စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပင်လယ်ပြာမှ . . .အတွေးတစ်ခု



တစ်နေ့သ၌ ကျွန်ုပ်နှင့် အကိုကြီး တစ်ဦး အပါအဝင် မိတ်ဆွေများသည် မြန်မာပြည်၏ နာမည်ကျော်လှသော ကမ်းခြေများဖြစ်သည့် ချောင်းသာ ငွေဆောင်တို့ကို ကျော်ဖြတ်လျက် အဆိုပါ ကမ်းခြေများထက် လှပသော ကမ်းခြေ တစ်ခုသို့ ထွက်လာရာ ကားလမ်း မပေါက်သဖြင့် စက်လှေ ဆိုင်ကယ်တိုဖြင့် ပင်ပန်းကြီးစွာ ခရီးနှင်ရလေ၏။

သို့သော်လည်း လွန်စွာ လှပသော ကမ်းခြေကို တွေ့ရရာ အမောပြေလှသည်ဖြစ်၍ ရေဆင်းကူးကြလေ၏။ လူများသော ကမ်းခြေများကဲ့သို့ မဟုတ်ဘဲ ငြိမ်းချမ်း အေးမြလှသည့် ကမ်းခြေ သစ်ကြောင့် ပင်ပန်းနေသမျှ အေးချမ်းသွားလေ၏။ မြန်မာ့ ကမ်းရိုးတန်းက တန်ဖိုးကြီးပေသည်။ ကျွန်ုပ်တို့လည်း ညနေစောင်းပြီ ဖြစ်သဖြင့် တည်းခိုရာသို့ ပြန်ကြလေ၏။ ကမ်းခြေ တစ်နေရာတွင် လေညင်းခံရင်း အလွန် အေးချမ်းလှပသော ကမ်းခြေရှိ သဘဝ ကျောက်ဆောင်တွင် ရေလုပ်သားများ ဝိုင်းဖွဲ့၍ တစ်နေ့တာ ငါးဖမ်းရင်း ပင်ပန်းနေသမျှကို ယမကာဖြင့် ဖြေဖျောက်နေကြသည် ကိုတွေ့ရလေသည်၊၊ တည်းခိုရာသို့ ပြန်ရောက်သည့် အခါ ထိုအကြောင်းကို ပြောရင်းဖြင့် အတွေးလေးများ ပေါ်လာရာ ဆွေနွေးဖြစ်လေတော့သည်။

မိတ်ဆွေ တစ်ဦးက တို့များမှာဖြင့် တစ်နှစ်တာ ဝင်ငွေကို စုလို့ မိုင် ရာချီဝေးတဲ့ ဆီကနေ နေရောညပါ အပင်ပန်းခံပြီးမှ ဒီလို ကမ်းခြေကို လာရတယ် သူတို့မှာကတော့ ကောင်းလိုက်တာ အလုပ်နားချိန် နေဝင်ချိန်မှာ အလွန်လှပတဲ့ ပင်လယ် ကမ်းခြေမှာ နေလုံး နီနီ နေ၀င်ချိန်ကို ကြည့်ရင်း ဘဝ အမောဖြေနိုင်လိုက်တာ သူတို့ကံကလည်း တယ်ထူးပေသကိုဟု မိတ်ဆွေ တစ်ဦးက ပြောပြနေလေ၏။ ကျန်မိတ်ဆွေ တစ်ဦးကလည်း ကျွန်ုပ်တို့ သိန်းချီသော ငွေဖြင့် မိုင် ရာချီ ဝေးသော နေရာသို့ လာရောက် အပန်းဖြေသည်မှာ တစ်ရက် နှစ်ရက်သာ ဖြစ်ကြောင်း သူတို့က ဘဝဖြစ်ကြောင်း ထောက်ခံလိုက်သေး၏။

မိတ်ဆွေ တစ်ဦးကမူ ထို အလုပ်နားချိန် အပန်းဖြေနေသော ရေလုပ်သားများသည် ထိုဒေသတွင် မွေးဖွားသူများ ဖြစ်ပြီး စားဝတ်နေရေး အတွက် ပင်လယ်ပြင်သို့ အသက်ကို အရင်းတည်လို့ ပင်ပန်းစွာ လုပ်ကိုင်ရသူ ဖြစ်ရာ ယခုကဲ့သို့ အလွန် လှပသော ကမ်းခြေတွင် အပန်းဖြေနေသည် ဆိုသော ကိစ္စကို သူ့နှလုံးသားက ခံစားနေမည် မဟုတ်ဘဲ သူ့ဘဝ၏ အဆင်မပြေသည်များကို တောအရက်ကြမ်းဖြင့် ဖြေဖျောက် နေခြင်းသာ ဖြစ်ကြောင်း သူ့အတွေးတွင် ကျွန်ုပ်တို့ ငွေကုန် အချိန်ကုန်ခံ လာရောက်ရသော ပင်လယ် ကမ်းခြေ အလှနှင့် နေဝင် ဆည်းဆာကို ခံစားနေခြင်း လုံးဝ မဟုတ်ကြောင်း ပြောပြနေပြန်ပါသည်။

လောကတွင် လူတို့သည် ရသည်ကို မလို လိုသည်ကိုလည်း မရတတ်သော သဘောတရားတို့ ရှိသဖြင့် ကျွန်ုပ်တို့က ကမ်းခြေ အလှအပကို ခံစားသော်လည်း သူတို့ရင်တွင် ယခု ကမ်းခြေမှ ထွက်ပြေးချင်နေသူများလည်း ဖြစ်ချင် ဖြစ်မည် ဖြစ်သည်။ လူဘဝ၏ အခြေအနေသည် မိမိ ခံယူသော ခံယူချက်နှင့် မိမိ၏ လက်ရှိ ဘဝ အပေါ်တွင် ကြေနပ် လက်ခံနိုင်ပါက ကြေနပ်စရာများပင် ဖြစ်သည်။ လူသည် မိမိဘဝကို မိမိ မကြေနပ်နိုင်သော သက်ရှိဖြစ်ရာ အစစ အရာရာကို ကြေနပ်နိုင်ရန် ခက်ခဲလှကြောင်း တစ်ဦးက ရှင်းပြနေလေ၏။ လူတိုင်း အတွေးမတူ သကဲ့သို့ လက်ခံမှု့လည်း တူညီမည်တော့ မဟုတ်ပေ။

ကျွန်ုပ်တို့လည်း ပင်လယ်ကမ်းခြေ တစ်လျောက် ခရီးကြမ်း သွားထားသည် ဖြစ်သောကြောင့် များစွာ ပင်ပန်းလှသည်ဖြစ်ရာ ညစာ စားသောက်ပြီး စောစောအိပ်မည် ဖြစ်သဖြင့် စကားပြောနေသော ထိုင်ခံမှ ထ၍ ကိုယ့်အခန်းကို ထွက်ခွာလာကြတော့သည်။

Lazy Cat (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...