စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုပ်ရင့်ပေမယ့် အသဲနုတဲ့ အဖွား-အမျိုးသမီးငယ် ကွယ်လွန်





အဖွား-အမျိုးသမီးငယ်လို့ ဆိုရတဲ့ အကြောင်းကတော့ သူမဟာ အသက် ၁၀၀ ကျော်တဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး အသက်အရွယ် အစစ်အမှန်ကတော့ ၁၇ နှစ် သာ ရှိတာကြောင့် ဖြစ်ပါတယ်။ သူမ နာမည်က Hayley Okines လို့ခေါ်ပြီး ယခုရက်ပိုင်းမှာတင် ကွယ်လွန်သွားပါပြီ။ မကွယ်လွန်ခင် စာအုပ် ၂ အုပ် ရေးသား နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရဲ့ သနားကြင်နာမှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသူလေး Hayley Okines ဟာ လူတွေမှာ အဖြစ်ရှားတဲ့ progeria လို့ခေါ်တဲ့ အရွယ်မတန်ခင် အိုမင်းခြင်း ရောဂါကို ခံစားရပါတယ်။ သူမရဲ့ အသက်နဲ့ ခန္ဓာကိုယ် အသက်ဟာ ၆ ဆ နီးပါးလောက်အထိ ကွာနေပြီ။ အသက် ၁၇ နှစ်မှာ ခန္ဓာကိုယ်က အသက် ၁၀၀ ကျော်နေပါပြီ။ ဒါကြောင့်မို့ လူကြီးတွေမှာ အဖြစ်များတဲ့ ရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရ ပါတယ်။ သာမန် လူငယ်တွေလိုလဲ မဆော့နိုင်ပါဘူး။ အဖွားကြီး တစ်ယောက်လိုပဲ မကျန်းမာ နေခဲ့ရခြင်း ဖြစ်ပါတယ်။ သူမဟာ အသက် ၁၄ နှစ်ကတည်းက သေနိုင်ချေ ရှိတယ်လို့ ဆရာဝန်များက ခန့်မှန်း ခဲ့ပေမယ့် မလျော့သောသ ဇွဲကြောင့် ၁၇ နှစ် အထိ နေနိုင်ခဲ့ ပါတယ်။

အရပ်ကလည်း ပုပြီး လူကောင်း သေးသေးလေး ဖြစ်နေပါတယ်။ ဆံပင်လည်း မရှိပါဘူး။ ဆံပင်အတုနဲ့ ကျောင်းသွားတော့ ဆရာမနဲ့ ကျောင်းနေဖက်များရဲ့ ကဲ့ရဲ့ခြင်းကို ခံခဲ့ရပါတယ်။ သူမရဲ့ မိဘ အနေနဲ့လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးပြီး ပြုစုပေးခဲ့ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ ဘဝကို ထင်ဟက်စေတဲ့ စာအုပ်များ ရေးသားပြီး ကမ္ဘာတစ်ဝန်းမှ မကျန်းမမာလူနဲ့ အင်္ဂါချို့တဲ့ သူများအတွက် အားဆေး ဖြစ်စေခဲ့ပါတယ်။ Hayley Okines ကွယ်လွန်သွားပေမယ့် သူမရဲ့ ဖောင်ဒေးရှင်းက ဆက်ရှိနေပြီး အလှူအဒါန်းများ ပြုလုပ်မှာ ဖြစ်ပါတယ်။
.
Ref: mirror
အောင်ခမ်း (ရိုးရာလေ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...