စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိက္ခာရှိသော ချစ်ခြင်းတရား


ချစ်သူတွေကြားမှာ တကယ်တမ်းချစ်ခင်ကြင်နာပြီဆိုရင် မာနတွေ ရှိဖို့ မလိုပါဘူး။ သို့ သော် သိက္ခာတရားလေးတော့
ကိုယ်စီကပ်ထားကြပါ။ အချစ်မှာ သိက္ခာရှိဖို့ တော့လိုပါတယ်။

အချစ်ဟာ အတ္တမပါ၊ သူ့ ချည်းဆို မေတ္တာသဘောမျှ သာသာပါပဲ။ အချစ်ကို အတ္တနဲ့ ပေါင်းလိုက်တဲ့အခါမှသာ တဏှာ
ဆိုတာ ဖြစ်သွားပါတော့တယ်။ ကိလေသာ၊ တဏှာနဲ့ ဖက်ရင်တော့ အကုသိုလ် ဖြစ်သွားပြီပေါ့။

မေတ္တာသက်သက်လောက် ပကတိအေးငြိမ်းတဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ရင် အချစ်ဟာ ကောင်းကျိုးကို ဖြစ်စေပါတယ်။ ဒါ
ကြောင့် ကောင်းကျိုးရှိအောင် ချစ်တတ်ဖို့ လိုပါတယ်။ ဒါမှ လူတွေက အချစ်ကြောင့် အသက်ရှင်တဲ့ အခါ လူ့ လောက
လှပမှာပေါ့။

သူ့ အချစ်ကြောင့် ကိုယ်ပူလောင်ရတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်အချစ်ကြောင့်သာ ကိုယ်က ပူလောင်တာပါ။ သူပေးတဲ့
အရာကို ကိုယ်မယူရင် သူပဲ ပြန်ယူသွားရမှာပဲ။ အချစ်ဆိုတာလည်း ဒီသဘောပါ။ သူက ဘယ်လောက်ချစ်ချစ် ကိုယ်ပြန်
မချစ်ဘဲ နေကြည့်ပါလား၊ ကိုယ်က အနေသာကြီးပါ။

ကိုယ်က သူ့ ကိုမုန်းလို့  သူ့ အသိုင်းဝိုင်း၊ သူ့ အလုပ်အားလုံး မုန်းတယ်ဆိုတာဟာ ချစ်စကတည်းက တဏှာ၊ ရာဂ တွေ
နဲ့ ချစ်ခဲ့လို့ ပါ။ ဒါကြောင့် မရလိုက်လို့  ပျင်းစွာ ပူလောင်နေတာပေါ့။ ချစ်စမှာ သန့် စင်ပြီး မေတ္တာနှောတဲ့ ချစ်ခြင်းနဲ့ သာ
ချစ်ခဲ့ရင် ကိုယ်ဟာ ဘယ်အရာကို မြင်မြင် လှမြဲလှ၊ အေးမြဲအေးနေမှာပါပဲ။

ဒါ့ကြောင့်လည်း ချစ်ကြတဲ့ အခါ သူ့ သိက္ခာ၊ ကိုယ့် သိက္ခာဆိုတဲ့ နားလည်မှု သဘောလေးတွေ၊ မေတ္တာတရား သဘော
လေးတွေနဲ့  ချစ်သူဘ၀ကို တည်ဆောက်ကြပါလို့ အကြံပေးချင်ပါတယ်။

True Man

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...