါဝင်တဲ့ ၂၃ ကားမြောက် ဇာတ်ကား Skyfall မှာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ စကော့တစ်ရှ်မင်းသား
ဒယ်နီရယ်ခရိတ်ဟာ ဇာတ်ကားစလို့ ခုနှစ်မိနစ်အကြာမှာပဲ ယူရေနီယံ သတ္ထုနဲ့ ပြုလုပ်ထားတဲ့ ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားခရိတ် ဒီကျည်ဆံကြောင့် သေကံမရောက်ခဲ့ပေမယ့်
အပြင်လက်တွေ့ကမ္ဘာမှာ ဒီလိုကျည်ဆန် ထိမှန်ခဲ့မယ်ဆိုရင် အဆုတ် ထုတ်ချင်းပေါက်ပြီး မိနစ်ပိုင်းအတွင်းမှာ သေဆုံးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့တာပါ။ 


ယူရေနီယံ ကျည်ဆန်ဆိုတာက
တင့်ကားကိုတောင် ဖောက်ထွင်းနိုင်တဲ့ ကျည်ဆန်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Die Hard ဇာတ်ကားမှာ သတ္တိပြောင်မြောက်လှတဲ့ စုံထောက် ဂျွန်မက်ကလိန်းအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား
ဘရုစ်ဝီလီဆိုရင်လည်း အပြင်မှာသာ ဒီလိုခက်ခဲ ကြမ်းတမ်းမှုမျိုး ကြုံခဲ့မယ်ဆိုရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီဇာတ်ကားမှာ မက်ကလိန်း ဟာ တစ်ယောက်တည်း နေထိုင်သူဖြစ်လို့
ဇာတ်ကားရဲ့ သုံးပုံတစ်ပုံမှာတင်မှာ စင်ပေါ်က ပြုတ်ကျပြီး ဇီဝိန် ချုပ်သွားနိုင်ပါတယ်။

ထူးခြားတာကတော့ မက်ကလိန်းဇာတ်ကောင် ပါဝင်တဲ့ Die Hard ဇာတ်ကားကို လေးကားမြောက် အဖြစ် မရိုက်ကူးတော့ဘူး ဆိုတာပါပဲ။ Skyfall ဇာတ်ကားမှာ မင်းသားခရိတ်ဟာ ရထားပေါ်ကို ခုန်ချတဲ့
အခန်းပါဝင်ပြီး ဒီလို အရှိန်နဲ့ အပြင်မှာ တကယ်ခုန်ချခဲ့မယ်ဆိုရင် နဗ်ကျောရိုးမကြီး ထိခိုက်မှုနဲ့ တစ်သက်လုံး အောက်ပိုင်း သေသွားနိုင်ပါတယ်။ မင်းသား ခရိတ်အနေနဲ့ ယူရေနီယံ ကျည်ဆန်ကို
ဇာတ်ကားမှာ ဖယ်ထုတ်ပြခဲ့ပေမယ့် အပြင်မှာဆိုရင်တော့ ကျည်ဆန်ထုတ်လိုက်လို့ မသေဘူးဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ Castaway ဇာတ်ကားမှာ မင်းသားတွမ်ဟန့်ဟာ
လေယာဉ်ပျက်ကျ ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း လေးနှစ်လောက် နေထိုင်ပြီး အိမ်ကို ပြန်လာနိုင်သူ အဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ်တကယ်မှာတော့
လေယာဉ်ပျက်ကျခဲ့မယ်ဆိုရင် မင်းသားတွမ်ဟန့် အနေနဲ့ ရေထဲကို ကျဖို့ ရာခိုင်နူန်းနည်းပြီး လေယာဉ်ပျက်ကျမှုမှာပဲ သေဆုံးဖို့ ၇၆ ရာခိုင်နူန်းရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့ပါတယ်။

PlanetMyanmar


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...