စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်ခွင်ဝင်နေသူတွေရဲ. ရှောင်ရန်၊ ဆောင်ရန် !!!

                               
နံပါတ် (၁)
လုပ်ဆောင်သင့်တာ - တရားထိုင်ပါ။ တစ်နေ.အနည်းဆုံး နာရီဝက်လောက်တရားထိုင်၊ တရားမှတ်တတ်တဲ့သူတွေက အာရုံစူးစမ်းမှုအားပိုကောင်းတယ်လို. လေ့လာတွေ.ရှိသူတွေကပြောပါတယ်။
ရှောင်ရမယ့်အရာ - ညအိပ်ရေးပျက်မခံပါနဲ.။ အာရုံစူးစိုက်နိုင်စွမ်းတွေကိုလျော့ကျစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက အကောင်းဆုံးလန်းဆန်းတက်ကြွမှုကိုပေးပါတယ်။

နံပါတ် (၂)
လုပ်ဆောင်သင့်တာ - အသစ်အသစ်တွေကိုစူးစမ်းလေ့လာပါ။ အတွေးသစ်အမြင်သစ်တွေတွေးခေါ်ကြည့်ပါ။ သီချင်းအမျိုးအစား၊ အစားအသောက်ကအစ မတူတာတွေလေးတွေကိုခံစားလေ့လာကြည့်ပါ။
ရှောင်ရမယ့်အရာ - ဥာဏ်သုံးစဉ်းစားရတဲ့ အလုပ်တွေကို ရှောင်ပြေးတာမျိုး မလုပ်ပါနဲ.။ အချိန်နဲ. စွမ်းအင်ခွန်အားတွေကို အကျိုးရှိရှိ အသုံးချဖို.လည်းလိုပါတယ်။ ဥာဏ်ရည်ဥာဏ်သွေး ကျမသွားအောင် အမြဲလိုစဉ်းစားတွေးခေါ်နေဖို.လည်းလိုပါတယ်။

နံပါတ် (၃)
လုပ်ဆောင်သင့်တာ - ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူက ဥာဏ်ရည်ဥာဏ်သွေးကို အသုံးပြုပြီးအလုပ်ပိုလုပ်ပါတယ်။ အောင်မြင်ချင်၊ လုပ်ကိုင်ချင်တာတွေများတဲ့အတွက် ပိုကြိုးစား လာပါတယ်။ တော်ရုံနဲ. အလျော့မပေးတော့ပါဘူး။
ရှောင်ရမယ့်အရာ - တစ်ယောက်တည်း အကောင်အထည်ဖော် လုပ်ဆောင်တာမျိုးမလုပ်ပါနဲ.။ ကိုယ့်ဘာသာတစ်ယောက်တည်း စဉ်းစားတွေးတောပြီး ပြသနာတွေကိုလည်းတစ်ယောက်တည်း အတင်းဖြေရှင်းနေတာမျိုးမလုပ်ပါနဲ.။ တချို.ပြသနာ၊ အရေးကိစ္စတွေက အသင်းအဖွဲ.ရဲ. အတွေးအမြင် အကူအညီတွေလိုအပ်ပါတယ်။

နံပါတ် (၄)
လုပ်ဆောင်သင့်တာ - သင်ယူပါ။ လူတော်လူတတ်ပညာရှင်ကြီးတွေ တွေးခဲ့၊ လုပ်ခဲ့တာတွေကိုကြည့်ပြီး အဲ့ဒီ့အချက်တွေပေါ်ကနေ ငါဘာတွေလေ့လာသင်ယူလို.ရနိုင်မလဲဆိုတာအမြဲရှာဖွေပါ။
ရှောင်ရမယ့်အရာ - သိုးတစ်ကောင်လိုမကျင့်ကြံပါနဲ.။ တခြားလူတစ်ယောက်လုပ်ကိုင်လို. အဆင်ပြေတာနဲ. သင့်အတွက်လည်းအဆင်ပြေနိုင်မယ်လို.မတွေးပါနဲ.။ အကြံဥာဏ်ယူအတုယူတာနဲ. အတုခိုးပြီးလိုက်လုပ်တာမတူပါဘူး။

နံပါတ် (၅)
လုပ်ဆောင်သင့်တာ - အာရုံစိုက်ပါ။ သေသေချာချာနားထောင်ပါ။ စိတ်ရှည်ရှည်ထားပြီး အမြဲတမ်းလည်းသတိရှိနေပါ။
ရှောင်ရမယ့်အရာ - အဖြေကိုပဲ တန်းမစဉ်းစားပါနဲ.။ ပြသနာအခက်အခဲကိုသေချာ သိနားလည်အောင် ကြိုးစားပါ။ ပြီးမှာဘယ်လိုဖြေရှင်းတာအကောင်းဆုံးဖြစ်မလဲဆုံးဖြတ်ပါ။

နံပါတ် (၆)
လုပ်ဆောင်သင့်တာ - ဖြစ်နိုင်တယ်၊ လုပ်နိုင်တယ်လို.ပဲတွေးပါ။ လက်ခံပါ။ အသစ်အသစ်တွေကို စူးစမ်းအကောင်အထည်ဖော်ပြီး ရလဒ်ကိုလေ့လာပါ။
ရှောင်ရမယ့်အရာ - မဖြစ်နိုင်ဘူးလို.ချည်းပဲ မငြင်းပါနဲ.။ နည်းလမ်းဟောင်းတွေက ရလဒ်အဟောင်းတွေပဲပေးနိုင်ပါလိမ့်မယ်။

နံပါတ် (၇)
လုပ်ဆောင်သင့်တာ - ဆွေးနွေးပါ။ မေးပါဖြေပါ။
ရှောင်ရမယ့်အရာ - ငြင်းခုံရန်ဖြစ်တာမျိုးမလုပ်ပါနဲ.။

နံပါတ် (၈)
လုပ်ဆောင်သင့်တာ - လှုပ်ရှားမှုတွေပြုလုပ်ပါ။ လမ်းလျှောက်နေတဲ့အချိန် ဒါမှမဟုတ် လမ်းလျှောက်ပြီးတဲ့အချိန်မှာဆိုရင် ဦးနှောက်က အကြံဥာဏ်ကောင်းတွေ သာမန်ထက် ၆၀% လောက် ပိုထွက်နိုင်ပါတယ်။
ရှောင်ရမယ့်အရာ - အပျင်းမထူပါနဲ.။ ကိုယ်လိုချင်တဲ့ပန်းတိုင်နဲ. အောင်မြင်မှုကိုရအောင် အချိန်နဲ.ခွန်အားတွေကို အမြဲတမ်း အသုံးချနိုင်အောင်ကြိုးစားပါ။

Wilson Chan (YK)

Credit : Pinterest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...